Thursday, August 9, 2012

SQL Injection Attack ကို ဘယ်လို ကာကွယ်ကြမလဲ

From -မြန်မာ့ကွန်ပျူတာအရေးပေါ်တုံပြန်ရေးအဖွဲ့
SQL Injection ကို ကာကွယ်ရာတွင် User Input တွင် လက်ခံသော characters များကို ကန့်သတ်ထားခြင်း၊ data access အတွက် သတ်မှတ်ထားသော SQL query များကို သုံးခြင်း၊ database တွင် ခွင့်ပြုချက်ကန့်သတ်ချက်များရှိသည့် အနည်းဆုံး privileged account တစ်ခုကိုသုံးခြင်း အစရှိသည့်ဖြေရှင်းနည်းများဖြင့် ဖြေရှင်းရပါမည်။
ရည်ရွယ်ချက်များ

♦ SQL injection attacks အလုပ်လုပ်ပုံကို လေ့လာရန်
♦ SQL injection ကို ကာကွယ်ရန်အတွက် user input လက်ခံသည်များကို ကန့်သတ်ရန်
♦ SQL injection ကို ကာကွယ်ရန် လုံခြုံမှုရှိသည့် SQL Command parameters များကို အသုံးပြုရန်
♦ Database နှင့် ချိတ်ဆက်ရန် အနည်းဆုံး ကန့်သတ်ထားသည့် account တစ်ခုကို အသုံးပြုရန်
♦ Risk လျော့ချမှုကို အကျိုးပြုရန်အတွက် ဖြေရှင်းနည်းများကို နောက်ထပ် လေ့လာရန်

သုံးသပ်ချက်များ
မသမာသည့်ရည်ရွယ်ချက်ဖြင့်အသုံးပြုမည့်သူတစ်ယောက်ကို အထောက်အကူ ပြုစေနိုင်သော database commands များ အလုပ်လုပ်သွားစေနိုင်သည့် Login page မှ အားနည်းချက်များကို အသုံးပြုခြင်းဖြင့် SQL injection တစ်ခုဖြစ်မြောက် နိုင်ပါသည်။ application မှ database ကို ချိတ်ဆက်ရန် over-privileged account တစ်ခုကို အသုံးပြုလျှင် ဒီပြသနာက ပိုပြီး ကြီးနိုင်ပါတယ်။ ဥပမာအားဖြင့် သင့် application’s Login page တွင် database တစ်ခုကို ဖျက်ပစ်နိုင်သည့် ကာကွယ်မှုမျိုး မလုပ်ထားဘူးဆိုလျှင် Attacker တစ်ယောက်က ဖျက်ပစ်နိုင်ပါလိမ့်မည်။
SQL injection attacks များဖြစ်ရန် သင့်ရဲ့ Data လက်ခံသည့်နေရာတွင် သံသရဖြစ်စရာ Code များ ပါသည့် အဓိက အားနည်းချက်များမှာ
- User ရိုက်လိုက်သည်များကို စစ်ဆေးမှု အားနည်းခြင်း
- စနစ်ကျသည့် parameters များကို မသုံးဘဲ SQL statements များကို တည်ဆောက်ခြင်း
- Over-privileged database login များကို သုံးခြင်း

SQL Injection နမူနာ
User တစ်ယောက်က SSN လို့ အမည်ပေးထားတဲ့ text box တွင် အောက်တွင်ပြထားသော String ကို ရိုက်လိုက်တဲ့အခါ ဘယ်လိုဖြစ်မလဲ စဉ်းစားကြည့်ပါ။
' ; DROP DATABASE pubs --
၎င်း string ကို text box တွင် ထည့်လိုက်ခြင်းဖြင့် ၄င်း application တွင် အောက်မှာဖော်ပြထားသော Dynamic SQL Statement (သို့) Store Procedure (SQL statement တစ်ခု ကဲ့သို့ အတွင်းပိုင်းတွင် အလုပ်လုပ်သော) တို့မှာ အလုပ် လုပ်သွားပါတယ်။

    // Use dynamic SQL
    SqlDataAdapter myCommand = new SqlDataAdapter(
         "SELECT au_lname, au_fname FROM authors WHERE au_id = '" + 
          SSN.Text + "'", myConnection);

    // Use stored procedures
    SqlDataAdapter myCommand = new SqlDataAdapter(
         "LoginStoredProcedure '" + SSN.Text + "'", myConnection);

Code ကို run သည့်အခါ ၄င်း code တွင် user ၏ အချက်အလက်ကို ထည့်ပြီး အောက်ပါ SQL Statement တစ်ခုကို ဖြစ်ပေါ်စေခြင်းသည် Developer ၏ ရည်ရွယ်ချက်ဖြစ်ပါသည်။
    SELECT au_lname, au_fname FROM authors WHERE au_id = '172-32-9999'
သို့သော်လည်း Code တွင် user ၏ malicious ပါဝင်သည့် အချက်အလက်ကို ထည့်ပြီး အောက်ပါ query ကို ဖြစ်ပေါ်စေပါသည်။
    SELECT au_lname, au_fname FROM authors WHERE au_id = ''; DROP DATABASE pubs --'
အကြောင်းမှာ ‘ (single quotation mark) မှာ Malware ပါသည့် input သည် SQL statement တွင် ရှိသော တိကျတဲ့ current string တစ်ခုကို ရပ်လိုက်ပါသည်။ အောက်ပါသာဓကမှာ current statement ကို ဆက်၍ အလုပ်မလုပ်ပါ။ ဒါပေမယ့် new statement တစ်ခုကို စလုပ်လျှင် current statement ကို ပိတ်လိုက်ခြင်းဖြစ်သည်။ လွှဲမှားတဲ့ input ရဲ့ single quotation mark အဖွင့်သည် အောက်ပါ စာကြောင်းတွင် အကျိုးဆက်ကို တွေ့နိုင်ပါသည်။
    SELECT au_lname, au_fname FROM authors WHERE au_id = ' '
; (semicolon) မှာ SQL statement တွင် statement တစ်ခု အလုပ်ပြီးဆုံးသွားလျှင် ပိတ်သည့် သင်္ကေတဖြစ်ပြီး အောက်ပါ malicious SQL code မှာ ယင်း ; (semicolon) ၏ နောက်တွင်ပါလာခြင်းဖြစ်သည်။
    ; DROP DATABASE pubs
; သည် SQL statements များကို ခွဲခြားရန် လိုအပ်သည့် လိုအပ်မှုမျိုးမဟုတ်ပါ။ vendor (သို့) implementation ပေါ်တွင် မူတည်ပါသည်။ သို့သော် Microsoft SQL Server သည် ၄င်းတို့ကို မလိုအပ်ပါ။ ဥပမာ SQL Server မှာ သီးခြား စာကြောင်း နှစ်ခုကဲ့သို့ အောက်တွင် ခွဲလိုက်ပါသည်။
    SELECT * FROM MyTable DELETE FROM MyTable
နောက်ဆုံး -- (double dash) သည် text တွေကို အလုပ်မလုပ်ဖို့ ပိတ်ထားသည် SQL comment တစ်ခုဖြစ်ပါသည်။ SQL သည် တခြားနည်းဖြင့် SQL parser error တစ်ခုကို ဖြစ်စေသည့် ‘ (single quotation mark ) အပိတ်ကို ဂရုမပြုပါ။
--'
လမ်းညွှန်ချက်များ
SQL injection attacks များကို တုန့်ပြန်ရန် လိုအပ်ချက်များမှာ-
- Input data များကို ကန့်သတ်ထားရန်နှင့် သေချာစစ်ဆေးပါ။ type , length, format နှင့် range များကို စစ်ခြင်းဖြင့် သန့်စင်သည့် data ဖြစ်ရန် စစ်ဆေးရပါမည်။
- Data access အတွက် လုံခြုံစိတ်ချရတဲ့ SQL parameters များကို သုံးပါ။ SQL paramenters များအား stored procedures (သို့) SQL command strings များကို တည်ဆောက်သည့် dynamically နေရာများတွင်လည်း သုံးနိုင်ပါသည်။
   - SQLParameterCollection ကဲ့သို့ Parameter collections များသည် type စစ်ခြင်းနှင့် Length validation တို့ကို ထောက်ပံ့သည်။ parameters collection တစ်ခုကို သုံးလျှင် input ကို တိကျတဲ့တန်ဖိုးတစ်ခုကဲ့သို့ သုံးပြီး SQL Server သည် excutable code ကဲ့သို့ ၄င်းကို မသုံးပါ။ parameter collection တစ်ခုကို သုံးခြင်းဖြင့် type နှင့် length စစ်ခြင်းများကို အတည်ပြုနိုင်သည့် အကျိုးကျေးဇူးရှိပါသည်။ Values outside of the range trigger an exception. ၄င်းမှာ နက်နဲတဲ့ ကာကွယ်မှု ဥပမာကောင်းတစ်ခုဖြစ်ပါသည်။
- Database တွင် permissions ကန့်သတ်ထားသော account တစ်ခုကို သုံးပါ။ အထူးသဖြင့် database တွင် stored procedures များကို ရွေးချယ်ဖို့ လုပ်ဆောင်နိုင်သည့် permissions များကိုသာ သဘောတူသင့်ပြီး table များကို တိုက်ရိုက် လက်ခံမှုမျိုး မရှိသင့်ပါ။
- Database Error Information များကိုထုတ်ဖော်ပြောခြင်းမျိုးကို ရှောင်ပါ။ database error များ၏ အသေးစိတ် error များကို user များအား ထုတ်ဖော်မပြောမိစေရန် သတိပြုပါ။
မှတ်ချက် ။ ။ လုံခြုံမှုအား SSL (Secure Socket Layer) နှင့် IP Security များကို သုံးခြင်းဖြင့် တိုင်းတာပါ။

အကျဉ်းချုပ်အဆင့်များ
SQL injection မှ ကာကွယ်ရန် အောက်ပါအချက်များကို ဆောင်ရွက်ပါ။
- အဆင့် ၁ input ကို ကန့်သတ်ပါ။
- အဆင့် ၂ stored procedures များနှင့်အတူ parameters များကို သုံးပါ။
- အဆင့် ၃ dynamic SQL နှင့်အတူ parameters များကို သုံးပါ။

အဆင့် ၁ input ကို ကန့်သတ်ခြင်း ASP.NET application တွင် type ၊ length ၊ format နှင့် range တို့အတွက် input အားလုံးကို စစ်သင့်ပါသည်။ data access queries တွင် input ကို ကန့်သတ်ခြင်းဖြင့် SQL injection ကာကွယ်နိုင်ပါသည်။
မှတ်ချက် ။ ။ input ကန့်သတ်သည့်ခြင်းသည် လက်ခံသော characters များ စာရင်းတစ်ခုကို ဖန်တီးရန် အလေ့အကျင့်ကောင်း တစ်ခုဖြစ်ပြီး လက်ခံသော characters များ စာရင်းတွင် မပါသည့် မည်သည့် characters မျိုးမဆို ဖယ်ရှားရန် regular expressions ကို သုံးပါ။ validation မလုပ်ဘဲ လက်မခံတဲ့ character များကို လက်ခံခြင်းသည် ဆုံးရှုံးမှု အလားအလာဖြစ်ပါတယ်။

ASP.NET web page များတွင် input ကို ကန့်သတ်ခြင်း
ASP.NET web page များအတွက် input တွေကို ကန့်သတ်ရန် server side code မှာ ရေးပါ။ client-side validation ကို မမှီခိုပါနှင့် အဘယ်ကြောင့်ဆိုသော် ၄င်းကို အလွယ်တကူ ကျော်နိုင်လို့ပါ။ server to client နှင့် client to server သွားသည့် round trip ကို လျော့ချရန် နှင့် user experience ကို တိုးမြှင့်ရန်သာ client-side validation သုံးသည်။
Server controls ကို သုံးလျှင် input ကို ကန့်သတ်ရန် RegularExpressionValidator နှင့် RangeValidator ကဲ့သို့ ASP.NET validator controls များကို သုံးပါ။ ပုံမှန် HTML input controls ကို သုံးလျှင် input ကို ကန့်သတ်ရန် server-side code တွင် Regex class ကို သုံးပါ။
ပြီးခဲ့တဲ့ code နမူနာတွင် ASP.NET TextBox control တစ်ခုက SSN အမည်ရှိတဲ့ Textbox မှ Value ကို ဖမ်းယူခဲ့ပါတယ်။ ၄င်း Value ကို အောက်တွင်ဖော်ပြထားသော RegularExpressionValidator တစ်ခုကို သုံးခြင်းဖြင့် ၄င်း Value ကို ကန့်သတ်နိုင်ပါသည်။
    <%@ language="C#" %>
    <form id="form1" runat="server">
        <asp:TextBox ID="SSN" runat="server"/>
        <asp:RegularExpressionValidator ID="regexpSSN" runat="server"         
                                        ErrorMessage="Incorrect SSN Number" 
                                        ControlToValidate="SSN"         
                                        ValidationExpression="^\d{3}-\d{2}-\d{4}$" />
    </form>

SSN input သည် HTML control တစ်ခု၊ query string parameter တစ်ခု (သို့) cookie တစ်ခု အနေနဲ့ဖြစ်မည်ဆိုလျှင် System.Text.RegularExpressions namespace မှ Regex class ကို သုံးခြင်းဖြင့် ကန့်သတ်ထားနိုင်ပါသည်။ အောက်ပါ ဥပမာတွင် Input သည် cookie တစ်ခုမှ ရတယ်လို့ ယူဆရပါတယ်။
    using System.Text.RegularExpressions;
    if (Regex.IsMatch(Request.Cookies["SSN"], "^\d{3}-\d{2}-\d{4}$"))
    {
        // access the database
    }
    else
    {
        // handle the bad input
    }

ASP.Net တွင် Injection Attacks များမှ ဘယ်လိုကာကွယ်မလဲ ကြည့်ကြရအောင်။

Data လက်ခံသည့် Code ရေးတဲ့နေရာတွင် user input များကို ကန့်သတ်ပါ
ASP.NET page-level validation အပြင် data access code တွင် validation လုပ်ဖို့လိုအပ်ပါတယ်။ Data access code တွင် validation လုပ်ရန် အဓိကအခြေအနေ (၂)ခု ရှိပါတယ်။

Untrusted Clients
Data သည် မယုံကြည်ရတဲ့နေရာတစ်ခုမှ လာနိုင်လျှင် (သို့) သင့်မှာ data တွေကို ဘယ်လို validate နှင့် ကန်သတ်မှုများကို လုပ်ရန် အာမမခံနိုင်ဘူးဆိုလျှင် data လက်ခံတဲ့လမ်းကြောင်းတွင် input ကို ကန့်သတ်တဲ့ validation logic ကို ထည့်ပါ။

Library code
သင့် data access code မှာ library တစ်ခုကဲ့သို့ packaged ဖြစ်လျှင် သင့် data access code ကို ကိုယ်ပိုင် validation ကို ပြုလုပ်သင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော် client applications နဲ့ပတ်သက်သော လုံခြုံမှုမရှိသော ယူဆချက်များ သင့် ပြုလုပ်နိုင်ပါတယ်။
Regular expressions ကို သုံးခြင်းဖြင့် data access လမ်းကြောင်းတစ်ခု ဘယ်လို validate လုပ်နိုင်လဲဆိုတာကို အောက်ပါဥပမာတွင် ပြထားပါတယ်။
    using System;
    using System.Text.RegularExpressions;

    public void CreateNewUserAccount(string name, string password)
    {
        // Check name contains only lower case or upper case letters, 
        // the apostrophe, a dot, or white space. Also check it is 
        // between 1 and 40 characters long
        if ( !Regex.IsMatch(userIDTxt.Text, @"^[a-zA-Z'./s]{1,40}$"))
        throw new FormatException("Invalid name format");

        // Check password contains at least one digit, one lower case 
        // letter, one uppercase letter, and is between 8 and 10 
        // characters long
        if ( !Regex.IsMatch(passwordTxt.Text, 
                      @"^(?=.*\d)(?=.*[a-z])(?=.*[A-Z]).{8,10}$" ))
        throw new FormatException("Invalid password format");

        // Perform data access logic (using type safe parameters)
        ...
    }

အဆင့် (၂) Stored Procedure နှင့်အတူ Parameter များကို သုံးပါ
Stored procedures များကို သုံးခြင်းသည် SQL injection ကို သေချာပေါက် မကာကွယ်ပါ။ လုပ်ဆောင်ဖို့ အရေးအကြီးဆုံးအရာကတော့ stored procedure များနှင့်အတူ parameter များကို သုံးပါ။ parameter များကို အသုံးမပြုလျှင်၊ Overview ကဏ္ဍတွင် ဖော်ပြထားသလို unfiltered input ကို သုံးမယ်ဆိုလျှင် SQL injection ဖြစ်နိုင်ပါတယ်။
အောက်ပါ code မှာ stored procedure တစ်ခု ခေါ်တဲ့အခါ SqlParameterCollection ကို ဘယ်လိုသုံးလဲဆိုတာကို ပြထားတာပါ။
    using System.Data;
    using System.Data.SqlClient;

    using (SqlConnection connection = new SqlConnection(connectionString))
    {
        DataSet userDataset = new DataSet();
        SqlDataAdapter myCommand = new SqlDataAdapter( 
            "LoginStoredProcedure", connection);
        myCommand.SelectCommand.CommandType = CommandType.StoredProcedure;
        myCommand.SelectCommand.Parameters.Add("@au_id", SqlDbType.VarChar, 11);
        myCommand.SelectCommand.Parameters["@au_id"].Value = SSN.Text;

        myCommand.Fill(userDataset);
    }

ဤ code တွင် @au_id parameter သည် တိကျသောတန်ဖိုးတစ်ခုကဲ့သို့ ပြုလုပ်ပြီး executable code ကဲ့သို့ မပြုလုပ်ပါ။ သို့သော်လည်း parameter များကို type နှင့် length အတွက် စစ်ဆေးခဲ့ပါတယ်။ code ဥပမာ ရဲ့ ဦးစားပေးမှုမှာ input တန်ဖိုးကို character (၁၁)လုပ်ထက် မပိုရန်ဖြစ်သည်။ data များသည် parameter များက သတ်မှတ်ထားတဲ့ type (သို့) length မှာ လိုက်လျောမညီပါက SqlParameter class သည် exception တစ်ခုအဖြစ် throw လုပ်လိုက်ပါတယ်။

Application တွင် Parameterized Stored Procedure အသုံးပြုမှုကို ပြန်လည် သုံးသပ်ခြင်း
အဘယ်ကြောင့် Parameter များနှင့်အတူ stored procedure များကိုသုံးခြင်းမှာ SQL injection ကို သေချာပေါက် မကာကွယ်နိုင်တာပါ။ ဤ stored procedure type ၏ အသုံးပြုမှုကို သင် ပြန်လည်သုံးသပ်သင့်ပါတယ်။ ဥပမာ အောက်ပါ parameterized stored procedure မှာ လုံခြုံမှု အားနည်းမှု အများအပြား ရှိပါတယ်။
    CREATE PROCEDURE dbo.RunQuery
    @var ntext
    AS
        exec sp_executesql @var
    GO

အောက်ပါ အားနည်းချက်များရှိတဲ့ ရှေ့ရောက်နေတဲ့ code example တွင် တစ်ခုနှင့်တူသော stored procedure တစ်ခုကို သုံးထားပါတယ်။
• ဘယ် statement မဆို passed ဖြစ်တဲ့အခါ stored procedure များ execute လုပ်ပါတယ်။ @var variable သည် DROP TABLE ORDERS;ကို ဖြစ်စေသည်။ ဤ code သည် ORDERS ဆိုတဲ့ table ကို ဖျက်ချလိမ့်မည်။
• Stored procedure ကို Dbo privileges နှင့်အတူ run ပါ။
• Store procedure အမည် RunQuery သည် ရွေးချယ်မှု နည်းပါးမှုတစ်ခုဖြစ်ပါတယ်။ attacker တစ်ယောက်က database ကို သက်သေပြနိုင်လျှင် attacker က stored procedure အမည်ကို မြင်ပါလိမ့်မယ်။ RunQuery အမည်နှင့်တူတာကို attacker မှာ query ကို run သွားရန် အလားအလာရှိတဲ့ stored procedure ကို မှန်းဆ နိုင်ပါတယ်။

အဆင့် (၃) Dynamic SQL နှင့်အတူ Parameter များကို သုံးပါ။
သင်ဟာ Stored Procedure ကို အသုံးမပြုလျှင် Dynamic SQL statement တွေကို တည်ဆောက်တဲ့အခါမှာ parameters များကို အသုံးပြုနေသေးသင့်ပါတယ်။ အောက်ပါ code မှာ dynamic SQL နှင့်အတူ SqlParametersCollection ကို ဘယ်လိုသုံးမလဲဆိုတာပါ။
    using System.Data;
    using System.Data.SqlClient;

    using (SqlConnection connection = new SqlConnection(connectionString))
    {
        DataSet userDataset = new DataSet();
        SqlDataAdapter myDataAdapter = new SqlDataAdapter(
         "SELECT au_lname, au_fname FROM Authors WHERE au_id = @au_id", 
         connection);                
        myCommand.SelectCommand.Parameters.Add("@au_id", SqlDbType.VarChar, 11);
        myCommand.SelectCommand.Parameters["@au_id"].Value = SSN.Text;
        myDataAdapter.Fill(userDataset);
    }

Parameter Batching ကို သုံးခြင်း
အဓိက လွဲချော်တဲ့ စိတ်ကူးကတော့ single round trip တစ်ခုတွင် server ဆီသို့သွားတဲ့ a batch of statement ကို ပို့ရန် SQL statement အမြောက်အများနှင့် ဆက်စပ်လျှင် parameter များကို အသုံးမပြုနိုင်ပါ။ သို့သော်လည်း parameter name များမှာ မထပ်ဘူးဆိုတာ သေချာလျှင် ဒီ နည်းပညာကို သုံးနိုင်ပါတယ်။ SQL text concatenation တွင် unique parameter ကို အသေအချာ သုံးခြင်းဖြင့် အောက်တွင် ပြထားသလို အလွယ်တကူ လုပ်နိုင်ပါတယ်။
    using System.Data;
    using System.Data.SqlClient;
    . . .
    using (SqlConnection connection = new SqlConnection(connectionString))
    {
      SqlDataAdapter dataAdapter = new SqlDataAdapter(
           "SELECT CustomerID INTO #Temp1 FROM Customers " +
           "WHERE CustomerID > @custIDParm; SELECT CompanyName FROM Customers " +
           "WHERE Country = @countryParm and CustomerID IN " +
           "(SELECT CustomerID FROM #Temp1);",
           connection);
      SqlParameter custIDParm = dataAdapter.SelectCommand.Parameters.Add(
                                              "@custIDParm", SqlDbType.NChar, 5);
      custIDParm.Value = customerID.Text;

      SqlParameter countryParm = dataAdapter.SelectCommand.Parameters.Add(
                                          "@countryParm", SqlDbType.NVarChar, 15);
      countryParm.Value = country.Text;

      connection.Open();
      DataSet dataSet = new DataSet();
      dataAdapter.Fill(dataSet);
    }
    . . .
SQL injection ကို ကာကွယ်ရန်စဉ်းစားတဲ့အခါမှာ အခြားစဉ်းစားစရာအချက်တွေက
- Special input characters များကို ဖြေရှင်းရန် escape routines ကို သုံးခြင်း
- အနည်းဆုံး Privileged database account တစ်ခုကို သုံးခြင်း
- Error information တွေကို ဖော်ပြခြင်းမှ ရှောင်ခြင်း

Special input characters များကို ဖြေရှင်းရန် escape routines ကို သုံးခြင်း
Dynamic SQL နှင့်အတူ Special input characters များမှာ threat တစ်ခုအဖြစ် ဟန်ဆောင်ပါတယ်။ parameterized SQL ကို သုံးတဲ့အခါမှာတော့ မဟုတ်ပါဘူး။ အောက်တွင်ဖော်ပြတဲ့ code အချို့က SQL Server ကို အန္တရာယ်မရှိအောင် Escape routines တွင် Special meaning ဖြစ်တဲ့ characters များကို escape character တစ်ခုထည့်ထားပါတယ်။
    private string SafeSqlLiteral(string inputSQL)
    {
      return inputSQL.Replace("'", "''");
    }

A Least-Privileged database account တစ်ခုကို သုံးခြင်း
Privileged account ကိုအသုံးပြုပြီး သင့် application ကို database ဖြင့် ချိတ်သင့်ပါတယ်။ Windows authentication ကို သုံးရာတွင်လည်း Operation System ရှုထောင့်မှ အနည်းဆုံး privileged account ရှိသင့်ပြီး limited privileges ရှိရန်နှင့် Windows resources တွေကို ရရှိဖို့ ကန့်သတ်ထားရပါမယ်။ ဒါ့အပြင် windows authentication (သို့) SQL authentication ကို အသုံးပြုလား အသုံးမပြုလားဆိုရာတွင် တူညီနေတဲ့ SQL Server login ကို database တွင် permissions ဖြင့် ကန့်သတ်သင့်ပါတယ်။
Microsoft Windows Server 2003 ပေါ်တွင် run ထားတဲ့ ASP.NET application တစ်ခုကို စဉ်းစားကြည့်ရအောင်။ default အနေနဲ့ ASP.NET application သည် Network Service account အောက်တွင် run တဲ့ application pool တစ်ခုထဲတွင် run ပါတယ်။ ဒီ account သည် a least privileged account ဖြစ်ပါတယ်။
Network Service account နှင့်အတူ SQL Server ကို လက်ခံရန်
၁။ Web server ၏ Network Service account အတွက် SQL Server Login တစ်ခုကို တည်ဆောက်ပါ။ Network Service account မှာ DOMAIN\WEBSERVERNAME$ လို့ database server မှာ ဖော်ပြနေတဲ့ network credentials များ ရှိပါတယ်။ ဥပမာ သင့် domain သည် XYZ လို့ခေါ်ပြီး Web Server သည် 123 လို့ခေါ်တယ်ဆိုလျှင် သင်က XYZ/123$ အတွက် database login ကို တည်ဆောက်ပါ။
၂။ database user တစ်ခုကို တည်ဆောက်ခြင်းနှင့် database role တစ်ခုသို့ user ကိုထည့်ခြင်းဖြင့် လိုအပ်သော database ကို လက်ခံဖို့အတွက် Login အသစ်ကို ခွင့်ပြုပါ။
၃။ ဒီ database role က database ထဲမှာ ရှိတဲ့ လိုအပ်တဲ့ table တွေ ကို လက်ခံရန်နှင့် လိုအပ်တဲ့ stored procedure တွေကို ခေါ်ယူဖို့ကို ခွင့်ပြုဖို့ permission များကို တည်ဆောက်ပါ။ application က အသုံးပြုဖို့ လိုအပ်တဲ့ stored procedures များကို လက်ခံရန်သာ ခွင့်ပြုရန်နှင့် application ရဲ့ အနည်းဆုံးလိုအပ်ချက်များပေါ်တွင် အခြေခံတဲ့ table များကို လုံလုံလောက်လောက်လက်ခံရန်သာ ခွင့်ပြုပါ။
ဥပမာ ASP.NET application သည် database ကို ကြည့်ရန်အတွက်သာ လုပ်ဆောင်ပြီး data တွေကို update မလုပ်ဘူးဆိုလျှင် table များကို read access ကို သာ ခွင့်ပြုဖို့လိုပါတယ်။ ထိုသို့လုပ်ခြင်းဟာ attacker မှ SQL injection attack တစ်ခုကို အောင်မြင်တယ်ဆိုရင် attacker တစ်ယောက် မှ ဖြစ်စေသည့် ပျက်စီးမှုအတိုင်းအတာကို ကန့်သတ်ခြင်း ဖြစ်ပါတယ်။

Error information တွေကို ဖော်ပြခြင်းမှ ရှောင်ခြင်း
Error များကို ဖမ်းဖို့ exception handling ပုံစံကို သုံးပြီး client ဘက်တွင် ၄င်း error များကို ဖော်ပြခြင်း ကာကွယ်ပါ။ အသေးစိတ် error information များကို Local တွင် Log အနေနဲ့ထားပါ။ ဒါပေမယ့် client ဘက်မှာတော့ အသေးစိတ် error များကို မပြပါနှင့်။
User က database ကို ချိတ်ဆက်စဉ် error ပေါ်ပေါက်မယ်ဆိုလျှင် user များသို့ error nature များကို ကန့်သတ် သတ်မှတ်ထားမှု ထားရှိပါ။ data တွေကို လက်ခံရန် ဆက်စပ်နေတဲ့ သတင်းအချက်အလက်များနှင့် database error များကို ဖော်ပြမယ်ဆိုလျှင် သင့် database security ကို compromise လုပ်ရန် သုံးနိုင်တဲ့ အသုံးဝင်တဲ့ သတင်းအချက်နှင့်အတူ malicious user တစ်ယောက်ကို ထောက်ပံ့နိုင်ပါတယ်။ Attacker များက SQL query တစ်ခုကို deconstruct လုပ်ရန် အကူအညီဖြစ်မည့် error message အသေးစိတ်တွင်ရှိတဲ့ သတင်းအချက်အလက်များကို အသုံးပြုပြီး သူတို့သည် malicious code တွေနှင့်အတူ ထိုးဖောက်ဖို့ ကြိုးစားနေကြပါတယ်။ error message အသေးစိတ် တစ်ခုဟာ connection string, SQL server name သို့မဟုတ် table နှင့် database naming conventions များကဲ့သို့ တန်ဖိုးရှိတဲ့ သတင်းအချက်အလက်ကို ထုတ်ဖော်နိုင်ပါတယ်။

Reference : http://msdn.microsoft.com

 

No comments:

Post a Comment