Tuesday, August 28, 2012

ယနေ့ (သြဂုတ် ၂၈ ရက်) အမျိုးသား လွှတ်တော်တွင် ဆွေးနွေးမည့် အချက်များ

ယနေ့ (သြဂုတ် ၂၈ ရက်) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ် ပါသည်။

(၁) အမျိုးသား လွှတ်တော် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အ၀န်း ဆိုင်ရာ ကော်မတီက ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်း။

(၂) အမျိုးသားလွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးရာ ကော်မတီက ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်း။
(၃) ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း ဥပဒေအရေ ပးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်း တို့အရ စွပ်စွဲပြစ်တင် သည့် အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၆) ဦးအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် (၁၆) ဦးက ဆွေးနွေးခြင်း။

(၄) ဖွံ့ဖြိုးမှု နှေးကွေးနေသော ရန်ကုန်မြို့အား ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတကာ အဆင့်မီ စီးပွားရေး မြို့တော်ကြီး အဖြစ်သို့ အမြန်အဆင့်မြှင့်တင်နိုင်ရေးအတွက် မြို့တော် စည်ပင်သာ ယာရေး ကော်မတီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လက်အောက်တွင် ထားရှိကာ မြို့တော်စည်ပင် သာယာရေး ဥပဒေနှင့် အညီ ကော်မတီပိုင် ရံပုံငွေကို တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ်ဖြင့် သုံးစွဲပိုင် ခွင့်ပြုရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်း။

No comments:

Post a Comment