Tuesday, September 18, 2012

ဖွင့်လိုက်သောထောင်ကြီးတွင်သူတို့မပါသေး

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက်၎င်း ၊ လူသားချင်း စာနာ ထောက်ထားမှု ကို အလေးပေးေ သာအားဖြင့်၎င်း ၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေ
သည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန် အတွက်၎င်း ၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံအ ချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေး ၊ ချစ်ကြည်ရေးတို့ အတွက်၎င်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်ုးံ့ အခြေခံဥပဒေပုဒ်မ ၂၀၄ (က) နှင့် အညီ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ ဖြစ်ကြသည့် နိုင်ငံခြားသား အကျဉ်းသားများ အပါအ၀င် စုစုပေါင်း အကျဉ်းသားများ ဖြစ်ကြသည့် နိုင်ငံခြားသား အကျဉ်းသားများ အပါအ၀င် စုစုပေါင်း အကျဉ်းသား (၅၁၄) ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ၊ တော်သလင်း လဆန်း(၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ် ၊ စက်တင်ဘာလ ၁၇ ရက်နေ့) မှ စ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းသိရှိရပါသည်။  လက်တလောသတင်းများအရ နိုင်ငံရေး ပဠိပက္ခကြောင့်ဟု ဆိုနိုင်ငံသား ထောက်လှမ်းရေးတပ်ဖွဲ့ဝင် များ ၊ အကောက်ခွံအရာရှိများ ( နှစ်ရှည်ထောင်ဒဏ်) မဘ်သည်အတွက် ကြောင်းမပါဝင်သေးကြောင်း ပြည်သူများ နှင့် မိသားစု များ အကြားဝေဖန်လျှက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦး ဆက်သွယ်ရာတွင် သာယာဝတီ ထောင်မှ ညနေ (၀၅း၁၅) တွင် လွတ်မည်ဖြစ်ကြောင်း ၊ မန္တလေး အိုဘိုထောင် နှင့် သာယာဝတီ ထောင်မှ နိုင်/ကျဉ်း ကျဉ်းသားများ များပါကြောင်းသိရသည်။ ရရှိမှု သတင်းများအားအချိန် နှင့် အမျှ ပြည်သူများသိရှိစေရန် ထုတ်ပြန်ပေးသွားပါမည်။

From -HotNewsJournal

No comments:

Post a Comment