Monday, August 20, 2012

စက်တင်ဘာ(၁)ရက်နေ့တွင် တစ်သိန်းဖုန်းထွက်ရှိမည်ဟု သတင်းများထွက်ပေါ်

Myitmaka Media Group, 21August 2012  —-  စက်တင်ဘာလ(၁)ရက်နေ့တွင် ကျပ်တစ်သိန်းတန် မိုဘိုင်းဖုန်းများအား ချထားပေးမည်ဟု ပြည်သူများ အကြား သတင်းများ ထွက်ပေါ်နေသော် လည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဈေးနှုန်း အပြောင်း အလဲရှိပါက တရာဝင်ကြေ ညာချက် ထုတ်ပြန်မည်ဟု  မြန်မာ့ဆက်သွ ယ်ရေး လုပ်ငန်းက သိရှိရသည်။

မြန်မာ့ဆ က်သွယ်ေ ရးလုပ်ငန်းမှ မြန်မာ့စီးပွားရေးဘ ဏ်နှင့် ပူးပေါင်းကာ ကျပ်ရှစ်ေ သာင်းတန် CDMA ဖုန်းများ ချထားပေးရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့ကြောင်းကိုလည်း  သိရှိရသည်။
CDMA ဖုန်းများကို ရှစ်သောင်းကျပ်ဖြင့် ချထားပေးမည်ဟု ထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အရေးယူနိုင်ကြောင်းကိုလည်း သိရှိရသည်။
”ဒီသတင်းက ကောလဟလပါ ၊ တဖြည်းဖြည်းခြင်း လျှော့ချလာမှာပါ၊တကယ်လို့ တရားဝင်ဆိုရင် လည်း မီဒီယာ တစ်ခုတည်းကို အသိပေးမှာမဟုတ်ဘူး ၊ကျန်တဲ့မီဒီယာတွေကိုလည်း အသိပေးပြီ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရာဝင်ကြေညာမယ်၊” ဟု မြန်မာ့ဆက်သွယ်ရေးမှ ဦသိန်းဝင်းက ပြောသည်။
မြန်မာ့ဆက်သွယ်ရေး အနေဖြင့် ဈေးနှုန်း အပြောင်းအလဲသတ်မှတ်ပါက စာနယ်ဇင်းတစ်ခုတည်းကို သာ အသိမပေးခြင်းမျိုး မဟုတ်ပဲ ပြည်သူတွေများအာ ရုပ်မြင်သံကြား၊နိုင်ငံပိုင် သတင်းစာ၊ စာစောင်များတွင် အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၂ဝ၁၅ ခုနှစ်မတိုင်မီတွင် မိုဘိုင်းဖုန်းသန်း(၃ဝ) ချထားပေးမည်ဟု    သတင်းထုတ်ပြန်ထားပြီး လာမည့် နှစ်ဆန်းပိုင်းမှစကာနိုင်ငံတကာဈေးနှုန်းများအတိုင်း ကျပ်နှစ်သိန်းတန် တန်ဖိုးနည်းဖုန်း (၁ဝ) သန်းအား
ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ယခု လက်တလော ကြားနေတာကတော့ ၅ဝဝဝ ထောင်တန်ဖုန်းတွေလည်းထွက်မယ် ၈ဝဝဝဝတန်ဖုန်းတွေလည်း   ထွက်မယ်ဆိုသောသတင်းများနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်ရှင်တစ်ဦးကယခုကဲ့သို့ သုံးသပ်သည်။
”ဖုန်းတွေဈေးပေါပေါနဲ့ ကိုင်လို့ရလာရင်တော့အားလုံးအတွက် ကောင်းပါတယ်။ တဖြည်းဖြည်း ချင်းဈေးချ သွားတာ ကတော့ ဈေးကွက်ကိုထိန်းထားသလိုဖြစ်တာပေါ့”ဟု ကမာရွတ်မြို့နယ်၇ှိ  စီးပွားရေးလုပ်ငန်ရှင် ဦးဝင်းနိုင်က ပြောသည်။
မြန်မာ့နိုင်ငံတွင် ၁၉၉၅-၉၆ ခုနှစ်ခန့်က ဆယ်လူလာဖုန်းများကို စတင်သုံးစွဲခဲ့ပြီး GSM တယ်လီဖုန်းများ ၊ CDMA ဖုန်းများကို တစ်ဆင့်ချင်း ငှားရမ်းပေးခဲ့ခြင်းဖြစ်ပြီး နောက် ၁၅ သိန်း၊ တန်ဖိုးရှိ မိုဘိုင်းဖုန်းများကို ငွေကျပ်ငါးသိန်း အဖြစ်သို့လည်းကောင်း ၊ ၂ဝ၁ဝ ခုနှစ်ဧပြီးလတွင် ငွေကျပ်ငါးသိန်းမှ ကျပ်နှစ်သိန်းနှင့် နှစ်သိန်းခွဲအဖြစ်သို့လည်းကောင်း၊တဆင့်ချင်းပြောင်းလဲခဲ့သည်။
ဥာဏ်ဥာဏ် ( မြစ်မခ )

No comments:

Post a Comment