Sunday, September 23, 2012

အမေရိကန်မြန်မာစစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ရှိ

မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား စစ်ရေးအရ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မယ့် အစီစဉ်တွေပြန်ပြီး အကောင်အထည်ဖေါ်နိုင်ရေးနှစ်ဘက် ကာကွယ်ရေး ထိပ်တန်းအရာရှိ တွေ ဆွေးနွေးခဲ့ကြတယ်လို့ Financial Times သတင်းစာ ကြီးကဒီကနေ့ဖေါ်ပြလိုက်ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ အာဏာနိုင်ငံရေးထဲပါဝင်စွက်ဖက်နေတာထက် ကာကွယ်ရေးလုပ်ငန်းတွေမှာ စနစ်တကျ ဆောင်ရွက်လာနိုင်အောင် အမေရိကန်ဘက်က ကူညီပံပိုးပေးလိုတဲ့သဘောမျိုးတွေ့ရတယ်လို့ ဗဟုဖွံဖြိုးတိုးတက်ရေးအဖွဲ့ဝင် ဦးအောင်သူငြိမ်းကပြောပါတယ်။

စစ်ရေးအရပူးပေါင်းဆောင်ရွက်ရာမှာ သင်တန်းပေးမယ့်အစီစဉ်တွေ ပါဝင်တယ်လို့ဆိုပါတယ်။

နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာ မြန်မာ့တပ်မတော်က ထိပ်တန်း အရာရှိတွေနဲ့ စစ်ရေး အရပ်ဖက်ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေ ပါဝင်ပြီး အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီးအပါအ၀င် ထိပ်တန်း စစ်ရေးအရာရှိတချို့လည်း တက်ရောက်ခဲ့ပါတယ်။
 
From-RFA

No comments:

Post a Comment