Friday, September 7, 2012

ယနေ့ (စက်တင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများ

From- Eleven Media Group
ယနေ့ (စက်တင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေး ကြမည် ဖြစ်ပါသည်။ (၁) ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ် တာဝန် ပေးနိုင်ရေး အတွက် နိုင်ငံတော် သမ္မတက အဆိုပြုလာသော ပုဂ္ဂိုလ်နှင့် ပတ်သက်၍ လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်း။

(၂) ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ခန့်အပ် တာဝန် ပေးနိုင်ရေးအတွက် နိုင်ငံတော် သမ္မတက အဆိုပြုလာသော ပုဂ္ဂိုလ်နှင့် ပတ်သက်၍ လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်း။

(၃) ပြည်ထောင်စု လွှတ်တော် နာယကက နိုင်ငံတော် သမ္မတထံမှ ပေးပို့လာသော ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ်ပေးလိုသည့် ပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ သ၀ဏ်လွှာကို ဖတ်ကြား တင်ပြခြင်းနှင့် လွှတ်တော်က သဘော တူညီကြောင်း ကြေညာခြင်း။

(၄) ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ၀င်များအဖြစ် ခန့်အပ် တာဝန်ပေးရန် သဘော တူညီထားသော ပုဂ္ဂိုလ်များ နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုခြင်း။

(၅) ပြည်ထောင်စု ၀န်ကြီးဌာနများ အတွက် လိုအပ်သော ရံပုံငွေအား နိုင်ငံရပ်ခြား မှ ချေးငွေ ရယူ ဆောင်ရွက်ခွင့် ကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်း တင်ပြခြင်း။ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင် ခံစာကို ရှင်းလင်း တင်ပြခြင်း။ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၆) နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင် ကော်မတီ ၏ လေ့လာတွေ့ ရှိချက်နှင့် သဘောထား မှတ်ချက်များကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီ ဥက္ကဋ္ဌက ရှင်းလင်း တင်ပြခြင်း။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲသည့် တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုရန် အဆုံးအဖြတ် ရယူခြင်း။

No comments:

Post a Comment