Monday, September 17, 2012

လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သတ်၍ ပထမဆုံးပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်အား သဘောထားမေးမြန်းချက်

မေး- ဦးသိန်းညွှန့်ရဲ့ ယနေ့အင်းစိန်ထောင်မှ အကျဉ်းသားများလွတ်မြောက်လာခြင်းအပေါ်ထင်မြင်ချက်လေးပြောပြပေးပါ။
ဖြေ- ဒီနေ့အကျဉ်းသား ၅၀၀ ကျော်လွတ်တဲ့ အတွက် ထောင်တံခါးပွင့်တဲ့အတွက် ကျွန်တော်တို့ကပိုပြီးတော့ ၀မ်းမြောက်ပါတယ်။ကျွန်တော်က ဘာဖြစ်လို့ပိုပြီးတော့ ၀မ်းမြောက်သလဲဆိုတော့ ပြည်သူ့လွှတ်တော် ပထမအကြိမ် ဒုတိယအစည်းဝေးမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို ကျွန်တော်တင်ခဲ့တယ်လေ။ အခါအခွင့် သင့်တိုင်းလည်း အကျဉ်းသားတွေလွှတ်ဖို့ လွှတ်တော်မှာတင်ပြခဲ့တာ ခင်များသိတဲ့အတိုင်းဘဲလေ တနေ့က ကိုမိုးသီးဇွန်တို့နဲ့ တွေ့တော့
ကျွန်တော်ပြောပြတယ်လေ  ကျွန်တော်တို့လဲဘဲပြန်လည်ထူထောင်ရေးအတွက် သင်ပုန်းချေရေးအတွက် ဆောင်ရွက်ကြဖို့ နဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို လွှတ်တော်တစ်ခုခုမှာတင်ဖို့အတွက် ကျွန်တော်စဉ်းစားထားတယ်ဆိုတဲ့အကြောင်း သူ့ကိုပြောပြခဲ့တယ်လေ အဲဒီလိုပြောပြီးတဲ့နောက်ပိုင်းမှာ အင်းစိန်ထောင်က နေအကျဉ်းသား ၅၀၀ ကျော် လွတ်လာတယ်ဆိုတော့ ကျန်တဲ့ထောင်တွေလည်း လွတ်မှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ အကျဉ်းသားတွေ မိဘရင်ခွင် နဲ့ မိသားစုရင်ခွင်တွေဆီပြန်ရောက်သွားတဲ့အခါမှာ ဒီလိုအကျဉ်းကျခံတာကို သင်ခန်းစားယူပြီးတော့ ကိုယ့်တိုင်းပြည်အနာဂတ်အတွက် လွတ်လာတဲ့ လူတွေဟာ ပူးပေါင်းဆောင် ရွက်လာဖို့ကို မျှော်လင့်ပါကြောင်းပြောရင်းနဲ့ ကျွန်တော် ထင်မြင်ချက်ကို ဒီလောက်ပဲပြောပါရစေ။
မေး – အဘတို့ ပြည်သူ့လွှတ်တော်အနေနဲ့ ကြိုတင်ပြီး အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာကို ကြိုတင်သိရှိထားခြင်းရှိပါသလားခင်မျာ။
ဖြေ – မရှိပါဘူး ဒါပေမဲ့ သမ္မတကြီး ကုလသမ္မကို သွားမဲ့အချိန်မှာ အခုလိုမျိုး အကျဉ်းသားတွေကို ထပ်မံလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဟာ ဘာပြောပြောကျွန်တော်တို့ ဘက်ကတာဝန်ကျေတာပေါ့။ အမေရိကန်အပါအ၀င် ဥရောပနိုင်ငံတွေအနေနဲ့ကတော့ စီးပွားရေး ပိတ်ဆို့ထားတာကို လုံးဝပြန်လည်ခွင့်ပြုပေးဖို့ အချိန်ရောက်ပြီ ဒီသတင်းပေါ်မှာ အခြေခံပြီးပြောပါရစေ။

From -HotNewsJournal

No comments:

Post a Comment