Friday, August 24, 2012

မြန်မာမူဆလင်များကို အိန္ဒိယ ကက်သျှမီး ခွဲထွက်များက ဖိတ်ခေါ်

 နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံမှ မူဆလင်များအတွက် ခိုလှုံရန်နေရာ ပေးမည်ဟု အိန္ဒိယနိုင်ငံြေ မာက် ပိုင်းဂျမူးနှင့်ကက်သျှမီးယား Jammu & Kashmir ပြည်နယ်ရှိ ခွဲထွက်ရေးဝါဒီ မူဆလင် အမျိုးသမီး အဖွဲ့က ပြောဆိုလိုက် သည်။“သူတို့ ကက်ရှ်မီးယားကိုသာ လာပါစေ။ သူတို့အတွက် ကျမတို့ရဲ့ အိမ်တွေကို ဖွင့်ပေးထားမှာပါ” ဟု Dukhtaran-e-Milat (ယုံကြည်မှု၏ သမီးပျိုများ) အဖွဲ့ ခေါင်းဆောင် Asiya Andrabi အား ကိုးကား၍ ဟိန္ဒူစတန်တိုင်းမ် သတင်းစာကြီးတွင် ရေးသားထားသည်။


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်တို့အတွင်း မူဆလင်များအပေါ် အကြမ်းဖက် သတ်ဖြတ်မှု များအား ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြပွဲတခုကို အိန္ဒိယ-ပါကစ္စတန် နယ်စပ်မြို့ဖြစ်သည့် ဆရီနဂါးမြို့တွင် ထိုအမျိုးသမီး အဖွဲ့က ဦးဆောင်ကျင်းပခဲ့ကြသည်။

သောကြာနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကတ်နေ့ International Day of Quads မှာ ၁၉၇၉ ခုနှစ်မှ စတင်ခဲ့သည့် ပါလက်စတိုင်း လွတ်မြောက်ရေးအား ထောက်ခံပြီး အစ္စရေးနှင့် ဇီယွန်နစ်ဝါဒအား ဆန့်ကျင်သည့် အထိမ်းအမှတ်နေ့လည်း ဖြစ်သည်။

ဇွန်လအတွင်း ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်မခံခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည်ဆိုသော အာသံပြည်နယ်ရှိ မူဆလင်များအား ဒေသခံ တိုင်းရင်းသားများက မလိုလားကြခြင်းများ ဖြစ်နေစဉ် အစ္စလာမ် နိုင်ငံတော် ထူထောင်ရေး ကြိုးပမ်းနေသည့် ထို မူဆလင်အမျိုးသမီးအဖွဲ့က ဖိတ်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးရောက်ရှိလာသည်ဆိုသော ရိုဟင်ဂျာ မူဆလင် ၃၀၀ ခန့်မှာ အိန္ဒိယနိုင်ငံ တောင်ပိုင်း ဘင်္ဂလားပင်လယ်နှင့် နီးသည့် ဟိုက်ဒရာဘတ်မြို့သို့ သြဂုတ် လဆန်းကတည်းက စတင်ရောက်ရှိလာကြသည်။

ထို့ပြင် နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သို့လည်း ဧပြီလကတည်းက
မြန်မာနိုင်ငံမှ ထွက်ပြေးရောက်ရှိလာသည်ဟုဆိုသော မူဆလင် တထောင်ကျော်မှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန်
လျှောက်ထားမှုများ ရှိနေသည်။

No comments:

Post a Comment