Saturday, August 11, 2012

အမေရိကန်အမတ် နဲ့ ၈၈ မျိုးဆက်တွေ့ဆုံ

From- RFA Burmese
 
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာ လူထုအခြေပြု  အဖွဲ့ အစည်းတွေ    ပါဝင် ခွင့်နဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရီပါပလင်ကင် ပါတီ အောက် လွှတ်တော်အမတ် အုပ်ချုပ်မှုဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဌ David Dreier ဦးဆောင်တဲ့အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင်တချို့နဲ့ဒီကနေ့စနေနေ့လည်ပိုင်း မှာတွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

အမေရိကန်ဘက်ကပိတ်ဆို့အရေးယူထားတာတွေကိုပြန်လည်လျော့ချရေးဆိုင်ရာအမေရိကန်လွှတ်တော်ရဲ့ အနေအထားနဲ့ပတ်သက်လို့ အမေရိကန် လွှတ်တော်အမတ်က ရှင်းပြခဲ့သလို လက်ရှိ ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့လည်း မိမိတို့ ဆွေးနွေးခဲ့ကြတယ်လို့ ၈၈မျိုးဆက်ကျောင်း သား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပြုံးချိုကပြောပါတယ်။

အခုခရီးစဉ်မှာ ရီပါပလင်ကင်ပါတီဝင် အောက်လွှတ်တော်အမတ် David Dreierနဲ့အတူ အမေရိကန် လွှတ်တော်ကတာဝန်ရှိသူ (၅)ဦးလည်းလိုက်ပါလာပါတယ်။

ဒီအတော်အတွင်းမှာပဲ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမြအေးနဲ့ ကိုဌေးကြွယ်တို့ဟာ မနက်ဖြန်မှာ ကျင်းပမယ့် ကရင်အာဇာနည်နေ့ အခမ်းအနား ပထမဆုံးအကြိမ် တက်ရောက်ဖို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ကိုရောက်ရှိနေပါတယ်။

No comments:

Post a Comment