Wednesday, August 22, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် ဒီမို/ငြိမ်းချမ်းရေးပါတီ သဘောထားထုတ်ပြန်

အမျိုး သား လွှတ်တော်၊ ပြည်သူ့ လွှတ်တော် တို့က တစ် ဖက် နိုင်ငံတ်ာသမ္မတ ကိုယ်စား နိုင်ငံတော် ရှေ့နေချုပ်က တစ်ဖက် အငြင်း ပွားနေသည့် ““လွှတ်တော် အသီး သီးက ဖွဲ့စည်း ထားသည့် ကော်မတီ ကော်မရှင်နှင့် အဖွဲ့ တို့အား ပြည်ထောင်စုအဆင့် အဖွဲ့ အစည်း အဖြစ် ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းရှိမရှိ…”” အငြင်း ပွားမှု တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ၏ (၂၈-၃-၂၀၁၂)ရက်နေ့က
အပြီးသတ်ဆုံးဖြတ်ချက်ချမှတ် ဖြေဆိုမှုကို အကြောင်းပြုလျက် ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ယခု အထိပေါ်ပေါက်ခဲ့၊ ပေါ်ပေါက် နေဆဲ ပြဿနာများ၊ ထိုပြဿနာ များကို ချဉ်းကပ်အဖြေရှာမှုများ နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ဌာနချုပ်တွင် ပါတီဗဟိုအလုပ် အမှုဆောင် အရေးပေါ်အစည်း အဝေးတစ်ရပ် ယနေ့ နေ့လယ်က ကျင်းပဆွေးနွေးကြပြီး သဘော ထားထုတ်ပြန်ကြေညာကြောင်း သတင်းရရှိသည်။
““နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ (၂၈-၃-၂၀၁၂)ရက်နေ့က ချမှတ် သည့် အပြီးသတ်ဆုံးဖြတ်ချက် အပေါ် ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေးပါတီ၏ သဘောထားထုတ် ပြန်ကြေညာချက်”” ခေါင်းစဉ်ဖြင့် (၂၀-၈-၂၀၁၂)ရက်စွဲပါ ၎င်း ကြေညာချက်တွင် အပိုဒ် ၆ ပိုဒ် ပါဝင်ပြီး ဒီမို/ငြိမ်းချမ်းပါတီ အနေဖြင့် (၂၈-၃-၂၀၁၂)ရက်နေ့ နေပြည်တော် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး(စုံညီ)၏ ““လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းမရှိကြောင်း…”” ဖြေဆို ဆုံးဖြတ်ချက်သည် အခြေခံ ဥပဒေနှင့်အညီ ဆုံးဖြတ်ထား သည်ကို တွေ့ရသဖြင့် အလွန် သင့်မြတ်လျော်ကန်ကြောင်း၊ ဆိုခဲ့ပါအငြင်းပွားမှုနှင့် ထိုအငြင်း ပွားမှုအပေါ် ဖွဲ့စည်းပုံခုံရုံးက အပြီးသတ် အဆုံးအဖြတ်ပေးပြီး နောက် ဖြစ်ပေါ်လာခဲ့သည့် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်များ ၏ ဆောင်ရွက်လှုပ်ရှားနေမှုများ၊  နိုင်ငံတော်သမ္မတ၏ သဘော ထားနှင့် ဆောင်ရွက်မှု စသည်တို့ ကို လေ့လာသုံးသပ်ကြည့်မှုအရ ထိုအငြင်းပွားမှုသည့် သာမန်ကိစ္စ တစ်ရပ်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ  ကြီးမားသည့် ပြဿနာအဖြစ် တွေ့မြင်သုံးသပ် ရရှိကြောင်း၊ မိမိတို့ပါတီအနေဖြင့် မူ အဆိုပါခုံရုံး ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ ပါ ပြဋ္ဌာန်းချက်အရ အပြီးအပြတ် အတည်ဖြစ်၍ လွှတ်တော်ကိုယ် စားလှယ်တိုင်း ကျေနပ်သည်ဖြစ် စေ၊ မကျေနပ်သည်ဖြစ်စေ ထို ဆိုင်ရာဥပဒေကို မပြင်သေးသမျှ လိုက်နာရမည်ဖြစ်ကြောင်း၊ သို့ သော် လွှတ်တော်ကိုယ်စားလှယ် တချို့သည် လိုက်နာရန် ပျက် ကွက်နေသည်ကို ၀မ်းနည်းဖွယ် တွေ့ရကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ တော်၊ ပြည်ထောင်စု၊ ပြည်သူ လူထုအကျိုးကို ဗဟိုပြုလျက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီး အရှိန်မပျက်ရေး ကိုသာ သမ္မတ၊ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး၊ လွှတ်တော်အသီးသီးတို့က တသမတ်တည်း ရှေ့ရှုအာရုံပြု ဖြေရှင်းသွားကြပါရန် ဗြဟ္မာစိုရ် မေတ္တာအခြေခံလျက် အလေး အနက် တိုက်တွန်းပါကြောင်း စသည်ဖြင့်  ထည့်သွင်းဖော်ပြ ထားသည်။
From -HotNewsJournal

No comments:

Post a Comment