ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
စက်တင်ဘာ (၂၈)ရက် ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ခေတ္တတည်းခိုသည့်
အမေရိကန်ပြည်ေ ထာင်စု နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌
မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ နှင့်အမှုဆောင်များအား
လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဌ
ဦးသိန်းဟန် (ခ) Mr. William H. Su ၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များက
မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း၊
ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ ဓာတုဗေဒဆိုင်ရာလုပ်ငန်းနှင့်
ဥပဒေရေးရာကိစ္စရပ်များ လာရောက်လုပ်ကိုင်ဆောင်ရွက်နိုင် ရေးအတွက် ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်သမ္မတက လုပ်ငန်းတစ်ခုချင်းအလိုက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည့်အေ ခြအနေများ၊ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ေ ရး အတွက်ဆောင်ရွက်ပေးရန်လိုအပ်ချက် များကို
ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အသင်းအနေဖြင့် ယင်း
ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်
တိုက်တွန်းမှာကြားသည်။
From- Popular Myanmar News Journal

No comments:
Post a Comment