၈၈မျိုးဆက်ကျောင်းသားများနှင့်မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့တွေ
“၈၈
မျိုးဆက် ကျောင်းသားများနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့
တွေ့ဆုံဆွေးနွေး” ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊ မြန်မာနိုင်ငံ
မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) နှင့် မြန်မာနိုင်ငံ
နားမကြားသူများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဌာန ( DRC ) တို့
တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ (၅)ရက် မနက်(၉)နာရီက ကမ္ဘာအေးဘုရားလမ်းရှိ
Micasa Hotel တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါပွဲသို့ ကိုပြုံးချို၊
ကိုကိုကြီး အစရှိသော ၈၈ မျိုးဆက် ကျောင်းသားများ တက်ရောက်ဆွေးနွေး ခဲ့ကြပြီး
မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းမှ ဦးအောင်ကိုမြင့်၊ Program
Director ကိုနေလင်းစိုး တို့က လည်း အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ဦးရေ ၁.၃ သန်းခန့်ရှိပြီး ဧရာဝတီတိုင်း
ရာခိုင်နှုန်း အလိုက်တွင် ၃ ရာခိုင်နှုန်းဖြင့် မသန်စွမ်း အများစု
နေထိုင်ကြောင်းသိရသည်။
No comments:
Post a Comment