Thursday, September 20, 2012

နိုင်ငံပိုင်သတင်းစာပါ ဆောင်းပါးကိစ္စအောက်တိုဘာလ ကျင်းပမည့်ပဉ္စမအကြိမ် လွှတ်တော်တွင် ပြန်ကြားရေး ၀န်ကြီးဌာန ဖြေရမည်

ရန်ကုန်၊ စက်တင်ဘာ ၁၈
ပြီးခဲ့သည့် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပြီးဆုံးရန် သုံးရက်အလို စက်တင်ဘာလ ၅ ရက်နေ့က အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး မေးမြန်းထား ပြီး ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြန်လည်ဖြေကြားပေးမည်ဟု
တင်ပြထားသော နိုင်ငံပိုင်သတင်းစာပါ ဒေါက်တာဒေါ်မာလာအောင်၏ ဆောင်းပါးကိစ္စနှင့်ပတ်သက်၍ ဖြေကြားရန် ရက်ချိန်းမရောက်မီ လွှတ်တော်အစည်းအဝေးပြီးဆုံးသွားသဖြင့် ယင်းရက်ချိန်းဖြေကြားမှု မရှိခဲ့သော်လည်း လာမည့် အောက်တိုဘာလ တတိယပတ်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေးတွင် ဒုတိယ၀န်ကြီး၏ ကတိစကားအတိုင်းဖြေကြားပေးသွားရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောသည်။
““သူတို့အတွက် အချိန်ပိုရ သွားတာပေါ့။ တကယ်ဖြေရမှာကတော့ စက်တင်ဘာလ ၁၀ ရက်နေ့ပဲ။ ဒါပေမဲ့ မေးတာက ဗုဒ္ဓဟူးနေ့။ ဖြေဆိုဖို့ ခွင့်တောင်းတာက တနင်္လာနေ့၊ သောကြာနေ့မှာ လွှတ်တော်အစည်းအဝေးက ပြီးသွားပြီ။ ဦးရဲထွဋ်က စက်တင်ဘာ (၁၀) ရက်နေ့မှာ ဖြေပါရစေခွင့်တောင်းတော့ လွှတ်တော်ဥက္ကဋ္ဌက ပြုံးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဖြေရမှာပဲ။ လာမယ့် အောက်တိုဘာလ တတိယပတ်လောက်မှာ လုပ်မယ့် အစည်းအဝေးမှာ ဖြေရမှာ။ သူတို့အတွက် အချိန်တော့ ပိုရသွားတာပေါ့””ဟု ဦးကြည်မြင့်က သံတော် ဆင့်သို့ ပြောသည်။
ဒေါက်တာဒေါ်မာလာအောင်၏ မြန်မာ့အလင်းသတင်းစာတွင် စက်တင်ဘာလ ၂ရက်နေ့၊ မြ၀တီ သတင်းစာတွင် စက်တင်ဘာလ ၉ ရက်နေ့တို့က ဖော်ပြခဲ့သော “Union Level ဒွိဟသို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်”” ဆောင်းပါးနှင့်ပတ်သက်၍ ဦးသိန်းထွန်းဦးက ဥပဒေရေးရာ ကော်မရှင်၏ ထင်မြင်ချက်၊ ဒုတိယပါမောက္ခချုပ် (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)ဟု ဖော်ပြထားသော ဒေါက်တာဒေါ်မာလာအောင်သည် လက်ရှိတာဝန်ထမ်းဆောင်နေခြင်း ဟုတ်မဟုတ်နှင့် ဒေါက်တာဒေါ် မာလာ အောင်၏ ရေးသားချက်ကို သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန၏ သဘောထား၊ ပြန်ကြား ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံပိုင်သတင်းစာများတွင် ယင်းဆောင်းပါး ဖော်ပြခြင်းမှာ ယင်းအချိန်က ဖြစ်ပေါ်လျက်ရှိသော လွှတ်တော် နှင့် အခြေခံဥပဒေခုံရုံးတို့၏ လွှတ်တော် ကော်မတီ ကော်မရှင်များ ပြည်ထောင်စုအဆင့် ဟုတ်/ မဟုတ် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုအပေါ် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုကို တွက်ဆပြီး ဖော်ပြခြင်း ဟုတ်/ မဟုတ် စသည့်အချက်သုံးချက်ကို မေးမြန်းခြင်းဖြစ်သည်။
 မေးမြန်းသည့် အချက်သုံးချက်အနက် ပထမနှင့် ဒုတိယအချက်နှစ်ချက်ကို ဥပဒေရေးရာ ကော်မရှင်နှင့် ပညာရေးဝန်ကြီး ဌာနတို့က ယင်းအစည်းအဝေး တွင်ပင် ဖြေကြားပေးခဲ့ပြီး တတိယ အချက်ကို ဖြေကြားရန်မူ ပြန်ကြားရေးဝန်ကြီးဌာနမှ ရက်ချိန်းယူခဲ့ခြင်း ဖြစ်သည်။ 
From -သံတော်ဆင့်

No comments:

Post a Comment