Friday, September 14, 2012

Apple account သန်းပေါင်းများစွာပါဝင်သည့် database ခိုးယူခံရခြင်းအတွက် FBI ငြင်းဆို

FBI အေဂျင့်တစ်ဦး၏ laptop မှ Apple ထုတ်ကုန်ပိုင်ရှင် သန်းပေါင်းများစွာ၏ ကိုယ်ပိုင်အချက်အလက်များကို ခိုးယူခဲ့သည်ဆိုသည့် ဟက်ကာအဖွဲ့တစ်ခု၏ ထုတ်ဖော်ပြောကြား မှုအတွက် FBI မှပြန်လည် တုံ့ပြန်ခဲ့ပြီး AntiSec ဟုခေါ်သည့် ဟက်ကာအဖွဲ့မှခိုးယူခဲ့သော database ကို FBI အဖွဲ့မှ ပိုင်ဆိုင်ခြင်းမရှိကြောင်း FBI အရာရှိများက ပြောကြားခဲ့သည်။


အဆိုပါဟက်ကာအဖွဲ့သည် iPhone နှင့် iPad များအပါအ၀င် Apple ထုတ်ကုန်မြောက်မြားစွာ၏ ကိုယ်ရေးအချက်အလက် ၁ သန်းကျော်ပါဝင်သည့် database ကို ၀က်ဘ်ဆိုက်တစ်ခုပေါ်တွင်တင်ကာ ဖြန့်ချိခဲ့ပြီးနောက် FBI မှ အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ AntiSec ဟက်ကာအဖွဲ့သည် Apple ထုတ်ကုန်ပိုင်ရှင်များ၏ ID နံပါတ်နှင့် ကိုယ်ရေးအချက်အလက် ၁၂ သန်းကျော်ကို FBI အေးဂျင့်တစ်ဦး၏ laptop ထံမှ ရယူခဲ့ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါပြောကြားချက်ကို FBI မှငြင်းဆိုခဲ့သည်။ FBI အနေဖြင့် အေဂျင့်တစ်ဦး၏ laptop ချိုးဖောက်တိုက်ခိုက်ခံရပြီး Apple UDID အချက်အလက်များ ပေါက်ကြားမှုအတွက် သတင်းဖော်ပြမှုများကို သတိပြုမိကြောင်း၊ သို့ရာတွင် FBI laptop ချိုးဖောက်တိုက်ခိုက်ခံရခြင်းအတွက် မည်သည့်အထောက်အထားမျှ မရှိကြောင်းနှင့် AntiSec မှ ဖြန့်ချိခဲ့သည့် အချက်အလက်များကို အတည်မပြုနိုင်ကြောင်း FBI မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့အပြင် AntiSec မှဖြန့်ချိထားသည့် database link များကို နှိပ်သူများအနေဖြင့် ၎င်းတို့၏ကွန်ပျူတာအတွင်းသို့ malware များကူးစက်နိုင်ကြောင်း FBI မှသတိပေးပြောကြာခဲ့သည်။ သို့ရာတွင် အဆိုပါ link ကိုစမ်းသပ်ခဲ့သည့် Dell Secure Works မှ လုံခြုံရေးသုတေသီတစ်ဦးဖြစ်သူ Joe Stewart က ၎င်းအနေဖြင့် မည်သည့် malware ချိတ်ဆက်မှုကိုမျှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ Apple ကုမ္ပဏီကလည်း ၎င်းတို့အနေဖြင့် FBI အပြင် မည်သည့်အဖွဲ့အစည်းများထံသို့ အချက်အလက်များ ပေးအပ်ခြင်းမရှိကြောင်း FBI မှလည်း Apple ထံမှ အချက်အလက်များ တောင်းဆိုဖူးခြင်းမရှိကြောင်း Apple ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ Natalie Kerris က All ThingsD ထံပြောကြားခဲ့သည်။ Apple ကုမ္ပဏီသည် နံပါတ်များနှင့် အက္ခရာများပါဝင်သည့် UDID များကို ၎င်း၏ထုတ်ကုန်အားလုံးတွင် ထည့်သွင်းထားပြီး အဆိုပါနံပါတ်များသည် iTunes နှင့် application developer များမှ မည်သည့် app များအား မည်သည့်ထုတ်ကုန်များပေါ်တွင် အသုံးပြုနေသည်ကို သိရှိနိုင်မည်ဖြစ်သည်။

ရေးသားသူ -နောင်နောင်
Ref:DailyMail

From - အင်တာနက်ဂျာနယ်

No comments:

Post a Comment