Tuesday, August 28, 2012

KIA အဖွဲ့မှ ဖားကန့်ဒုက္ခသည်များအား ထောက်ပံ့သည့် ဌာနဆိုင်ရာကားအား ဖမ်းဆီး

သြဂုတ်လ(၂၇) ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ် ကြက်ခြေနီတပ်ဖွဲမှ ဖားကန့် ဒုက္ခသည်များ အား ထောက်ပံ့ပေး သည့်ပစ္စည်းများ သယ်ဆောင်လာသည့်ကားအား KIA အဖွဲ့မှ ဖမ်းဆီး ထား ကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီး နားမြို့၊ ပြည်နယ်ကြက်ခြေနီအဖွဲ့မှ ဖားကန့်ဒုက္ခသည်များအတွက် မိုးကာ၊ အ၀တ်အထည်၊ စောင်နဲ့ဆပ်ပြာတောင့်တွေကို သယ်ဆောင်လာတဲ့ကားဟာ နန်ဟိုင်ကျေးရွာ ကို ရောက်ရှိ စဉ်မှာ ကေအိုင်အေအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ၎င်းကားမှာ ပြည်နယ်ကြက်ြေ ခနီတပ်ဖွဲမှ တပ်ခွဲမှူး ဦးငွေစိုးနဲ့ စုစုပေါင်း()ဦး လိုက်ပါသွားခဲ့ပါတယ်။
          ဒါ့အပြင် ကေအိုင်အေ အဖွဲ့တွေဟာ မိုးကောင်းကနေ ဖားကန့်ကိုတက်တဲ့ အတက်ယာဉ်တွေကို ပိတ်ထားပြီး ဖားကန့်ဘက်မှ ဆက်လာတဲ့ ကားတွေကိုသာ ဆင်းခွင့်ပြုထားတယ်လို့ ဖားကန့်ဘက်က ဆင်းလာတဲ့ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment