Friday, September 14, 2012

အမေရိကန် အစိုးရ နှင့် အမေရိကန် တပ်မတော် ကို တုန်လှူပ်ခြောက်ခြား သွားစေခဲ့သော ၊ အမေရိကန် သံရုံးတွေ ရဲ့ လျှို့ဝှက် ကြေးနန်းတွေ ကို ဖော်ထုတ်ခဲ့သော ဂျူလီယန်အဆန့်ဂ်ျ အကြောင်း မြန်မာဘာသာပြန် စာအုပ်ထွက်ရှိ

ခေါင်ခိုက်နေတဲ့ စာအုပ်ဈေးတွေကြောင့် စာအုပ်ဆိုင်နဲ့ဝေးနေတာလည်း အတော်ကြာပါပြီ။ ဒီနေ့မှ Facebook က အကိုတစ်ယောက် ညွှန်းမှု နဲ့ Bill Gate အကြောင်း ဘာသာပြန်သွားရှာတာ လိုချင်တဲ့ စာအုပ်မတွေ့ပဲ ၀ီကီလိခ်  အတွင်းရေး ဆိုတဲ့စာအုပ်ကို သွားတွေ့ ပါတယ် ။ဂျူလီယန်အဆန့်ဂ်ျရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ Daniel Domscheit-Berg က ရေးထားတာလို့ဆိုပါတယ် ။ Wiki Leaks က
တစ်ယောက် လည်းဖြစ်ပါတယ် ။ inside Wikileaks ဆိုတဲ့စာအုပ်ကို တင်စိန် (ပထ၀ီဝင် ) ဘာသာပြန်ထားခြင်းဖြစ်ပါတယ် ။
မာတိကာ
စကားဦး
အခန်း ၁ - ဆုံမိခဲ့ပုံက
အခန်း ၂ - ဒေးဗစ်နှင့် ၀င်္ကဘာ
အခန်း ၃ - ဆိုင်ယင်တိုလော်ဂျီလက်စွဲစာအုပ်များ
အခန်း ၄ - မီဒီယာနှင့် ဆက်ဆံခြင်း
အခန်း ၅ - ဂျူလီယံအဆန့်ဂ်ျ
အခန်း  ၆ - ၀ီကီလိခ်ရဲ့ငွေကြေးထောက်ပံ့မှု
အခန်း ၇ - ကျွန်တော် နေ့ပိုင်း အလုပ်မှ နှုတ်ထွက်လိုက်ခြင်း
အခန်း ၈ - ဆင်ဆာဖြတ်တောက်မှုအား အခြေအတင် ဆွေးနွေးပွဲ
အခန်း ၉ - အိုက်စလန်မှ သူရဲကောင်းများ
အခန်း ၁၀ - အင်တာနက်နှင့် အဆက်ပြတ်ခြင်း
အခန်း ၁၁ - မီဒီယာများအတွက် လွတ်လပ်မှုကောင်းကင်ဘုံ
အခန်း ၁၂ - ဘာလင်သို့ အပြန်ခရီး
အခန်း ၁၃ - အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်မှု
အခန်း ၁၄ - တပ်သား ဘရက်လီမန်းနင်း၏ စိတ်မချမ်းမြေ့ဖွယ် အတွေ့အကြှုံ
အခန်း ၁၅ - အာဖဂန် စစ်ပွဲ ဒိုင်ယာရီ နှင့် မရဏခလုတ်
အခန်း ၁၆ - ဆွီဒင်တွင် စွပ်စွဲခံရခြင်း
အခန်း ၁၇ - ကျွန်တော် ရာထူးချခံရမှု
အခန်း ၁၈ - ၀ီကီလိခ်မှ နှုတ်ထွက်ခြင်း
အခန်း ၁၉ - အီရတ်သတင်း ပေါက်ကြားမှု
အခန်း ၂၀- ကေဘယ်လ်ဂိတ်အရေးအခင်း
အခန်း ၂၁ - Open Leaks ရဲ့ အလားအလာ
တန်ဖိုးကတော့ ၃၅၀၀ ကျပ်ရှိပါတယ် ။ အခုတော့ အလုပ်တွေမအားသေးလို့ စကားဦးလောက်ပဲ ဖတ်ဖြစ်ပါသေးတယ် ။ ပြီးရင်တော့ ထပ်ပြီး ကောက်နှုတ်ဖော်ပြပါ့မယ် ။ 

From -GrostArea Facebook

No comments:

Post a Comment