Friday, September 7, 2012

နိုင်ငံတော် သမ္မတကြီးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ တွေ့ဆုံမည်

From- The Voice Weekly

နိုင်ငံတော် သမ္မတကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် တိုင်းရင်းသား ရေးရာ ဝန်ကြီးများ စက်တင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း ယင်းဝန်ကြီးများ ထံမှ သိရှိ ရသည်။
အဆိုပါ နိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အတွင်း တိုင်းဒေသကြီး ပြည်နယ် တိုင်းရင်း သား ရေးရာဝန်ကြီး ၂၉ ဦးက တိုင်းရင်းသား ရေးရာ ကိစ္စရပ်များကို ပိုမိုပီပြင် စွာ ဆောင်ရွက် နိုင်ရေး အတွက် ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ အတွင်း တိုင်းရင်းသားဝန် ကြီးများ အနေဖြင့် တောင်းဆိုချက် အချက် ၅ ချက်ကိုတောင်းဆို ဆွေးနွေးမည် ဖြစ်ကြောင်း ၄င်းတို့က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတဲ့အတိုင်း ၂၉ ပါးသော ဝန်ကြီးတွေရဲ့ ဆန္ဒ တာဝန်နှင့် ရပိုင်ခွင့်တွေ ရရှိအောင် သမ္မတကြီးနဲ့ တွေ့ပြီး တောင်းဆို သွားမှာပါ ” ဟု ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင် ကပြောကြား သည်။

နိုင်ငံတော် သမ္မတကြီးသည် ယင်းကဲ့သို့တိုင်းရင်းသား ရေးရာ ဝန်ကြီးများနှင့် ဆွေးနွေး တွေ့ဆုံခြင်းအ ပြင် တိုင်းရင်းသား ပါတီများနှင့်လည်း ဇူလိုင်လ(၁၈)ရက်နေ့က တွေ့ဆုံကာ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု တိုးမြှင့်ရေး ငြိမ်းချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment