Thursday, August 9, 2012

အချိုးကျကိုယ်စားပြုစနစ်နှင့် ပတ်သက်၍ အမြင်ကွဲပြားမှုများ ပေါ်ထွက်လာ

From - မြန်မာ့တိုင်းမ်
နိုင်ငံရေးပါတီ များကြား အမြင်ကွဲပြားမှု များဖြစ်ပေါ်စေသော လက်ရှိ ကျင့်သုံး နေသည့် မဲအများဆုံးရရှိသူတစ်ဦးသာ ကိုယ်စားလှယ် ဖြစ်သည့်စနစ်မှ အချိုးကျ ကိုယ်စားပြုစနစ်သို့ ပြောင်းလဲရန် ဒီမို ကရေစီ မိတ်ဆွေ ၁၀ ပါတီက ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ယခုလ ၂၇ ရက်က တင်ပြခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံ၏ အမြင့်ဆုံး ဥပဒေပြု အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက် တင်ပြပေးမည်ဟု ပြောသည်။"ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်အနေနဲ့ ယခုတွေ့ဆုံပွဲက ရရှိတဲ့ ရလဒ်ကို အကောင်းဆုံးစဉ်းစားသုံးသပ် ပြီး လိုအပ်သလို
ဆုံးဖြတ်ဆောင်ရွက် နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက် တင်ပြပေးမှာဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ အမြင့်ဆုံးဥပဒေပြု အဖွဲ့ အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် က ဆုံးဖြတ်အတည်ပြုဥပဒေ ပြုပြီးတဲ့ အခါ ကော်မရှင်က လိုအပ်သလို ဆက် လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဦးတင်အေးက ပြောသည်။
အချိုးကျကိုယ်စားပြု စနစ်အရ အနိုင် ရသူကို မဲပေးလိုက်ကြသူများသည်သာ လက်တွေ့တွင် ကိုယ်စားပြုခြင်းခံရပြီး ကျန်မဲဆန္ဒရှင် များမှာ ကိုယ်စားမပြုဘဲ ချန်ထားခံရသည်ဟု ခံစားရခြင်း၊ လွှတ် တော်တွင် ပြည်သူလူထု၏ ဆန္ဒ သဘော ထားကို တိကျမှန်ကန်စွာ ထင်ဟပ် ဖော်ပြ နိုင်မှုမရှိခြင်း၊ အချိုးမညီသည့် ကိုယ်စားပြုမှုဖြစ်ပွားရခြင်းတို့ပေါ်ပေါက်ခဲ့ရသည် ဟု အဆိုပါ ၁၀ ပါတီ၏ ဇွန်လ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"အချိုးကျကိုယ်စားပြုစနစ်က ပါတီ ငယ်တွေ၊ တစ်သီးပုဂ္ဂလိကအမတ် လောင်းတွေကိုပါ လွှတ်တော်ထဲ ရောက် လာစေမယ်။ ပါတီစုံစနစ်ကို အပြည့် အ၀ ဖြစ်လာစေမယ်"ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
ထို့ကြောင့် လာမည့်ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် ခေတ်မီပြီး တရား မျှတသည့် အချိုးကျဒီမိုကရေစီစနစ် သို့မဟုတ် စနစ်နှစ်ခုစလုံးမှ ကောင်းမွန် သည့်အချက်များကို ပေါင်းစပ်ကျင့်သုံး သည့် ကိုယ်စားလှယ်နှော အချိုးကျစနစ် (Mixed Member Proportional Representation System) ကို ကျင့်သုံး နိုင်ရန် ကြိုးပမ်းသွားမည်ဟု ကြေညာ ချက်တွင် ဖော်ပြထားသည်။
အချိုးကျကိုယ်စားပြု စနစ်ကျင့်သုံးမည် ဆိုရာ၌ အမျိုးမျိုးရှိသည့်အနက် မည် သည့်စနစ်ကို အသုံးပြုမည်ကို မသိရှိ သည့်အတွက် ကောင်းသည်၊ ဆိုးသည် ဝေဖန်ရန်နှင့် ထောက်ခံရန်၊ ကန့်ကွက် ရန်စောသေးပြီး လေ့လာနေဆဲ ဖြစ်သည် ဟု ပြည်ထောင်စုလွှတ်တော်တွင် အင်အားအကြီးမားဆုံးပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
"ကောင်းတာတွေလည်း အများကြီး ပဲ။ အားနည်းချက်တွေလည်း အများ ကြီးပဲ။ ဘာ PR (အချိုးကျကိုယ်စားပြု) စနစ်မှန်းမသိတဲ့အတွက် ဝေဖန်ဖို့ ခက် ပါတယ်"ဟု ၎င်းက ပြောသည်။
မဲအများဆုံးရရှိသူတစ်ဦးသာ ကိုယ် စားလှယ်ဖြစ်သည့်စနစ်မှ အချိုးကျ ကိုယ်စားပြုစနစ်သို့ ကူးပြောင်းပါက နိုင်ငံအနှံ့အပြား ၀င်ရောက်ယှဉ်ပြိုင်နိုင် သည့်ပါတီကြီးများသာ အသာစီးရနိုင် ပြီး ပါတီငယ်များအနေဖြင့် အကျိုးမများ နိုင်ဟု ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယအင်အားအကြီးဆုံးဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့် ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
"သူတို့ (ဒီမိုကရေစီ ၁၀ ပါတီ)ဘယ် လို ဆွေးနွေးတယ်ဆိုတာ မသိရပါဘူး။ အခုနေအပြတ်ပြောလို့ မရသေးပါဘူး" ဟု ၎င်းက ပြောသည်။
အချိုးကျ ကိုယ်စားပြုစနစ်သည်မဲပေး မည့်မဲဆန္ဒရှင်များအား မဲပေးမှုပုံစံရှုပ် ထွေးစေမည်မဟုတ်ဟု ဦးခင်မောင်ဆွေ က ပြောကြားသော်လည်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကမူ မဲပေးမှု အတွေ့အကြုံ တစ်နှစ်ခွဲသာရှိပြီး လက်ရှိကျင့်သုံးနေ သည့် ရွေးကောက်ပွဲစနစ်ကိုပင် နား မလည်သေးသည့် မဲဆန္ဒရှင်များရှိနေ သေးသည့်အတွက် ပြောင်းလဲမှုကို လက်မခံနိုင်ဟု ပြောသည်။
"ရှုပ်ထွေးမှာကတော့ သေချာတာ ပေါ့။ လက်ရှိမဲပေးပုံစနစ်ကိုတောင် နား မလည်သူ မဲဆန္ဒရှင်တွေ အများကြီးရှိ နေတာဗျာ" ပြည်သူ့ခေတ်ဂျာနယ် အယ် ဒီတာချုပ် ဦးဖေမြင့်က ပြောသည်။
"တိုင်းရင်းသားတွေ အထိနာမယ်ဆို ရင်တော့ ကျွန်တော်တို့က ကန့်ကွက်သွား မှာပါ"ဟု ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
မဲအများဆုံးရရှိသူတစ်ဦးသာ ကိုယ် စားလှယ်ဖြစ်သည့်စနစ်မှ အချိုးကျ ကိုယ်စားပြုစနစ်သို့ ပြောင်းလဲပါက နိုင်ငံရေးအပေါ်တွင် အခြေမခံဘဲ ဘာ သာရေး၊ လူမျိုးရေး၊ Interest စသည် တို့အပေါ်တွင် အခြေခံသည့် ပါတီများ ဖွဲ့စည်းလာပါက တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ထိခိုက်စေနိုင်သည်ဟု ဦးဖေမြင့်ကပြောသည်။
"ပါတီမရှိသေးတဲ့ လူမျိုးစုတွေ၊ လူ ဦးရေနည်းတဲ့ လူမျိုးစုတွေကလည်း ပါတီထောင်လာကြမယ်။ ဘာသာရေး ကိုအခြေခံပြီး လူနည်းစုဘာသာဝင် တွေကလည်း ကိုယ်စားပြုခံရဖို့ကြိုး စားမယ်ဆိုရင် လူအများစုကလည်း ဘာသာရေးကို အခြေခံပြီးစဉ်းစားကြရင် မလိုလားအပ်ဘဲ ကွဲပြဲမှုတွေ ဖြစ်နိုင်ပါ တယ်" ဟု ၎င်းက သုံးသပ်သည်။
"ရခိုင်လိုနေရာမျိုးမှာ ဒီစနစ်က ပြဿ နာရှိနိုင်တယ်။ သီအိုရီသဘောကိုက အချိုးကျကိုယ်စားပြုစနစ်ရဲ့ အားနည်း ချက်က အစွန်းရောက်ပါတီတွေ လွှတ် တော်မှာ နေရာရသွားနိုင်တယ်။ ရခိုင် မှာ အစွန်းရောက်ပါတီတစ်ခုပေါ်လာ ရင် ပြဿနာရှိနိုင်တယ်"ဟု The Wave မဂ္ဂဇင်းအယ်ဒီတာ ဦးကျော်ဝင်းက ပြောကြားသည်။
"ဒီဟာက တော်တော်အရေးကြီး တယ်။ အဲဒီလိုပြောလို့ ကျွန်တော်ဒီ စနစ်ကို ဆန့်ကျင်တာမဟုတ်ဘူး။ ဒီ စနစ်က ရေရှည်မှာ မြန်မာပြည်နဲ့ကိုက် နိုင်တယ်။ ရေရှည်မှာ အကောင်အ ထည်ဖော်လို့ရနိုင်မယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ စဉ်းစားစရာ တွေရှိတယ်" ဟု ၎င်းက ပြောသည်။
"ရွေးကောက်ပွဲစနစ်က ဘာအတွက် ပြောင်းချင်တာလဲ။ ဘယ်သူ့အကျိုး အတွက် ပြောင်းချင်တာလဲ။ စဉ်းစား ဖို့လိုပါတယ်"ဟု ဦးဖေမြင့်က မေးခွန်း ထုတ်လိုက်သည်။

No comments:

Post a Comment