Wednesday, September 5, 2012

ကလေးငယ်များ အစားအသောက်နှင့် အိုင်ကျူ ဆက်စပ်နေ

ကလေးငယ်များအား ၂၄ လ (အသက်၂ နှစ်) အထိ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် များ ကျွေးမွေးပြီး အသက်ရှစ်နှစ် အရွယ်တွင် စစ်ဆေးကြည့်ရာ၌ ယင်းကလေးများမှာ အိုင်ကျူ မြင့်မားနေေ ကြာင်း  သြစတြေးလျ သုတေသီများက တွေ့ရှိခဲ့ကြသည်။
အက်ဒီလေ့ဒ်တက္ကသိုလ် မှ ဒေါက်တာလီဆာစမစ်သာတို့ အဖွဲ့က ကလေးပေါင်း ၇,၀၀၀ အား လေ့လာပြီး အစဉ်အလာအားဖြင့် ကလေးများကို ကျွေးသည့်အစားအစာ၊ ကလေးအတွက် အသင့် ပြင်ဆင်ထားသော အစားအစာ၊ မိခင်နို့ တိုက်ကျွေးခြင်းနှင့် အသင့်စား အစားအသောက်များ ကျွေးမွေးခြင်း စသည်တို့ကို ခွဲခြားလေ့လာခဲ့သည်။ “ကလေးအသက် ၂ နှစ် အတွင်းမှာ ဦးနှောက်တစ်ရှူးတွေ ဖွံ့ဖြိုးဖို့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ အစားအသောက်တွေက ကလေးရဲ့ အိုင်ကျူအပေါ် ဘယ်လို သက်ရောက်သလဲဆိုတာ သိချင်လို့ အခုလို လေ့လာခဲ့တာပါ” ဟု ဒေါက်တာစမစ်သာက ပြောကြားသည်။

ခြောက်လအထိ မိခင်နို့ တိုက်ကျွေးပြီး ကလေးအစာ စားသည့်အခါ ပဲအမျိုးမျိုး ချိစ်များ ထည့်ကျွေးပြီး ၁၅ လနှင့် ၂၄ လအကြား သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စားသောက်ရသည့် ကလေးများမှာ အသက်ရှစ်နှစ်အရွယ်တွင် အိုင်ကျူနှစ်မှတ် ပိုမိုမြင့်မားနေကြောင်း သုတေသီများက ပြောကြားသည်။ ဘီစကစ်၊ ချောကလက်၊ အအေးဘူးများနှင့် အသင့်စား အာလူးကြော်ကဲ့သို့ အစားအသောက်များသာ စားသုံးခဲ့ရသော ကလေးငယ်များတွင် အိုင်ကျူနိမ့်နေသည်ကို တွေ့ရသည်ဟု သုတေသီများ က ပြောသည်။                                                          

No comments:

Post a Comment