Monday, August 27, 2012

အကျိုးပေးကောင်းချင်လျှင် စာဖတ်ပါ

ကမ္ဘာ့ပညာရပ်အားလုံးသည် ယေဘုယျအားဖြင့် စာအုပ်များထဲတွင် ရှိကြသည်။ မည်သူတစ်ဦး တစ်ယောက်မျှအသစ်အသစ် ထွက်ပေါ် လာသော စာအုပ်များအားလုံးဖတ်နိုင်သည် မဟုတ်ပါ။ သို့သော် များများဖတ်နိုင်လျှင်မှန်ကန်၍ အသုံး ၀င်သော အသိပညာများ တိုးပွားကြွယ်ဝလာမည်မှာ အမှန်ဖြစ်သည်။


စာအုပ်များသည် မိတ်ဆွေကောင်းများ ဖြစ်ကြ၏။ သင့်အနေဖြင့် ပျင်းရိငြီးငွေ့ဖွယ်၊ စိတ်ပျက်ဖွယ်ကောင်းေ သာနေ့မျိုး တွင် သင်၏ စိတ်ကြိုက်စာရေးဆရာ၏ စာအုပ်ကို ငှားဖတ်ပါ။ ထိုအခါ သူသည် သင်နှင့်အတူ စွန့်စားမှုများ၊ အချစ်ကိစ္စများ သို့ မဟုတ် သူဖော်ပြသော သတ္တိကောင်း ယောက်ျားမိန်းမများ၏ ဇာတ်လမ်းနှင့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို တွေ့ရ လိမ့်မည်။ စာအုပ်များတွင် သင့်အေ နနှင့် ဖျော်ဖြေမှုကို တွေ့နိုင်သည်။

တစ်ခါတစ်ရံ စိတ်ဝင်စားဖွယ်များကို တွေ့ရမည်။ သို့မ ဟုတ် ရယ်စရာ ကောင်းသောဇာတ်ကောင်နှင့်လည်း ရင်ဆိုင်ရမည်။ ၄င်းတို့က သင့်ဝိညာဉ်အတွက် ဆေးကောင်းတစ်လက် ဖြစ်လာနိုင်သည်။ စာဖတ်ခြင်းနှင့် သင့်လုပ်ငန်းခွင်ကိုလည်း ကူညီပေသည်။ သင်နှစ်ပေါင်း ၂၀လောက်တိုင်အောင် လုပ်ငန်း ခွင်တွင် ရှာမတွေ့ခဲ့သောအထူးသတင်းရပ်များနှင့် ဖြေရှင်းနိုင်သော အချက်အလက်များကို စာအုပ်ထဲမှ တွေ့ လာနိုင်သည်။

စာကြည့်တိုက်ကောင်းတစ်ခုသည် အိမ်တက္ကသိုလ်တစ်ကျောင်းပင်ဖြစ်သည်။ အီဗရာဟင်လင်ကွန်း ၏ တစ်သက်တာ ကျောင်းသက်တမ်း သည် ၁၂လထက် မပိုပေ။ သို့သော် သူသည် စာဖတ်ဝါသနာကြီး သူဖြစ်သည်။ သူ့ရှေ့တွင် တွေ့သမျှ စာအုပ်တိုင်းကို ဖတ်၍ ဖတ်သမျှကို မှတ်ထားနိုင်သူဖြစ်သည်။

သမိုင်း၊ ဥပဒေ၊ စိတ်ကူးယဉ်ဝတ္ထု၊ကဗျာ၊ အမျိုးစုံပင် ဖြစ် သည်။ သူသည် ဗဟုသုတ အကြွယ်ဝဆုံး သမ္မတဖြစ်ရုံမျှသာမက စကားပြိုင် ၍ ပြောနိုင်သူတစ်ယောက်လည်း ဖြစ်ခဲ့သည်။စာအုပ်များ ၏ ပေါင်းဖော် မှုမှ ကျွန်ုပ်တို့သည် နေ့စဉ် ဘ၀ အတွက်များစွာသော တန်ဖိုးမဖြတ်နို င်သည့် စိတ်ဝင်စားဖွယ် အချက်များ ရနိုင်သည်။ စာအုပ်တစ်အုပ်တွင်းမှ စာမျက်နှာတစ်ခု၊ စာပိုဒ် တစ်ပိုဒ်သည် လူတစ်ေ ယာက်အဖို့သူ ယခင်တစ် ကြိမ်မျှ မမြင်ဖူးသေးသော အမှန်တရားအတွက် သူ့မျက်စေ့ကို ဖွင့်ပေးနိုင်သည်။ သူ့အတွက် သစ်လွင်သော သတ္တိတစ်မျိုးကို ရလာနိုင်သည်။ တစ်ကိုယ်တည်း အထီးကျန်ရှိသောအခါ၊ စိတ်ဓာတ်သတ္တိ နည်းသောအခါ၊ စိတ်ပျက်အားလျော့နေသောအခါ၊ အားသစ်အင်သစ်ကို စာအုပ်က ပေးပေလိမ့်မည်။

သင့်တွင် စာဖတ်အကျင့်ရှိစေချင်သည်။ လူများစွာတို့၌ မရှိကြပေ။ စာဖတ်တတ်ရန် သင်ပေးလိုက်ေ သာ ကျောင်းမှ ထွက်လာ ပြီးနောက်ပိုင်း တွင် သူတို့သည် သတင်းစာခေါင်းကြီးပိုင်းမှလွဲ၍ မဖတ်သူ အတော်များသည်။ ယင်းကား အလွန်အ ဖိုးတန်သော အခွင့်အရေးများကို လစ်လျူရှုရာ ရောက်ပေသည်။

အာနိုးဘက်နက် က သူ၏ စာပေအရသာ ဟူသော စာအုပ်တွင် စာပေ၏ လစ်လပ်မှုကို မျက်မှောက်မပြုတတ်သူသည် မွေးဖွားကတည်းက နိုးထမလာသောသူပင် ဖြစ်၏။ သူသည် မွေးဖွား လာသူဟုပင် မခေါ်ထိုက်ပေ။သူသည် မမြင်နိုင်၊ မ ကြားနိုင်၊ ပြည့်ဝသော အ သိဖြင့် မခံစားနိုင်ပေ။ လူသာဖြစ်၍ အသက်ရှိနေသော်လည်းဝက်အရှင်တစ်ကောင်ထက် ဘာမျှ ပိုမို မထူးခြားချေဟု ရေးထား သည်။

ကျွန်ုပ် အကြံပေးလိုသည်မှာ သင့်ဘာသာသင် စာကြည့်တိုက် သို့မဟုတ် စာအုပ်အငှားဆိုင်သို့သွား၍ သင်စိတ်ဝင် စားမည့် သို့မဟုတ် သင်မကြာခဏ ကြားဖူသည့် သင့်ကို ဆွဲဆောင်ချက်ရှိမည့် စာအုပ်ကိုသာ ဆွဲယူဖတ်ရှုရန်ဖြစ်သည်။ ထို နေရာမှ စတင်ပါ။ မည်သည့် စာ ဖြစ်စေကာမူ ကိစ္စမရှိပါ။ သင့်အား မည်သည့်စာဖတ်ရမည်ဟုကျွန်ုပ်မညွှန်ကြားလိုပါ။ သင့် ဘာသာသင်ရှာပါ။ ရွေးချယ်ပါ။ သင်ရွေးချယ်သော စာအုပ်သည် တုန်လှုပ်ချောက်ချားဖွယ် သို့မဟုတ် မှုခင်းနှင့် လျှို့ ၀ှက် သည်းဖို သို့မဟုတ် အချစ်နှင့် ခရီးသွား စာပေ ဖြစ်ကောင်းဖြစ်မည်။
ယင်းသည် သင် စတင်ရန် ခြေလှမ်းသာဖြစ်သဖြင့် ကိစ္စ မရှိ သေးပါ။အကယ်၍ ဤစာအုပ်ကို သင်ကြိုက်နှစ်သက်ပါက သင့်တွင် အခွင့်အရေးများ ရှိလာပေတော့မည်။

ထိုလမ်းကြောင်း အတိုင်း သင်ဖတ်လိုသည့် ဆန္ဒအတိုင်း ဖတ်ရန် စာအုပ်များစွာ ရှိလာပေလိမ့်မည်။ ဤနည်းသည် သင်လုပ်ထိုက်သော နည်းဖြစ်သည်။ တစ်ခါတစ်ရံ စာရေးဆရာတစ်ဦးကြောင့် ဘ၀အတွက် စိတ်ဝင် စားဆုံးအဖြစ် လှုပ်နှိုးခြင်းခံလိုက်ရကာ စာဖတ်ဝါသနာပါ သွားစေနိုင်သည်မျိုးလည်း ရှိတတ်သည်။ ယင်းသည်သင်၏ စာအရ သာခံမှု တိုးတက်လာခြင်းပင်ဖြစ်ပြီး နောက် တွင် သင်သည် တစ်မျိုးထဲမှ တိုးချဲ့ လာပေလိမ့်မည်။သင်အပြောင်းအလဲ ပြုလို သောဆန္ဒဖြစ်ပေါ်လာပေမည်။ဤအချက်သည် စာဖတ်သမား၏ တိုးတက်လမ်းတွင် ဒုတိယခြေလှမ်းဖြစ်သည်။ ထိုအခါ သင်ဖတ်ခဲ့ဖူးသည့် ဖတ်နေ ကျ အမျိုးအစားမှ ကွဲလွဲသော အခြားအမျိုးအစား ကို ရွေးချယ်ဖတ်ရှုရန်ပင် ဖြစ်သည်။

လိုင်းသစ်တစ်ခုပြောင်းရန်ဖြစ်သည်။ နယ်သစ်တစ်ခု အခြေချရန် ဖြစ်သည်။ အကယ်၍ သင်သည် စိတ်ကူးယဉ်အချစ်ဝတ္ထုများကို ကြိုက်နှစ်သက်သည်ဆိုပါက စိတ်ကူးယဉ် မဟုတ်သော စာအုပ်မျိုးကို စာအုပ်စင်၌ ကြိုးစား၍ရှာဖွေကြည့်ပါ၊ နာမည်ကျော် ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများကို ကြိုးစားဖတ်ရှုကြည့်ပါ။

အကယ်၍ ထိုစာရေးဆရာ၏ရေးဟန်သည် သင့်အားစွဲဆောင်ချက် မရှိဟုဆိုလျှင် သို့မဟုတ် သင့် အတွက် အလွန်ဖတ်ရ ခက်ခဲသော စာအုပ်ဖြစ်နေသည်ဆိုလျှင် စာအုပ်ကို ပြန်ချထားလိုက်ပါ။ နောက်တစ်ကြိမ်မှ ထပ်ဖတ်ရန် ကြိုးစားပါ။ဂျီကေချက်စတန် က စာအုပ်များသည် ကျွန်ုပ်ဖတ်စက ကျွန်ုပ်အတွက် ကမောက်ကမနိုင်လှသည်။သူ့အဓိပ္ပာယ်များ သည် ကျွန်ုပ်အတွက် နားမလည်နိုင်။ ထိုစဉ်က ကျွန်ုပ်သည် အသက်ငယ်သေးသည်။

နောင်နှစ်ပေါင်း အနည်းငယ် ကြာ၍ ကျွန်ုပ်စာဖတ်နယ် ကျယ်လာသောအခါ ထိုစာမျက်နှာများသည် ကျွန်ုပ်အ တွက် အလွန်စူးရှထက်မြက်သော အတွေးအခေါ် များကိုပေးသည့် စာကြောင်းမျာြး ဖစ်ကြောင်း တွေ့ရသည်။ကျွန်ုပ်အတွက် အတွေးအခေါ်သစ် များစွာရသည်ဟု ရေးဖူးသည်။ ဂန္တ၀င်မြောက် စာပေများသည် သင့်အတွက်အလွန်မြင့်လွန်းသည်ဟု ပြောရန်မလိုပါ။ ထိုစာအုပ်သည် ခက်သည်၊ ငြီးငွေ့ဖွယ် ကောင်းသည်၊ သို့သော် ဤစာအုပ်၌ အလွန်အဖိုးတန်သော အချက်များရှိ၍သာ ဤမျှသက်တမ်းကြာရှည်စွာ ထင်ပေါ်နေခြင်း ဖြစ်မည်ဟု မှတ်ယူပါ။

ရှိတ်စပီးယား သို့မဟုတ် ဘားနဒ်ရှော ၏ ပြဇာတ်တစ်ပုဒ်ကို ဖြစ်စေ၊ ဒစ်ကင်း၊ သက်ကရေး၊ ဂေါလ်စ်ဝါသီ၊ ၀ဲ၊ ဘဲနက် စသော စိတ်ကူးယဉ်အချစ်ဝတ္ထုများထဲမှ တစ်ပုဒ်ကိုဖြစ်စေ၊ သို့မဟုတ် ၀ဲ၏ ကမ္ဘာ့သမိုင်းအကျဉ်းချုပ်ကိုဖြစ်စေ ကြေညက် အောင် လေ့လာ မည်ဆိုပါက ၄င်းသည် ဒုတိယအတန်းအစား စာအုပ်များနှင့် စာကြည့်တိုက်တစ်တိုက်လုံးမှ စာများကို ဖတ် ခြင်းထက် သင့်စိတ်ဓာတ်ကို ပို၍လျင်မြန်ကျယ်ပြန့်စွာ တိုးတက်စေလိမ့်မည်။

သင်သည် စာဖတ်ခြင်းများလာသောအခါ ဖတ်ပျော်သော စာအုပ်များဟူသော စာအုပ်စာရင်းမျိုး၊ စာဖတ်သူ၏ဝေဖန် ချက် ဆောင်းပါးမျိုးကို ဖတ်ရှုလေ့လာခြင်းဖြင့် မည်သည့်စာအုပ်မျိုး ဖတ်သင့်ကြောင်း စာအုပ်ကောင်းများကို တွေ့လာပါလိမ့် မည်။
စာဖတ်သူကို အကြံပေးလိုသည်မှာ လွတ်ကွက်မရှိအောင် ဖတ်ရန်ပင်ဖြစ်သည်။ စာအုပ်စင်တစ်မျိုးမှ အခြားတစ်မျိုး သို့ အပြောင်းအလွဲဖတ်ရန် ဖြစ်သည်။ ဤနည်းသည် အကျိုးများသည်။ ဤသို့ဖတ်ခြင်းဖြင့် အချိန်ဖြုန်းရာ  မရောက်ပေ။ စာ အုပ်တိုင်းသည် သင့်အသိဥာဏ်ကို တစ်နည်းမဟုတ် တစ်နည်း ကျယ်ပြန့်စေပေလိမ့်မည်။ ချဲ့ထွင်ပေလိမ့်မည်။ အတွင်းစိတ် အတွင်းအားကို ပိုပြီး လေးနက်စေပေ လိမ့်မည်။ စိတ်ဓာတ်အင်အားနှင့် ၀ိညာဉ်အင်အားကို တိုင်းတာနိုင်စွမ်း မရှိလောက် အောင်ပင်  ပြည့် ၀အောင် ဖြည့်ပေးလိမ့်မည်။

သင်သည် မည်သည့်စာဖတ်သူမျိုးဖြစ်ကြောင်း ကိုယ့်ကိုယ်ကို သိရန်အရေးကြီးသည်။ စာဖတ်ရာတွင် အာရုံစူးစိုက်မှု မရှိခြင်းသည် အကျိုးမများလှပေ။ အချိန်မှန်စွာ ပြင်းပြင်းထန်ထန် ဖတ်ရှုခြင်းသည် သင့်စာဖတ်အရှိန်ကိုတိုးတက်စေလိမ့် မည်။
စာဖတ်စတွင် ကိုယ်ပိုင်စာဖတ်နှုန်းအတိုင်း ဖတ်ပါ၊ မလောပါနှင့်။ အချို့ သူတို့သည် စာတစ်မျက်နှာ အခန်းတစ်ခန်းကို လျင်မြန်စွာ ချုံး၍ ဖတ်သွားသည်။ ထို့နောက်မှ လိုအပ်ပါက နှေးကွေးစွာ ပြန်ဖတ်သည်။ ဤနည်းသည်အလွန်ကောင်းသည်။
သင့်စိတ်ကို ကင်မရာတစ်ခုကဲ့သို့ သဘောထားပါ။ သင့်မျက်လုံးသည် အသေးစိတ် အချက်အလက်များ၊ ရုပ်ပုံများ၊ အတွေးအမြင်များကို သင်ဖတ်နေသော စာအုပ်ထဲမှ ရိုက်ယူနေသည့် မှန်ဘီလူးပင်ဖြစ်သည်။

သင်ဆုပ်ယူရရှိနိုင်သော အချက် အလက်များသည် သင့်စိတ်အာရုံက စူးစိုက်သည့်အချက်ပေါ်တွင်သာ မူတည်သည်။ ထို့ကြောင့် အာရုံစူးစိုက်ပါ။ နာရီဝက်မျှ အချိန်ပေးနိုင်သည် ဆိုပါစို့၊ ထိုအချိန်လေးတွင်ပင် သင့်အာရုံတစ်ခုလုံး သွင်းထားခြင်းဖြင့် သတ်ဖတ်နေသော အချက်များ သည် ပို၍ သိသာထင်ရှားလာမည်။ ရှင်းလင်းလာမည်။

သင့်စိတ်ထဲတွင် ပို၍ မှတ်မိနေပေလိမ့်မည်။စာဖတ်ရာတွင် မိမိက အရေးကြီးဟု ထင်သမျှကို မျဉ်းသားခြင်းသည် အစီအစဉ်ကောင်းတစ်ခုပင်ဖြစ်သည်။ မျဉ်းတားခြင်းကြောင့် ထိုစာမျက်နှာ အတွေးရုပ်ပုံသည် သင့်ဦးနှောက်ထဲသို့ ခိုင်မာစွာ ၀င်ရောက်လာသလို သင်ဖတ်သည့် အချက် ကိုလည်း စိတ်ဓာတ်အပြည့် စူးစိုက်အောင် လုပ်ရာရောက်သည်။ ဤနည်းဖြင့် စာဖတ်ခြင်းသည်

ပို၍နက်ရှိုင်းသဖြင့် အကျိုးအ မြတ်ရဖို့ သေချာပါသည်။ စာဖတ်ရာတွင် ပို၍ အဓိကထားရမည့်အချက်မှာ စာအုပ်များသည် အသက်ရှိသောလူက ရေးထား သဖြင့် အသက်ရှိသော အရာပင်ဖြစ်သည်။ သင်သည် သူတို့၏ အတွေးများကို ဝေမျှခံစားသည်။ ထို့နောက် သူတို့၏ အတွေး များကို သင်ကလိုက်တွေးသည်။အချစ်ဝတ္ထု အတ္ထုပ္ပတ္တိ သို့မဟုတ် ပြဇာတ်တစ်ခုခုတွင် စာရေးဆရာသည် ဘ၀ကို သူမြင်စေချင်သည့်အတိုင်းသင့် အားလည်း ကြည့်နေခိုင်းသည်။ တစ်နည်းအားဖြင့် ဆိုသော် သင်သည် လူတို့အား သူတို့၏ ပြဿနာများ၊
အခက်အခဲများ၊ ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်များအားဖြင့် လူသား၏ အတွေ့အကြုံနှင့် ဘ၀ကို လေ့လာနေခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် သင်သည် ယောက်ျားများ၊ မိန်းမများ၏ မျှော်လင့်ချက်များ၊ စိတ်ကူးယဉ်ချက်များ၊ သူတို့၏ကြောက်ရွံ့ ချက်များ၊ မျှော်မှန်းချက်အသေးအဖွဲများ၊ သူတို့၏ စွဲဆောင်မှုများ၊ ရှုံးနိမ့်မှုများ၊ အတွေးအမြင်များ၊၀ါဒရေးရာများ၊ ယုံကြည်ချက်နှင့် သတ္တိများကို စာဖတ်ခြင်းအားဖြင့် လေ့လာေ နခြင်းပင် ဖြစ်သည်။

သင်သည်သင့်ဘ၀အတွက် မည်သည့်စာ မျိုး ဖတ်နေသည်ကို ပြန်တွေးကြည့်ပါ။ ထိုစာအုပ်က သင့်ဘ၀အကြောင်း၊အခြားပုဂ္ဂိုလ်များအကြောင်း မည်မျှသင်ကြားလိုက် သည်ကိုလည်း တွေးကြည့်ပါ။သင် သည် ဧကရာဇ်၊ သူရဲကောင်း စစ်ဗိုလ်ချုပ်ကြီး ဂျူလီယက်ဆီဇာ ၏ ဘ၀စာအုပ်ကို ဖတ်ဖြစ်သည် ဆိုပါစို့၊ဂျူးလီ ယက်ဆီဇာ၏ အာဏာသည် ဟစ်တလာ၊ စတာလင် သို့မဟုတ် သင့်လက် ရှိ နိုင်ငံရေးေ ခါင်းဆောင်၏အာဏာနှင့် နှိုင်းယှဉ် တွေးကြည့်ပါ။ အကယ်၍ သင်သည် ရှိတ်စပီးယား သို့မဟုတ် အာသာမေလာ ၏ ပြဇာတ်တစ်ပုဒ်ကို ဖတ်ရသည် ဆိုပါစို့။ ထို စာအုပ်ထဲမှ ဇာတ်ကောင်များ၏ ပုံဖော်ကျူးချက်သည် သင့်အသိများထဲမှတစ်စုံတစ်ဦးကို ပို၍နားလည်သဘောပေါက်ေ စရန် မည်ကဲ့သို့ ကူညီထောက်ပံ့မှုပြုကြောင်း တွေးကြည့်ပါ။စာအုပ်များကို သင်ဖတ်ပြီးတိုင်း ယင်းတို့သည် သင့်လက်ရှိဘ၀၌ မည်မျှအဓိပ္ပာယ်သက်ရောက်ကြောင်းကိုလည်း ပြန် မေးပါ။

စာအုပ်များကို သင့်မိတ်ဆွေများဖြစ်အောင် ပြုလုပ်ပါ။ ၄င်းတို့က သင့်အား သင်ကြားပါစေ။ ထိုအခါ သင် မသိမတတ် ဖူးသေးသော အချက်များစွာကို သင့်အသိတရားအလျောက် နားလည်ခြင်း၊ သဘောတရားကို သင်ကိုယ်တိုင်အတွက်သော် လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ပို၍ တတ်သိလာပါလိမ့်မည်။သင်သည် ပျင်းရိငြီးငွေ့ဖွယ်ကောင်း သော နာရီပေါင်းများစွာကို လတ်ဆတ်လန်းဆန်းသွားအောင် ပြုလုပ်လာနိုင်လိမ့်မည်။ ၄င်းပြင် နေ့စဉ် ဘ၀၏ နေထိုင်ရေးကို လည်း တွေးလာပါလိမ့်မည်။ သင့်ဘ၀ကို အကျိုးပေးကောင်းအောင် သင်ဖန်တီးရာ ရောက်ပါလိမ့်မည်။

No comments:

Post a Comment