Wednesday, August 29, 2012

" CDMA ဖုန်း My Ring Tune စနစ် သုံးခွင့်ရတော့မည် "

CDMA ဖုန်းများ My Ring Tune စနစ် ထည့်သွင်းအသုံးပြုခွင့်ကို စက်တင်ဘာလတွင် ဝန်ဆောင်မှုပေး မည်ဖြစ်ကြောင်း Fortune International ကုမ္ပဏီမှ သိရသည်။ My Ring Tune စနစ် ဆိုသည် မှာ ဖုန်းခေါ်ဆိုရာတွင် သာမန် ဖုန်း မြည်သံအစား မိမိထည့်သွင်း အသုံး ပြုလိုသည့် သီချင်းသံကို ပြောင်း လဲထားသော စနစ်တစ်ခု ဖြစ်ပြီး လက်ရှိတွင် အဆိုပါစနစ်ကို ဂျီဖုန်း များနှင့် ကမ်းရိုးတန်းWCDMAဖုန်း များတွင်သာ အသုံးပြုနိုင်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

''ငွေဖြတ်တောက်မယ့် စနစ် အတွက် ဆော့ဖ်ဝဲလ် ရေးဖို့ ကျန် နေသေးတာပါ။ ကျန်တဲ့စနစ်တွေက တော့ အားလုံးပြီးသွားပါပြီ။ နောက် လမှာ ဝန်ဆောင်မှုပေးနိုင်အောင် အပြီးသတ် ဆောင်ရွက်သွားမှာပါ'' ဟု Fortune International မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စနစ် ဝန်ဆောင်မှု စတင်ပါက လက်ရှိ ကောက်ခံနေ သည့်ပုံစံအတိုင်း အသုံးပြုသွားမည် ဖြစ်ေ ကြာင်း နှုန်းထား လျှော့ချခြင်း များ ပြုလုပ်ဖွယ် မရှိသေးကြောင်း ၄င်းက ဆက်လက်ပြောသည်။
လက်ရှိ ကောက်ခံနေသည့် နှုန်းထားများမှာ သီချင်းတစ်ပုဒ်လျှင် လစဉ်ကြေး ကျပ် ၂ဝဝဝ၊ သီချင်း ထည့်သွင်းခကျပ် ၅ဝဝ နှုန်းကျ သင့်မည် ဖြစ်ပြီး ယင်းငွေများကို လည်း လစဉ်ပထမအပတ်မှစတင် ၍ အသုံးပြုသူ၏ မိုဘိုင်းဖုန်းထဲမှ နုတ်ယူသွားခြင်း ဖြစ်ကြောင်း သိရ သည်။

''ဒီစနစ်ကို အသုံးမပြုချင် တော့ဘူးဆိုရင်တော့ နောက်လ မကူးခင် ကြိုတင် အကြောင်းကြား ပေးရမှာပါ။ ကြိုတင် အကြောင်း မကြားထားရင်တော့ ပုံမှန်အတိုင်း ငွေဖြတ်သွားမှာပါ'' ဟု ၄င်းက ထပ်လောင်းပြော သည်။
လက်ရှိတွင်My Ring Tune စနစ်၌ ဝန်ဆောင်မှု ပေးထားသည့် သီချင်းများမှာ မြန်မာ၊ အင်္ဂလိပ်၊ အိန္ဒိယနှင့် တရုတ်သီချင်းများ ဖြစ်ပြီး အများဆုံးအသုံးပြုကြသည့် သီချင်း များမှာ မြန်မာသီချင်းများ ဖြစ် ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။လစဉ်ကြေး နှစ်ထောင် ပေး သွင်းရတာကတော့ များပါတယ်။ လစဉ်ကြေးပေးဖို့ ဖုန်းထဲမှာ ငွေ မရှိတာနဲ့ ဝန်ဆောင်မှုကို ဖြတ် တောက်ပစ်တယ်။ ဒါတွေကို ပြင် ဆင်လိုက်ရင်တော့ သုံးစွဲသူ များ လာနိုင်ပါတယ်'' ဟု လသာမြို့နယ် မှ ကိုမင်းသူက ပြောသည်။
My Ring Tune စနစ်ကို ၂ဝ၁ဝ ခုနှစ်မှ စတင်ဝန်ဆောင်မှု ပေးခြင်း ဖြစ်ပြီး လက်ရှိတွင် ဝန်ဆောင်မှု ပေး သည့် ၂ နှစ်ပြည့်အဖြစ် လာ မည့် စက်တင်ဘာလတွင် Promotion များ ပြုလုပ်ပေးမည် ဖြစ် ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

No comments:

Post a Comment