Monday, August 27, 2012

သေနတ်ပစ်လေ့ကျင့်နေသည့် ဂျက်ဆီကာ အယ်လ်ဘာ


ဂျက်ဆီကာအယ်လ်ဘာတစ်ယောက် လော့စ်အန်ဂျလိစ်တွင် သေနတ်ပစ် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ဟောလီးဝုဒ် နာမည်ကျော် မင်းသမီးသည် အသစ်ရိုက်ကူးမည့် Sin City ဇာတ်ကားတွင် ပါဝင်ရန်အတွက် သေနတ် ပစ်ခတ်မှု ဇာတ်ဝင်ခန်းများနှင့် အသားကျရန် ယခုလို လေ့ကျင့်ေ နခြင်း ဖြစ်သည်။ သူမသည် Sin Cityဇာတ်ကားတွင် မြေအောက် ဒုစရိုက် ကွန်ရက်အတွင်း ကျင်လည်လှုပ်ရှားရသည့် နန်စီကာလာဟန်အဖြစ် ပါဝင်မည် ဖြစ်သည်။ နန်စီသည် ကချေသည် မိန်းကလေး တစ်ဦးဖြစ်ပြီး ဒုစရိုက်ရပ်ဝန်းတွင် စွန့်စားကျင်လည်ရသူ တစ်ဦးအဖြစ် ယခုဇာတ်ကားတွင် သရုပ်ဆောင်ထားသည်။



ဂျက်ဆီကာသည် မူလ Sin Cityဇာတ်ကားတွင်လည်း နန်စီအဖြစ် သရုပ်ဆောင်ခဲ့သေးသည်။ ထိုဇာတ်ကား ကို (၂၀၀၅)ခုနှစ်က ရုံတင်ခဲ့ပြီး အောင်မြင်မှုများ ရခဲ့သလို ဂျက်ဆီကာကိုလည်း ရုပ်ရှင် ဝေဖန်ရေးများက ချီးကျူးခဲ့ကြသည်။ သူမသည် ယခုအခါ သေနတ်ပစ် လေ့ကျင့်နေသော ပုံများကို Twitter တွင် ဖော်ပြခဲ့ပြီးနောက် ဇာတ်ကားသစ်အတွက် လေ့ကျင့်နေရသည့် အတွေ့အကြုံကို ပျော်ရွှင်ေ ကြာင်း ရေးသားထားခဲ့သည်။



သူမသည် Sin City ဇာတ်ကားသစ်ကို ယခုသီတင်းပတ်အတွင်း စတင်ရိုက်ကူးမည် ဖြစ်သည်။ ဂျက်ဆီကာသည် နန်စီအဖြစ် သရုပ်ဆောင်ရန်အတွက် ဆံပင်ကိုလည်း အရောင်ပြောင်း ဆိုးထားလိုက်သည်။ သူမသည် အညိုရောင် ဆံပင်များကို နှုတ်ဆက်ကြောင်းလည်း Twitterတွင် ရေးသားခဲ့သေးသည်။ Sin City: A Dame to Kill For ဇာတ်ကားကို (၂၀၁၃)ခုနှစ်တွင် ရုံတင်သွားမည်ဟု သိရှိရသည်။

No comments:

Post a Comment