Wednesday, August 8, 2012

မြန်မာ facebook Password များခိုးယူရန် ရည်ရွယ်ပြီး Izara Aishah ဆိုသူမှ Facebook Link အတုများ ပေးပို့လျက်ရှိ

ဘင်္ဂါလီ သတင်းမှားများကို လွဲမှားစွာ ယုံကြည်နေကြသော အစွန်းရောက် မွတ်စလင် ဟက်ကာ များမှ   မြန်မာ နိုင်ငံ အစိုးရ ၀ဘ်ဆိုက်များ၊ မြန်မာ ပြည်တွင်ဂျာနယ်များ ၀ဘ်ဆိုက်များကို တိုက်ခိုက်လျှက်ရှိပါသည်။  သာမန်မြန်မာ ပြည်သူများ၏   Email များ၊ Facebook Account များ၏ Password များကိုလည်း ရယူဖို့ ကြိုးစားနေကြပါသည်။  ယခု အခါ Izara Aishah (https://www.facebook.com/IzaraAishahOffical) မှ Is this your? http://ehberita.allalla.com/ အင်တာနက်လိပ်စာပါဝင်သော facebook message များ ပေးပို့လျက်ရှိကြောင်း သိရသည်။ မြန်မာပြည်မှ  Facebook အသုံးပြုသူများအနေဖြင့်  အဆိုပါ http://ehberita.allalla.com/  ကို ဖွင့်မကြည့်ရရန် သတိပေးအပ်ပါသည်။ အဆိုပါ  လိပ်စာမှာ Facebook Login ကို အတုပြုလုပ်ထားခြင်းဖြစ်ပါသည်။  မိမိ Facebook  username နှင့်  password  ကို အဆိုပါ Facebook Page အတု တွင် ရိုက်ထည့်မိပါက  မိမိ  password ပါသွားမည်ဖြစ်ပါသည်။ Facebook user များအနေဖြင့် မိမိ ၀င်ရောက်မည့် Facebook (or) Gmail စာမျက်နှာ များအား ပုံမှာ ပြထားသည့် အတိုက်း Address (or) URL အား သေချာစွာ ကြည့်ရှု့ပြီးမှာ ၀င်ရောက် ကြပါရန် အကြံပြုအပ်ပါသည်။

3 comments:

  1. My computer always running following programing if I connect to internet.
    hyfijeanaxpy.exe and pakilynhyqev.exe
    if running those files my computer slow.

    ReplyDelete
  2. အဲဒီ exe file တွေ ရှင်းပစ်လိုကပါ၊ Internet Security ပါတဲ့ Anti Virus တွေသုံးပါ။လိုအပ်ရင် window ကို အသစ်ပြန်တင်လိုက်ပါ

    ReplyDelete
  3. မြန်မာ Hacker တွေအိပ်ကုန်ပြီလား

    ReplyDelete