Monday, September 17, 2012

Apple၏ iPhone 5ကို နှိုင်းယှဉ်ပြထားသည့် Samsung၏ Galaxy S3 ကြော်ငြာကို Apple အမာခံ ပရိသတ်များက ပြန်လည် တုံ့ပြန်မှုများ ပြုလုပ်လာ

အစောပိုင်းက Samsungသည် Galaxy S3နှင့် Appleတို့၏ အချက်အလက်များကို ဘေးချင်းယှဉ် ဖော်ပြခဲ့သော်လည်း Appleနှင့် iPhoneပရိသတ်များက တစ်ချက်ချင်းစီ ပြန်လည် ထောက်ပြ ဝေဖန် ကာ လှောင်ြေ ပာင်ခဲ့ခြင်း ဖြစ်သည်။ Galaxy S3မှာ ကြီးလွန်းသဖြင့် ၎င်း၏ Screenကို ကြည့်ရန် အနည်းဆုံး လက်မ(၂၀)မျှ ခွာရမည်၊ ပလပ်စတစ် ကိုယ်ထည်က iPhone 5၏ ဖန်နှင့် အလူမီနီယမ် ကိုယ်ထည်ထက် ပိုလေးနေသည် အစရှိသည့် အချက်များကို ထောက်ပြကာ Appleအမာခံ ပရိသတ်များက တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် Appleနှင့် Samsungတို့၏ ကုမ္ပဏီချင်း အားပြိုင်မှုသည် iPhone 5နှင့် Galaxy S3 သုံးစွဲသူ ပရိသတ်ချင်း အားပြိုင်မှုထိ ဇာတ်လမ်းရှည်လာကြောင်း CNet သတင်းဌာနက ဖော်ပြသွားသည်။

From -Planet

1 comment:

  1. Samsung က အဲ့ဒီ S3 ကိုဝယ်လာပီး
    တစ်ပတ်လောက်မှာ LCD ပျက်သွားတယ်
    warranty နဲ့သွားပြောတော့.လက်ခပဲအလကားတဲ့
    ပစ္စည်းဖိုးပေးရမယ်ဆိုလို့ပေးလိုက်ရတယ်..ကဲစဉ်းစားကြပါ.
    အိုင်ဖုန်း တစ်ခုခုဖြစ်လို့ warranty မကုန်ခင်သွားပြပါ
    အသစ်တစ်လုံးလဲပေးပါတယ်..
    အဲ့ဒါဆိုသိပေါ့..ဘယ်ဟာရွေးကြမလဲ.

    ReplyDelete