Wednesday, August 29, 2012

SKY Net ရုပ်သံ အပတ်စဉ် စနေနေ့တိုင်း ဂျေလိဂ်ပွဲ ပြသမည်

ပရီးမီးယားလိဂ်ပွဲများ ပြသနိုင်ခြင်း မရှိသဖြင့် ပရိသတ်၏ ဝေဖန်မှုများ ရှိနေသည့် ပြည်တွင်း အခပေး SKY Net ရုပ်သံက ဂျပန်နိုင်ငံ၏ ဂျေလိဂ် ဘောလုံး ပြိုင်ပွဲများအနက် အပတ်စဉ် စနေနေ့တိုင်း ဂျေလိဂ်ပွဲစဉ် တစ်ပွဲ ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း SKY Net မန်နေဂျာ ဦးဝင်းနိုင်က ပြောကြားသည်။

ရန်ကုန်မြို့တော် ကန်တော်ကြီးရှိ ကရဝိတ် ဟိုတယ်၌ သြဂုတ်လ၂၈ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သည့် ဂျေလိဂ်နှင့် SKY Net ရုပ်သံတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် လက်မှတ်ရေးထိုးပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ SKY NET အနေနဲ့ လက်ရှိမှာ တစ်ပတ်ကို နိုင်ငံတကာပွဲပေါင်း ၆၀ ပြသ နေပါတယ်"ဟု ၎င်းက ဆိုသည်။
SKY Net က ဂျေလိဂ် ပြိုင်ပွဲကို ၂၀၁၃-၂၀၁၄ ဘောလုံးရာသီ အထိ စာချုပ်ချုပ်ဆို ထားကြောင်း ငွေကြေး မည်မျှဖြင့် ချုပ်ဆို ထားသည်ကိုမူ နိုင်ငံတကာ ဥပဒေ အရ ဖွင့်ပြောပိုင်ခွင့် မရှိကြောင်း ဦးဝင်းနိုင်က ရှင်းပြသည်။

No comments:

Post a Comment