လက်ရှိအစိုးရက နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးနေတာတွေနဲ့
ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့ အားလုံး လက်ခံနိုင်မယ့် အချက် အလက်တွေကို
ညှိနှိုင်းတိုင်ပင်ခဲ့ကြတယ်လို့ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ဝင် ဦးခွန်ဥက္ကာ ကအာအက်ဖ်အေ ကို ပြောပါတယ်။
"အဓိကတော့ တိုင်းရင်းသားတွေ အားလုံး လက်ခံနိုင်မယ့် ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်ကို ဆွေးနွေးကြတာပါပဲ၊ အက်သနစ် ပီးစ် ပလန် ကို အချောကိုင်တယ်၊
အဲ့ဒါကို ဘယ်လို အကောင်အထည် ဖော်မ လဲဆွေးနွေးတယ်၊ နောက်ပြီးတော့ ဒီ အက်သနစ်
ပီစ် ပလန် ကို နောက်ထပ် တိုင်းရင်းသား လူထု အဓိက အဖွဲ့အစည်းတွေ
အမျိုးသမီးတွေ လူငယ်တွေ ရဲ့ ထောက်ခံမှု ရအောင် ဘယ်လို လုပ်မလဲပေါ့ဗျား။
အဓိက အချက်ကတော့ ငြိမ်းချမ်းရေး လုပ်ထားတဲ့သူရော မလုပ်တဲ့သူရော
ငြိမ်းချမ်းရေးလို့ မခေါ်နိုင်သေးဘူး အခုဟာကတော့ အပစ်အခတ်ရပ်စဲရေး ပဲ
ရှိတာကိုး၊ အပစ်အခတ်ရပ်စဲရေးကနေ တဆင့် နိုင်ငံရေး အရ တွေ့ဆုံ
ဆွေးနွေးနိုင်ဖို့အတွက် ဘယ်လိုလုပ်မလဲပေါ့ အဲ့ဒါတွေ နည်းလမ်းရှာကြတာပေါ့။"
ဒါ့အပြင် အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာခဲ့ရင် တညီတညွတ်ပြောဆိုကြမယ့် ကိစ္စတွေ အတွက် ရှေ့လာမယ့် စက်တင်ဘာလအတွင်း ညီလာခံတစ်ခု ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြကြောင်းနဲ့ အဲဒီညီ လာခံကိုလည်း ချင်းမိုင်မြို့မှာပဲကျင်းပဖို့

အလားအလာများကြောင်း သိရပါတယ်။
No comments:
Post a Comment