Wednesday, September 5, 2012

နိုင်ငံတော်သမ္မတ၏ လျာထားအစိုးရအဖွဲ့သစ်စာရင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းမှုပြု လုပ်ရန်အတွက် ခန့်အပ် မည့် ပြည်ထောင်စုဝန်ကြီးများ စာရင်းကို နိုင်ငံတော်သမ္မတက စက်တင်ဘာ ၆ရက် (မနက်ဖြန်) တွင်ပြုလုပ် မည့် ပြည်ထာင်စုလွှတ်တော်သို့ ယနေ့တွင်ပေးပို့ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှ သိရသည်။ အဆိုပါသ၀ဏ်လွှာတွင် ယခင်ဒုတိယ၀န်ကြီးများနှင့် ညွှန်ကြားရေး မှူးချုပ်များအဖြစ်တာဝန် ထမ်းဆောင်ခဲ့သူအများ စုသည် ပြည်ထောင်စု ၀န်ကြီးများဖြစ်လာကြသည် ကိုတွေ့ရသည်။နိုင်ငံတော် သမ္မတ၏ လျာထားအစိုးရအဖွဲ့သစ်စာ ရင်းမှာအောက်ပါအ တိုင်းဖြစ်သည်။

(၁) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး -ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
(၂) ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယ ဗိုလ်ချူပ်ကြီး ကိုကို
(၃) နယ်စပ်ရေးရာ ၀န်ကြီးဌာန - ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး
(၄) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး - ဦးဝဏ္ဏမောင်လွင်
(၅) ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး - ဦးအောင်ကြည်
(၆) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး - ဦးမြင့်လှိုင်
(၇) ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီး - ဦးဝင်းရှိန်
(၈) ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးကျော်လွင်
(၉) အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး- ဒေါက်တာကံဇော်
(၁၀) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး - ဦးဝင်းမြင့်
(၁၁) ဆက်သွယ်ရေးနှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး - ဦးသိန်းထွန်း
(၁၂) သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီးဌာန ၀န်ကြီး - ဦးဝင်းထွန်း
(၁၃) မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီး - ဦးအုန်းမြင့်
(၁၄) သတ္ထုတွင်းဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာမြင့်အောင်
(၁၅) သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး - ဦးကျော်ဆန်း
(၁၆) အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး- ဦးမောင်မြင့်
(၁၇) ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးညဏ်ထွန်းအောင်
(၁၈) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး- ဦးဌေးအောင်
(၁၉) စက်မှုဝန်ကြီးဌာန ၀န်ကြီး - ဦးအေးမြင့်
(၂၀) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး - ဦးခင်မောင်စိုး
(၂၁) ကျမ်းမာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာဖေသက်ခင်
(၂၂) ပညာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာမြအေး
(၂၃) သာသနာရေးဝန်ကြီးဌာန ၀န်ကြီး - သူရဦးမြင့်မောင်
(၂၄) သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာ ကိုကိုဦး
(၂၅) အားကစားဝန်ကြီးဌာန ၀န်ကြီး -ဦးတင့်ဆန်း
(၂၆)လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၀န်ကြီး- ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်
(၂၇) ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဗိုလ်ချုပ် ဇေယျာအောင်
(၂၈) စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး - ဦးသန်းဋ္ဌေး
(၂၉) ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး- ဦးအေးမြင့်ကြူ
(၃၀) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး- ဦးခင်ရီ
(၃၁) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၁) - ဦးသိန်းညွန့်
(၃၂) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၂) - ဦးစိုးမောင်
(၃၃) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၃) - ဦးစိုးသိန်း
(၃၄) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၄)- ဦးအောင်မင်း
(၃၅) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၅)- ဦးလှထွန်း
(၃၆) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၆) - ဦးတင်နိုင်သိန်း
(၃၇) ပြည်ထောင်စု စာရင်းစစ်ချုပ် - ဦးသိန်းထိုက်

No comments:

Post a Comment