Thursday, August 9, 2012

လိုင် ဇာ အနီး ကျွန်း ကုန်းတွင် ABSDF ကျောင်းသားအဖွဲ့ (၂၄) နှ စ်မြော က် နှစ် ပတ် လည်နေ့ အ ခမ်း အ နားပြု လုပ်

 From -ကချင်နေ့စဉ်သတင်းဝဘ်ဆိုက်


KIA ဗဟိုဌာနချုပ် လိုင်ဇာအ၀င် ကျွန်းတောအနီးကျွန်းကုန်းတွင် ပြီးခဲ့ တဲ့ သြဂုတ်လ(၈)ရက်နေ့ မနက်(၈)နာရီမှာ ABSDF ကျောင်းသားအဖွဲ့ (၂၄) နှစ်မြောက် ရှစ်လေးလုံးနှ စ်ပ တ်လ ည်နေ့ အထိမ်းအမှတ် အခမ်း အနားကို နေ့လည် (၁၂) နာရီ အ ထိ  ပြုလုပ်ခဲ့တယ်လို့ သိ ရ ပါ တယ် ။ အဲဒီအခမ်းအနား ကို ကေ အို င်ေ အ  မှ ဒုတိယဗိုလ် မှူးကြီး ဇော်တောင် ၊ တပ်မဟာ (၅) တပ်ရင်းများမှ တပ်ရင်းမှူးများ၊ အရာရှိများ ၊ လိုင် ဇာေ ကျးရွာမှ ရပ်မိရပ်ဖ များ ၊ ABSDF မှ အောင်ဆွေဦးနှင့် အဖွဲ့ဝ င် များ တက်ရောက် ခဲ့ပါတယ်။    အခမ်း အနား မှာ အောင်ဆွေဦးနှင့် ABSDF ဖွဲ့ ၀င်များမှ စစ်ရေးပြ ချီတက် အလေးပြုခြင်း ၊KIA စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂမ်ရှောင် မှပေးပို့သည့် သ၀ဏ်လွှာအား ကေအိုင်အေ ဒုတိယဗိုလ်မှူးကြီး ဇော်တောင်မှ
ဖတ်ကြားခြင်း၊ABSDF ဗဟိုဌာန ချုပ်မှ ပေးပို့သည့် သ၀ဏ်လွှာများဖတ်ကြားခြင်း ၊ ဆုတောင်းခြင်း ၊ အောင်ဆွေဦးမှ ကျေးဇူးတင်စ ကားပြန်လည်ပြော ကြားခြင်း နှင့် တက်ရောက်လာသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြ င်းများ ပြုလုပ်ခဲ့ကြပါတယ်။ကေအိုင်အေတို့ အနေနဲ့ ယခုအချိန်မှာ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနမှုများနဲ့ပက်သက်၍ နိုင်ငံတကာမှ ကေအိုင်အေ ခေါင်းဆောင်များအား စောင့်ကြည့်နေကြသည့်အပြင် လိုင်ဇာမှတစ်ဆင့် တရုတ်နိုင်ငံအတွင်း  သို့ မူးယစ်ဆေးဝါးများ တရားမ၀င်လမ်းကြောင်းများမှ ၀င်ရောက်နေမှုကြောင့် တရုတ်နိုင်ငံမှ ထောက်ပံ့မှုများ ယခင်ကလို မရရှိတော့ဘဲ ဆက်ဆံရေးတင်းမာနေသည့် အချိန်ဖြစ်ပါတယ်။ကေအိုင်အေ ခေါင်းဆောင်များအနေနဲ့ ၄င်းတို့အုပ်ချုပ်တဲ့ နယ်မြေအတွင်းမှာ ကမ္ဘာကသိအောင် မူးယစ်ဆေးဝါး ကင်း စင်ရေးလုပ်ငန်းတွေ ဟန်ပြလုပ်ဆောင်နေသော်လည်း နောက်ကွ ယ်မှာတော့ မူးယစ်ဆေးဝါးလုပ်ငန်းတွေကို လုပ်ဆောင်နေတုန်း ပါဘဲ။        အဘက်ဘ က်က ထောက်ပံ့မှုတွေမရရှိတဲ့အချိန်မှာ ကေအိုင်အေတို့အနေနဲ့ ယခုလို အဖွဲ့အစည်းတွေနဲ့ ပနံ သင့်အောင် ပြုလုပ်နေတာဘဲဖြစ်တယ်လို့ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ရေးအကဲခတ်များမှ ပြောဆိုနေကြပါတယ်။ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်မှ ပေးပို့သော သ၀ဏ်လွှာတွင် ABSDF အဖွဲ့သည် ကေအိုင်အေနှင့် ခွဲခြား ၍မရကြောင်း၊ နှစ်ဦးနှစ်ဖက် ယနေ့တိုင် နားလည်မှုရှိရှိ၊ သစ္စာရှိရှိနှင့်လက်တွဲလျက် ရှိကြောင်း တို့ပါရှိပါတယ်။

No comments:

Post a Comment