Wednesday, August 29, 2012

2012 London Paralympic Game ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ လန်ဒန်မြိုသို့ ထွက်ခွာ

သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၉ ရက်အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပမည့် 2012 London Paralympic Game ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်း ဦးစီး သည့် အဖွဲ့သည် ယမန်နေ့ ည ၈ နာရီ
က လေကြောင်းခရီးဖြင့် လန်ဒန်မြို့သို့ ထွက်ခွာကြရာ အားကစား ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ်မှ အမှုဆောင်များနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက် ခဲ့ကြသည်။

မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့တွင် ဦးစီး၊ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား စုစုပေါင်း ခုနစ်ဦး ပါဝင်ပြီး အားကစားနည်း (၁၇)မျိုး အနက်မှ ပြေးခုန်ပစ်နှင့် ရေကူး အားကစား တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကာ ပြေးခုန်ပစ် (လှံတံ)တွင် ဝင်းနိုင်၊ ရေကူး (မီတာ ၅ဝ လိပ်ပြာကူး၊ မီတာ ၁ဝဝ ပက်လက်ကူး) တွင် နိုင်စစ်အောင် တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပခဲ့သည့် (၆)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ တွင် ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ မျက်မမြင် စစ်တုရင်၊ ကြက်တောင်နှင့် ထိုင်လျက် ဘော်လီဘော စသည့် အားကစားနည်း ခြောက်မျိုး၌ မြန်မာ မသန်စွမ်း အားကစားသမား ၃၆ ဦးပါ ဝင်ယှဉ်ပြိုင်ကြရာ ပြေးခုန်ပစ် တွင် ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် နှစ်ခုနှင့် ကြေးတံဆိပ် ခြောက်ခုကို လည်းကောင်း၊ ရေကူးတွင် ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် ခြောက်ခုနှင့် ကြေးတံဆိပ် လေးခုကို လည်းကောင်း၊ စားပွဲတင် တင်းနစ်တွင် ကြေးတံဆိပ် နှစ်ခုကို လည်းကောင်း၊ မျက်မမြင် စစ်တုရင် တွင် ရွှေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် နှစ်ခုကို လည်းကောင်း၊ ထိုင်လျက် ဘော်လီဘော တွင် ငွေတံဆိပ် တစ်ခုကို လည်းကောင်း အသီးသီး ရရှိခဲ့ပြီး အမိနိုင်ငံ အတွက် ရွှေတံဆိပ် (၁၁)ခု၊ ငွေတံဆိပ် (၉)နှင့် ကြေးတံဆိပ် (၁၄)ခုတို့ကို ရယူပေးနိုင် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment