Tuesday, September 18, 2012

မာနယ်ပလောခရီးသည်ကြီး နှင့် တွေ့ဆုံခြင်း

အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၊နိုင်ငံတော် သမ္မတ မန်း ၀င်းမောင်တို့ခေါင်းဆောင်သော   ပြည်ထောင်စုကရင်အမျိုးသား အဖွဲ့ချုပ် (UKL) တွင် တွဲဖက်  အတွင်းရေးမှူး၊အထွေထွေအတွင်း ရေးမှူးတာဝန်များ ထမ်းဆောင်   ခဲ့သူ၊““မာနယ်ပလော””တွင် စာပေ နှင့်ယဉ်ကျေးမှုကော် မတီအတွင်း ရေးမှူး၊ ““ခေတ်ပြိုင်””ဂျာနယ် အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သူ၊  အမျိုးသားစာပေဆု၊အမေရိကန်  စာပေလွတ်လပ်ခွင့်ဆု များရရှိခဲ့ သူ၊ ““ထောင်မှာတမ်း”” ““မာနယ် ပလောခရီးသည်””၊ ““လေထီးဆင်း သမ်္မတကြီး မန်းဝင်းမောင်””စသည့်   ကမ္ဘာကျော်စာအုပ်များ ရေးသား  ခဲ့သူ မန်းညွှန့်မောင် (ခ) စာရေး ဆရာ မောင်စင်ကြယ်နှင့် Hot News  တို့ တွေ့ဆုံမေးမြန်းချက်  များကို ဖော်ပြလိုက်ပါသည်။

မေး- UKL ပါတီပြန်လည်ဖွဲ့စည်း  ဖို့နဲ့ ပတ်သက်ပြီး အစိုးရနဲ့တွေ့ဆုံ   ဆွေးနွေးပြီးပြီလား
ဖြေ- မပြောရသေးပါဘူး။ဦးလှ မောင်ရွှေနဲ့တော့ အထိုက်အ လျောက်ပြောထားပြီးပြီ။နောက် တစ်ခါထပ်တွေ့ပြီးမှ ပိုပြီးပြည့် ပြည့်စုံစုံ သိရမယ်ပေါ့။
မေး- ဘယ်လိုရည်ရွယ်ချက်ကြောင့်  UKL  ပါတီကို ပြန်လည်ထူထောင်   ချင်တာလဲ။
ဖြေ- ရည်ရွယ်ချက်ကတော့ ဒီ အဖွဲ့ဟာ မူလက KYO ကရင်  လူငယ်အစည်းအရုံးဖြစ်တယ်။ဒါက ဗိုလ်ချုပ်အောင်ဆန်းတို့၊ မန်းဘခိုင်တို့၊ ၄၅-၄၆လောက်ထဲ က မန်းဝင်းမောင်တို့ လက်ထက် ကျတော့ ငါတို့တွေပါလာပြီးတော့    ဆင့်ကဲဆင့်ကဲလုပ်လာကြတာ။  အကျပ်အတည်းတွေကို ဖြတ်ကျော်  ခဲ့ပြီ။မန်းဝင်းမောင်သမ္မတ လက် ထက်မှာ ကရင်ပြည်နယ်ကို ရယူ   နိုင်ခဲ့တယ်။အဲဒီလိုလုပ်လာပြီး ပထမအကြိမ်အာဏာသိမ်းတော့ ရပ်စဲခဲ့ရတယ်ပေါ့။ ၉၀ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းပြီးတော့ “ငါတို့”    အပါအ၀င်ပေါ့။လုပ်ခဲ့တယ်။ ၂၀၁၀မှာ ကျန်ခဲ့တဲ့သူတွေက ရွေးကောက်ပွဲမ၀င်နိုင်တော့ပါတီ က ရပ်တန့်သွားတာပေါ့။အဲဒီ တော့ ရည်ရွယ်ချက်က တောင်ငူ ကနေပြီးတော့မြောင်းမြ၊ပုသိမ်အထိ သော်လည်းကောင်းတနင်္သာရီတိုင်း အထိသော်လည်းကောင်း၊ကရင်  ပြည်နယ်လည်းအပါအ၀င်ပေါ့လေ။  အဖွဲ့အစည်းမရှိတဲ့အခါကျတော့  မိဘမရှိသလိုပေါ့။တစ်ခုခုဖြစ်လာ   ရင် သွားရောက်တင်ပြပြီး အကူ အညီတောင်းရမယ့်ဟာမရှိဘူး။KNU  ကလည်းလက်နက်ကိုင် နိုင်ငံ   ရေးအတွေ့အကြုံတော့ရှိပါတယ်။   မြေပေါ်နိုင်ငံရေးအတွေ့အကြုံ တော့မရှိဘူး။သူလဲချက်ခြင်းတက် လာလို့ မရဘူး။မရတော့ “ငါတို့”   က ဒီမှာရှိပြီးသား အဖွဲ့ကိုဖြစ် အောင်လုပ်ရမယ်ပေါ့။ရည်ရွယ် ချက်ကတော့ ကရင်တစ်မျိုးသား လုံးအတွက် စာပေသော်လည်း ကောင်း၊ယဉ်ကျေးမှုသော်လည်း ကောင်း၊စီးပွားရေးသော်လည်း   ကောင်းအကျပ်အတည်းအခက် အခဲ ပြဿနာတွေကို ပြန်လည်  တည့်မတ်ပေးဖို့၊သူတို့ကလည်းလမ်း  ဖွင့်ပေးတဲ့အချိန်မှာ ပြန်ထူထောင် တာပါ။
မေး- ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ကရင်ပြည်သူ့ပါတီတို့အပြင် UKL  ကပါ မှတ်ပုံတင်တော့မယ် ဆိုတော့ ကရင်တိုင်းရင်းသားတွေ ရွေးချယ်မှုကို ရှုပ်ထွေးသွားစေနိုင်  တာမျိုးရှိနိုင်မလား။
ဖြေ- ဒါကတော့ သူတို့က မနေ့ တနေ့ကမှ ပေါ်လာတာကိုး။ငါတို့ က ၄၅၊၄၆၊၄၇ ကတည်းက KNU  က တောခိုသွားတော့ KYO ပဲ ဥပဒေထဲမှာကျန်ခဲ့တာ။ပြည်မက  ကရင်တွေရဲ့ စိတ်ဆန္ဒတစ်ခုက  ကရင် မဲဆန္ဒနယ်တော့မရှိတော့ ဘူးပေါ့လေ။မဲဆန္ဒနယ်မရှိတဲ့ နောက်မှာ ကရင်ပါတီကြီးကြီး တစ်ခုလိုတာပေါ့။ဒီမိုကရေစီဆို  တော့ သွားပြီးကန့်သတ်လို့မရ ဘူး။သူနိုင်ပြီးကိုယ်ရှုံးချင်လည်းရှုံး မယ်။နိုင်ငံရေးအရ ကိုယ့်လူမျိုး ကိုယ် Educate လုပ်တာ။နိုင်ငံရေး   ဆိုတာ အတွေ့အကြုံလိုတယ်။ အဖွဲ့ရဲ့လမ်းစဉ်လိုတယ်။ဖလုံ-စဝေါ်ဖြစ်ဖြစ် ထွန်းအောင်မြင့်တို့   ဟာ ဖြစ်ဖြစ် ငါတို့နဲ့ပြဿနာ မရှိ ဘူး။ငါတို့က ကြာခဲ့ပြီဖြစ်လို့ ပြန် ဖွဲ့ရမဲ့ ၀တ္တရားရှိလို့ ပြန်ဖွဲ့တာ။
မေး- ပြည်တွင်းဂျာနယ်တစ်ခုမှာ   ပဲ ကရင်လူငယ်အစည်းအရုံးကို (YKO) လို့ရေးမိတာတို့၊ပထမဆုံး  သမ္မတ မန်းဝင်းမောင်လို့ ရေးမိ တာတို့ကို ဖြေရှင်းပေးပါဦး။
ဖြေ- ဟား ဟား ဟား၊ မြတ်ခိုင်ရဲ့     စာစောင်မှာလည်းငါကမန်းညွှန့်မောင်   က နေမန်းညိန်းမောင် ဖြစ်သွား  သေးတယ်။ငါက မီဒီယာ လုပ်ခဲ့ တဲ့ကောင်ဆိုတော့ ခွင့်လွှတ်ပါတယ်။   ဗိုလ်တစ်ထောင်မှာ လုပ်တုန်းက   ဗိုလ်ချုပ်ကြီးနေ၀င်း တောင်မှ ဗိုလ်ချပ်ကြီးနေ၀င်းဆိုပြီး လုပ်မိ သေးတယ်။တချောင်းငင်ပြုတ်ကျ သွားတာပေါ့။မြတ်ခိုင်ရဲ့တပည့် မလေးတုန်းကလည်းမှားတာပဲ။  ပြောရမယ်ဆိုရင်ငါက““မန်းညွှန့်မောင်   (ခ) စာရေးဆရာမောင်စင်ကြယ်”” ဖြစ်ပါတယ်။ကရင်လူငယ်အစည်း အရုံးဆိုတာ (KYO) ပါ။ (YKO) မဟုတ်ပါဘူး။မန်းဝင်းမောင်က ပထမဆုံးသမ္မတမဟုတ်ပါဘူး။ အရင်က မြန်မာ့ဒီမိုကရေစီအချိန်  ရဲ့နောက်ဆုံးသမ္မတပါ။ဟား ဟား။
မေး- ဖယ်ဒရယ်မူကိုလည်းအခု   ထက်ထိခွဲထွက်ရေးလို့မြင်နေကြသေး တယ်။တစ်ချိန်က ဖယ်ဒရယ်မူကို  ထောက်ခံရေးသားခဲ့ဖူးတဲ့ စာရေး  ဆရာအနေနဲ့ နဲနဲ ရှင်းပေးပါဦး။
ဖြေ- ဖယ်ဒရေးရှင်းဆိုတာ ပြည် ထောင်စုကြီးကို ဖွဲ့စည်းတာပဲ။ Union ပါပဲ။ပြောရရင်တော့ ဗိုလ် ချုပ်နေ၀င်းက မိမိသိမ်းတဲ့ အာ ဏာကိုတည်တံ့ခိုင်မြဲပြီးတော့ ပြည်သူတွေထောက်ခံလာအောင် ခြိမ်းခြောက်လိုက်တာပေါ့။ပြည် ထောင်စုပြိုကွဲတော့မယ်။ဖယ် ဒရယ်ဆိုတာ ဘာညာပေါ့။တမျိုး သားလုံးလည်းယုံထင်ကြောင်ထင် ထင်သွားတာပေါ့။ဖယ်ဒရယ်ဆို တာ ခွဲထွက်ရေးမဟုတ်ပါဘူး။
မေး- မာနယ်ပလောမှာ နေခဲ့ဖူး  သူတစ်ယောက်အနေနဲ့ တစ် ချိန်က ပြည်တွင်းမီဒီယာတွေမှာ  ဖော်ပြသလို ဗိုလ်ချုပ်မြဟာ တ ကယ်ပဲ ခက်ထန်ကြမ်းတမ်းသူ လား။
ဖြေ- ကာလတစ်ခုမှာတော့ နိုင်ငံ  ရေးသမားတွေဟာ လိုအပ်ရင် ဆော်ထည့်လိုက်တာပဲ။ဘယ် ကောင်လူသတ်ကောင် ဘယ် ကောင်မုဒိမ်းသမားဆိုပြီးတော့ပေါ့။   ငါရောက်သွားအချိန်မှာတော့ သူ့    မိန်းမက ကျောင်းဆရာမဆိုတော့   သူ့ကိုတော်တော်လေးထိန်းပါတယ်။ သားသမီးတွေလည်းရပြီဆိုတော့   သူကိုယ်တိုင်ရေးတဲ့စာအုပ်ရှိပါ တယ်။ကျွန်တော့်ဖြတ်သန်းမှု အစစ် အမှန်ဆိုပြီးတော့။ကျွန်တော့် ဖြတ်  သန်းမှု အစစ်အမှန်မှာ လင်းထင် က မဲဆောက်မှာ နွားသွားရောင်း  တာ ထိုင်းတွေက လိမ်လိုက်တယ်။  ဒါကို လင်းထင်က မဲဆောက်ကို  ၀င်တိုက်မယ်လုပ်တာ။ဗိုလ်မြက  လက်မခံပါဘူး။တခါတလေကျ တော့ မီဒီယာတွေက နိုင်ငံရေး အသုံးချတာပေါ့။အဲဒီမှာ တချို့  ဇာတ်ကောင်တွေက ဗီလိန်တွေ ဖြစ်သွားတယ်။ဗိုလ်ချုပ်ခင်ညွှန့်  လက်ထက်မှာ ဗိုလ်ချုပ်မြက ရန်ကုန်အထိလာပြီး သဘောတူ ညီမှုတွေလုပ်ခဲ့တာပဲ။ဘယ်ပဲဖြစ် ဖြစ်လေလောကကြီးမှာ ဘယ်သူ မှ ဏနမ်နခအ မဖြစ်ပါဘူး။
မေး- ဘာတွေများဖြည့်စွက်ပြော ချင်ပါသေးလဲ။
ဖြေ- တောခိုမဲ့သူတွေ တောမခို ကြပါနဲ့တော့လို့။အာဏာသိမ်းမဲ့ သူတွေ အာဏာမသိမ်းကြပါနဲ့ တော့လို့။ဒီစကား နောက်မှာ အများ  ကြီးရှိပါတယ်။

ငြိမ်းချမ်းကို

From -HotNewsJournal

No comments:

Post a Comment