Thursday, September 27, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တ န်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ်တို့ နယူးယောက်မြို့၌ သီးခြားတွေ့ဆုံဆွေးနွေး

 အမေရိကန်နိုင်ငံသို့ aရာက်ရှိနေ သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၆ ရက်(မြန်မာစံတော် ချိန် စက်တင်ဘာလ ၂၇ နံနက် ၁ နာရီ ဝန်းကျင်)တွင် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ် အစရှိသူတို့ နှင့် နယူးယောက်မြို့ရှိတည်းခိုရာ ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။



နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နယူးယောက်ရှိ တည်းခိုရာ The Mark ဟိုတယ်၌ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် သီးခြားတွေ့ဆုံခဲ့ ခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံမှုအပြီးတွင် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်နှင့် ဆက်လက်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတသည် ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီးနောက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျား အစရှိသည့် ပုဂ္ဂိုလ်များနှင့်လည်း ဆက် လက်တွေ့ဆုံမည် ဖြစ်ပါသည်။

(၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် အတွက် နယူးယောက်သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတသည် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်
တည်းခိုရာ The Mark ဟို တယ်၌ ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး
အဆိုပါ တွေ့ဆုံမှုမှာ အချိန် ၁၅ မိနစ်ခန့်ကြာ မြင့်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတသည် စက်တင် ဘာလ၂၇ရက်နေ့တွင်(၆၇)ကြိမ် မြောက်
ကုလသမဂ္ဂအထွေထွေညီလာခံ၏ General Debate အစီအစဉ်တွင် မိန့်ခွန်းပြော ကြားမည်ဖြစ်ပြီး စက်တင်ဘာ လ ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် Asian Society ၌ မိန့်ခွန်းပြောကြားရန်
စီစဉ်ထားပြီး အမေး၊ အဖြေအစီအစဉ် ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် နယူးယောက်မြို့ရှိ မြန်မာမိသား စုများနှင့်လည်းတွေ့ဆုံရန် စီစဉ်ထား ကြောင်းသိရသည်။

လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ သို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာလ ၂၆ ရက် နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဦးဆောင်ပြုလုပ်သည့် ကမ္ဘာ လုံးဆိုင်ရာ ပညာရေးဆွေးနွေးပွဲသို့ တက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။ အဆို ပါဆွေးနွေးပွဲ၌ေ တာင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား၊ ဒိန်းမတ်ဝန်ကြီးချုပ် Helle Thorning-Schmidt ၊ ဩစတြေး လျဝန်ကြီးချုပ်ဂျူလီယာဂေးလော့တို့နှင့် အတူ ဒေါ်အောင်ဆန်းစုကြည်လည်း ဆွေး နွေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
From-EMG

No comments:

Post a Comment