Tuesday, August 28, 2012

အမေရိကန်ရောက်၈၈တောခိုကျောင်းသားခေါင်းဆောင် မိုးသီးဇွန်ဦးဆောင်သော (၇)ဦးပါအဖွဲ့ ဗီဇာရ၍ မြန်မာနိုင်ငံသို့ စက်တင်ဘာ(၁)ရက်နေ့ ရန်ကုန်ရောက်မည်။

ကိုမိုးသီးဇွန်ခေါင်းဆောင်သော (၇) ဦးအဖွဲ့အားမြန်မာအစိုးရမှ ဗီဇာပေးလိုက်ပြီဖြစ်၍ စက်တင်ဘာ ၁ရက်နေ့ TG-303ဖြင့် မနက် ၈နာရီ၅၀မိနစ်တွင် ရန်ကုန်လေဆိပ်သို့ရောက်ရှိမည်ဖြစ်သည်။
ထိုအဖွဲ့ တွင် ပါဝင်သောသူများမှ ကိုထွန်းအောင်ကျော်၊ ကိုကိုလေး၊ ကိုမူးသာ၊ ကိုရင်အေး၊ ကိုရွှေစင် နှင့် ကိုကိုအောင်တို့ဖြစ်ကြသည်။
စက်တာဘာလအတွင်းပြည်ပရောက် အတိုက်အခံအဖွဲ့ အစည်း အသီးသီး မှ ပုဂ္ဂိုအချို့လည်း ဗီဇာရရှိထားကြပြီဖြစ်သောကြောင့် လေယာဉ်တစီးတည်း(သို့)ရက်ခြား၍ ရန်ကုန်သို့ရောက်ရှိကြမည်ဖြစ်သည်။
အလည်ပါတ်ခရီးစဉ်ဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေကိုလေ့လာရန်ရောက်ရှိလာကြမည့် ပြည်ပအတိုက်အခံ
အားလုံးကို မြန်မာသမ္မတဦးသိန်းစိန်မှ တရက်တည်းဖြင့်အပြတ်ဖြတ် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

No comments:

Post a Comment