တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဦးဆောင်ေ သာ မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး
ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အိန္ဒိယသမ္မတနိုင်ငံ စစ်ဦးစီးချုပ်များကော်မတီ
ဥက္ကဠနှင့် ရေတပ်ဦးစီးချုပ် Asmiral Nirmal
Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက်အရ သြဂုတ် ၁ ရက်မှ ၈ ရက်အထိ
အိန္ဒိယသမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီးလည်ပတ်ခဲ့ပြီး သြဂုတ် ၈ ရက်၊
ညပိုင်းတွင် မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် အိန္ဒိယသမ္မတနိုင်ငံမှ
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်သို့ ပြန်လည်ရောက်ရှိခဲကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့်ဇနီး အမှူးပြုသော တပ်မတော်အရာရှိကြီးများနှင့် ၄င်းတို့၏ ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သောအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ပြန်လည် လိုက်ပါလာခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment