Wednesday, August 8, 2012

လျှော့တွက်လို့မရတဲ့ ရိုဟင်ဂျာအရေး၊ သတိထားမည့်မွတ်ဆလင်နိုင်ငံများ

ရခိုင်ပြည်နယ်က မူဆလင်ရိုဟင်ဂျာတွေကို မြန်မာအစိုးရက လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆော်ဒီအာရေးဗီးယား အစိုးရက မနေ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဆော်ဒီအစိုးရအဖွဲ့ရဲ့သဘောထားကို အစိုးရသတင်းဌာန SPA က ပြောဆိုရာမှာ မြန်မာနိုင်ငံက မူလဆင်ရိုဟင်ဂျာတွေကို မြန်မာအစိုးရက ရက်စက်စွာတိုက်ခိုက်မှုတွေရှိနေပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း ဆော်ဒီအစိုးရအနေနဲ့ပြင်းထန်စွာ ရှုံ့ချကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံက မူဆလင်ရိုဟင်ဂျာတွေရဲ့ လူနေမှုဘ၀တွေ ကောင်းမွန်လာရေး၊ သူတို့တွေရဲ့ အသက်အန္တရာယ်ကို အကာအကွယ်ပေးနိုင်ဖို့၊  နောက်ထပ်  အသက်ဆုံးရှုံးမှုတွေမဖြစ်အောင် ကာကွယ်စောင့်ရှောက်ပေးဖို့ 
လိုအပ်ကြောင်း ဆော်ဒီအာရေးဗီးယား အစိုးရက တိုက်တွန်းလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ဘင်္ဂါလီရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး အီဂျစ်နိုင်ငံသား တစ်ချို့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အီဂျစ်အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့ ဒါဇင်လောက်ရှိတဲ့ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတယ်လို့ဆိုပါတယ်။ အလားတူ ဆန္ဒပြပွဲကိုလည်း လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ မြန်မာသံရုံးရှေ့မှာ ထပ်မံကျင်းပသွားမယ်လို့ သိရပါတယ်။
ကမ္ဘာမှာ အစ္စလမ်ဘာသာဝင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလိုယုဟိုရိုနိုကတော့ မြန်မာနိုင်ငံက ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီရိုဟင်ဂျာ ပဋိပက္ခဟာ ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်း၊ ဒေသတွင်း လူအုပ်စုကြားဖြစ်ပွားတဲ့ ပဋိပက္ခသာဖြစ်ပြီး မြန်မာအစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြောပါတယ်။

မြန်မာပြည်သား


2 comments:

  1. အော် ဒီလောက်တောင်စိတ်ပူနေယင်လဲ အားလုံးကိုခေါ်ထားလိုက်ပေါ့။ချမ်းသာတဲ့တိုင်းပြည်တွေပဲဟာ။

    ReplyDelete
  2. ဟုတ်ပါ့။ vagina နဲ့ တူတဲ့ ကျောက်တုံးနက်ကိုရှိခိုးတဲ့ ဘာသာဝင်အတူတူချင်း ဘဲ ဥစ္စာ။

    ReplyDelete