Samsung အား Apple၏ ဒီဇိုင်းကို
ခိုးယူခဲ့ကြောင်း အမေရိကန် တရားရုံးက ဆုံးဖြတ်ချက်ချပြီးနောက် ယနေ့
စတော့ဈေးကွက်တွင် Samsung ၏ ရှယ်ယာဈေးနှုန်းများမှာ ၇ ဒသမ ၅
ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။
ယခုကဲ့သို့ Samsung ရှယ်ယာဈေးနှုန်း ရာခိုင်နှုန်းကြီးမားစွာ
ကျဆင်းသွားခြင်းမှာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း AFP သတင်းက
ပြောကြားသည်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားရှိ ဆန်းဂျို့စ်
တရားရုံးက Saumsung အား Appl၏ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း ဆုံးဖြတ်၍
လျော်ကြေးငွေ ၁ ဒသမ ၀၅ ဘီလျံ ပေးလျော်ရန် ပြီးခဲ့သည့် သောကြာနေ့က
စီရင်ချက်ချမှတ်ခဲ့သည်။
No comments:
Post a Comment