Monday, September 17, 2012

တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအား တိုင်ကြားထားသည့် ကြေးပြား(၃၃၈)တန်ရှင်းတမ်း (သို့မဟုတ်) မြန်မာအိုင်ဗင်ဟိုအရှုပ်တော်ပုံမည်သူတို့တွင် တာဝန်ရှိသနည်း

 
ကျွန်တော်သည် မုံရွာမြို့၊ ကြေးစင် တောင်စီမံကိန်းတွင် တာဝန်ထမ်းဆောင် နေသော ဒုထုတ်လုပ်ရေးမှူး၊ ဦးအောင် လောဟာ (ချုပ်နှောင်ထားခြင်း ခံရသူ)၏ ညီအရင်းဖြစ်သူဦးအောင်လောကီး (၈/ မထန(နိုင်) ၀၁၂၁၀၅) ဖြစ်ပါသည်။
ကျွန်တော်၏ အစ်ကိုဖြစ်သူ ဦးအောင်လောဟာသည် လွန်ခဲ့သော (၂၀၁၀)ခုနှစ် အစပိုင်းတွင် ကြေးနီစီမံကိန်း  ကို ဖက်စပ်လုပ်ကိုင်ခဲ့သော မြန်မာအိုင် ဗင်ဟို ကော့ပါး ကုမ္ပဏီလီမိတက် (MICCL) မှ တရုတ်ကုမ္မဏီ အသစ်မြန်မာ-ယန်စီ ကော့ပါးကုမ္ပဏီ လီမိတက် (MICCL)
သို့ ရှယ်ယာလွှဲပြောင်းပေးစဉ်ကာလ (ကုမ္ပဏီ အချိန်းအပြောင်းကာလ) တွင် ဖြစ်ပေါ် ခဲ့သော ကြေးနီ (၃၃၈) တန်နှင့် ပတ်သက် ၍ ပါဝင်ပတ်သက်မှု ရှိသည်ဟုဆိုကာ ၀ယ်/ထောက်အရာရှိဦးကျော်ဆွေနှင့် အတူစွပ်စွဲခံရ၍ တရားစွဲဆိုချုပ်နှောင်ခြင်း ခံနေရပါသည်။
ကျွန်တော်၏အစ်ကိုဖြစ်သူဦးအောင်  လောဟာသည် တာဝန်ထမ်းဆောင်စဉ်  ကာလတစ်လျှောက်လုံးကုမ္ပဏီအကြီးအကဲ Acting G M Mr. Glenn Ford ၏ ညွှန် ကြားချက်အတိုင်း တိကျစွာလုပ်ဆောင် ခဲ့ခြင်းသာရှိပြီး မိမိအကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့ခြင်းမျိုးလုံးဝမရှိပါ။ ၎င်းသည် ၀န်ထမ်းသက် (၄၄) နှစ်အတွင်း တစ်ခါ မျှအမှားအယွင်မရှိသည့်အပြင် အပြစ်ပေး  အရေးယူခံရခြင်းမျိုးလည်း လုံးဝမရှိခဲ့ပါ။
အခင်းဖြစ်ပွားစဉ်ကာလ စီစဉ်ညွှန် ကြားသူကုမ္ပဏီအကြီးအကဲဖြစ်သည့် Acting GM Mr.Glenn Ford နှင့် ပစ္စည်း လက်ခံသူ  Executive Officer ဒေါ်သီရိ တို့ နှစ်ဦးစလုံးမှာ နိုင်ငံခြားသို့ အပြီးထွက် ခွာသွားကြပြီးဖြစ်ပါသည်။
၎င်းအမှုကို သတ္ထုတွင်းဝန်ကြီးဌာန၊  အမှတ် (၁) သတ္ထုတွင်း လုပ်ငန်းက ဆားလင်းကြီးရဲစခန်းတွင် အမှုဖွင့်တိုင်ကြား  တားပြီး မူလက ထွက်ပြေးသွားသော Acting GM Mr.Glenn Ford နှင့်   Executive Officer ဒေါ်သီရိတို့ နှစ်ဦးကို အမှုဖွင့်ထားခဲ့ကြောင်း သိရှိရပါသည်။ ယခုအခါတွင်မှ ကျွန်တော်၏ အစ်ကို ဒုထုတ်လုပ်ရေးမှူး ဦးအောင်လောဟာနှင့် ၀ယ်/ထောက် အရာရှိ ဦးကျော်ဆွေတို့ (၂) ဦးအားပါဝင် ပတ်သက်မှုရှိသည်ဟု စွဲချက်တင်၍ ခေါ်ယူချုပ်နှောင်ထားခြင်း ဖြစ်ပါသည်။
အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရ သော ကြေးပြား (၃၃၈) တန်ကိုလည်း လုံးဝရောင်းချခြင်းမရှိဘဲ အကုန်ပြန်ရ သည်ဟုဆိုကာ အမှတ် (၁) သတ္ထုတွင်း လုပ်ငန်းက (၂၀၁၁) ခုနှစ် နိုဝင်ဘာလ/ ဒီဇင်ဘာလပိုင်းက နိုင်ငံပိုင်သတင်းစာမှ တင်ဒါခေါ်ယူပြီး ရောင်းချခဲ့ရာရရှိငွေများ ကို နိုင်ငံတော်ဘဏ္ဍအဖြစ်သို့ရောက်ရှိခဲ့ ပြီးဖြစ်ကြောင်း သိရှိရပါသည်။
အခင်းဖြစ်ပွားခဲ့သည့် ကြေးပြား (၃၃၈) တန်နှင့် ပတ်သက်၍ ဖြစ်စဉ် အကျဉ်းချုပ်ကိုလည်း ကျွန်တော်၏ အစ်ကိုဖြစ်သူ ဦးအောင်လောဟာထားရှိ သည့် မှတ်တမ်းများအရ ပူးတွဲတင်ပြအပ် ပါသည်။
အဆိုပါ ဖြစ်စဉ်တွင် အဓိက စီစဉ် ညွှန်ကြားသူ  Acting GM Mr.Glenn Ford သည် ကုမ္ပဏီလွှဲပြောင်းစဉ်ကာလ   အတွင်း စက်ရုံရပ်ဆိုင်းရေးကိစ္စ ကြေးပြား  ခွာယူသော Production Record များ မထားရှိရန်ကိစ္စ အစည်းအဝေးမှတ်တမ်း မထားရှိရန် တားမြစ်ခြင်းနှင့် ပုံမှန်ပို့နေ ကျ ရန်ကုန်ရှိသိုလှောင်ရုံသို့ မပို့ဘဲ Exective Officer ဒေါ်သီရိလိပ်စာဖြင့် ရန်ကုန်သို့ ပေးပို့စေခြင်း ကိစ္စရပ်များကို ညွှန်ကြားအမိန့်ပေးခဲ့ပြီး ကျွန်တော်၏ အစ်ကိုဖြစ်သူမှာ အထက်အကြီးအကဲပေး  သည့် ညွှန်ကြားချက်အတိုင်းလိုက်နာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါသည်။
အစ်ကိုဖြစ်သူ တာဝန်ယူထားသော  Process ဌာနသည် ကြေးပြားထုတ်လုပ်  ရန်နှင့် ရန်ကုန်သို့တင်ပို့ရန်သာရှိပြီး တင်ပို့ ပြီးနောက် သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ငွေကြေးသုံးစွဲခြင်းကိစ္စများအား သိခွင့် မရှိပါ။
၎င်းကြေးပြားများ ရန်ကုန်သို့ တင်ပို့ ခဲ့သည် မှတ်တမ်းများ ဂိတ်အ၀င်အထွက်  မှတ်တမ်းများ၊ မည်သူ့ထံသို့ ပို့သည့်မှတ် တမ်းများကို ကျွန်တော်၏ အစ်ကိုဖြစ်သူ ဦးအောင်လောဟာသည် မိမိအစီအစဉ် ဖြင့် ထားရှိသိမ်းထားခဲ့သဖြင့် သက်သေ အဖြစ် တင်ပြအစစ်ဆေးခံနိုင်ပါသည်။
ထိမျှများပြားသော ကြေးပြား (၃၃၈) တန်ကို ကျွန်တော်၏ အစ်ကိုဖြစ်သူ ဦးအောင်လောဟာနှင့် ဦးကျော်ဆွေတို့ နှစ်ဦးတည်းမှ အထည်ညွှန်ကြားချက်မရှိ ဘဲ စက်ရုံမှ ထုတ်ယူရန်မှာ လုံးဝမဖြစ်နိုင် ကြောင်း သိသာထင်ရှားပါသည်။
အထက်ပါ ကိစ္စရပ်နှင့် ပတ်သက်၍ ကျွန်တော်၏အစ်ကိုဖြစ်သူ ဦးအောင်လော ဟာနှင့် ဦးကျော်ဆွေတို့သည် တာဝန်ကို  ကျေပြွန်စွာထမ်းဆောင်ခဲ့သော်လည်း မှားယွင်းစွာစွပ်စွဲ၍ ချုပ်နှောင်ခြင်း ခံနေ  ရပါသဖြင့်များစွာ နစ်နာမှုရှိနေသော ကြောင့် အဖြစ်မှန်ပေါ်ပေါက်၍ တရား မျှတမှုရှိစေရေးဖြေရှင်းဆောင်ရွက်ပေးနိုင် ပါရန် လေးစားစွာအသနားခံတင်ပြအပ် ပါသည်။
ကြေးပြား (၃၃၈) တန်နှင့် ပတ်သက်၍  ဖြစ်စဉ်အကျဉ်း
ကျွန်တော်သည် ၁၉၇၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ သတ္ထုတွင်းဝန်ကြီးဌာန၊ အမှတ် (၁) သတ္ထုတွင်းလုပ်ငန်း၊ နမ္မတူ ဘော်တွင်းသတ္ထုတွင်းတွင် အငယ်တန်း  အင်ဂျင်နီယာမှ ဒု-အထွေထွေမန်နေဂျာ  (သတ္တုသန့်စင်) အထိ တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အမှတ် (၁) သတ္တု တွင်းလုပ်ငန်းနှင့် မြန်မာ့အိုင်ဗင်ဟိုတို့ ဖက်စပ်လုပ်ကိုင်နေသော မြန်မာအိုင်ဗင် ဟိုကောပါးကုမ္ပဏီလီမိတက်  (MICCL) သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါ သည်။
၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလမှစ၍  (MICCL) တွင်ကြေးစင်ထုတ်လုပ်သော Process ဌာန၊ ဒီဇိုင်းရေးဆွဲတွက်ချက်ရ သော Engineering Services ဌာန၊ ဘေး အန္တရာယ်ကာကွယ်ရေးနှင့် ပတ်ဝန်းကျင်  ထိန်းသိမ်းရေးကို တာဝန်ယူရသော Safety & Environment ဌာနများတွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး။ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှ စတင်၍ ထိုစဉ်က Acting General Manager Mr.Glenn Ford ၏ တာဝန်ပေးချက်အရ  Process ဌာန SXEW Plant Superintendent ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ၎င်းနောက်မြန်မာယန်စီကော့ ပါးလီမိတက်  (CMYTCL) လက်ထက် တွင် တရုတ်အထွေထွေမန်နေဂျာများ၏  တာဝန်ပေးချက်အရ ယခင်က နိုင်ငံခြား  သားများသာ တာဝန်ယူရသော ကြေးစင် ထုတ်လုပ်ရေးဌာန၊ ဌာနကြီးမှူး၊ Process Superintendent အဖြစ် ယနေ့အထိ တာဝန်ထမ်းဆောင်နေပါသည်။ ၎င်းင်းပြင်  မြန်မာဝန်ထမ်းများအတွက် အဆင့်အမြင့် ဆုံးရာထူးဖြစ်သည့် ဒု-ထုတ်လုပ်ရေးမှူး  Deputy Operation Manager တာဝန်များ ကိုပါ ၂၀၀၈ ခုနှစ်မှ ယနေ့အထိ ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၀၇ ခုနှစ်ခန့်မှစ၍ ကုမ္ပဏီလွှဲ ပြောင်းရောင်းချရေးသတင်းများ ဖြစ်ပေါ်  ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ မှ စတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀မ်ပိုမိုင်းနင်းကုမ္ပဏီမှ ပုဂ်္ဂိုလ်များ ဆက် တိုက်လာရောက်ခဲ့ပြီး ကုမ္ပဏီလွှဲပြောင်း ရေးကိစ္စ၊ ပထမတွင် နိုဝင်ဘာလ (၁) ရက်၊ နောက်ဒီဇင်ဘာလ (၁) ရက်စသည် ဖြင့် အမျိုးမျိုးကြားသိခဲ့ရပါသည်။ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလလယ်ခန့်တွင် ထိုစဉ်က  Acting General Mr.Glenn Ford မှ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလကုန်တွင် ကုမ္ပဏီ  အလွှဲအပြောင်း Share Transfer ရှိမည် ဖြစ်၍ ဇန်န၀ါရီလ (၇) ရက်နေ့ခန့်အထိ  စက်ရုံပုံမှန်လည်ပတ်၍ ရနိုင်သမျှ ကြေး ပြားများ ထုတ်လုပ်ပြီး တဖြည်းဖြည်းလျှော့  ချ Slow down လုပ်၍ ကြေးပြားလက် ကျန်များ ခွာရန်နှင့် ဇန်န၀ါရီလ (၁၅) ရက်အတွင်း  Electrwinning Cell များရှိ ကြေးများ အပါအ၀င်အားလုံးကို အပြီး ရှင်းလင်းထားရန် ညွှန်ကြားခဲ့ပါသည်။ ၎င်းပြန်ရန်ကုန်သို့ ကြေးပြားတင်ပို့မှုနှင့် စက်ရုံသန့်ရှင်းရေး (Housekeeping) အား လုံးကို ဇန်န၀ါရီလ (၁၃) ရက် မတိုင်မီ  အပြီးဆောင်ရွက်သွားရန်လည်း ညွှန်ကြား  ခဲ့ပါသည်။ ထို့ကြောင့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ တတိယပတ်ခန့်မှစ၍ ကြေးပြားထုတ်လုပ်ရေးကိုအရှိန်တိုးမြှင့်  လည်ပတ်ခဲ့ပါသည်။
သို့သော် ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ   (၃၀) ရက် ညနေပိုင်းတွင် အစီအစဉ် ရုတ်တရက်ပြောင်းပြီး၊ ဒီဇင်ဘာလ (၃၁) ရက် ညသန်းခေါင်အချိန်ထိ ထုတ်လုပ်မှု လုပ်ငန်းများ၊ ပုံမှန်လည်ပတ်ပြီးနောက်၊ ၎င်းအချိန်မှစ၍ ပုံမှန်ထုတ်လုပ်ရေးလုပ်ငန်း Normal Operation များအားလုံး ရပ်ရန် နှင့် စက်ရုံကို (၂) လ (၃)လခန့် ရပ်ထား ရမည်ဖြစ်သောကြောင့် Electrowinning Cell အတွင်းရှိ ကြေးပြားလက်ကျန်များကို  မူ တတ်နိုင်သမျှအရည် အသွေးထိန်း၍  ဆက်လက်ခွာပြီး Non-Production အဖြစ်  ပြ၍ ဇန်န၀ါရီလ (၇) ရက်အတွင်း ရန်ကုန် သို့အားလုံးတင်ပို့ရန် စက်ရုံ၌ လက်ကျန်  လုံးဝမထားရန် Acting GM မှ ဆက်လက်  ညွှန်ကြားလာပါသည်။ ၎င်းညွန်ကြားချက်  အတိုင်းစက်ရုံကို ဒီဇင်ဘာ (၃၁) ရက် ညသန်းခေါင်ထိ ပုံမှန်လည်ပတ်ပြီး ဇန်န၀ါရီလ (၁) ရက်မှစ၍ Electrowinning Cell များမှ လက်ကျန်ကြေးပြား များကို ခွာပြီး ပုံမှန်ထုတ်လုပ်မှု မဟုတ် သော Non-Production ကြေးပြားများ အဖြစ် ဖော်ပြခဲ့ပါသည်။ Electrowinning Cell များ၌ ကတ်သုတ်ပြားများတွင်  ကပ်ပြီးသော ကြေးနှင့် အရည် Solution ၌ ပါဝင်သော ကြေးအတော်အသင့် ကျန်ပါသည်။ ၎င်းလက်ကျန်ကြေးများကို  ကြေးပြားအရည်အသွေးတတ်နိုင်သမျှ ထိန်းပြီး ဆက်လက်ခွာခဲ့ရာ ဇန်န၀ါရီလ  (၅) ရက်နေ့ နံနက်၌ အားလုံးပြီးစီးခဲ့ပါ သည်။ ၎င်းကြေးပြားများကို ရန်ကုန်သို့  ဆက်လက်တင်ပို့ခဲ့ရာ ဇန်န၀ါရီလ (၈) ရက်နေ့တွင် တင်ပို့မှုအားလုံး ပြီးစီးခဲ့ပါ သည်။ သတ္ထုရိုင်းထုတ်လုပ်ခြင်း၊ ကြိတ်ခွဲ ခြင်း၊ Heap Cell ပေါ်၌ သတ္တုရိုင်းအသစ်   စုပုံခြင်းများကိုမူ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ  လ (၁) ရက်နေ့မှစ၍ လုံးဝရပ်ဆိုင်းထား ခဲ့ပါသည်။
ဤစက်ရုံ၌ ယခင်ကလည်း စက်ရုံ  ကြာရှည်ရပ်ရန်အကြောင်း ပေါ်လာပါက  ကြေးပြားလက်ကျန်များအားလုံးကို ခွာယူ  သည့် အစဉ်အလာရှိခဲ့ပါသည်။ ထိုစဉ်က  စက်ရုံ၏ ပုံမှန်ထုတ်လုပ်မှု Production အဖြစ် ပြခဲ့ပါသည်။ ယခုတစ်ကြိမ်တွင်မူ ကုမ္ပဏီအပြောင်းအလဲရှိမည်ဖြစ်သဖြင့် Non-Production အဖြစ် ပြရန် ထိုစဉ်က  Acting GM Mr.Glenn ford မှ ညွှန်ကြား  ခဲ့သဖြင့် ၎င်းအတိုင်းပြသခဲ့ခြင်းဖြစ်ပါ သည်။ Electrowinning Section ကို (၂) ပတ်/(၃)ပတ်ခန့်ထက်ကျော်လွန်၍ ရက် ရှည်ရပ်နားမည်ဆိုပါက  Cell အတွင်းရှိ ကြေးလက်ကျန်များအားလုံး ခွာရန်လိုအပ်  ပါသည်။ Electrowinning Cell များရှိ (Pb-Anode) အပြားများသည် သက်တမ်း  ကြာရှည်လာပြီဖြစ်၍ စက်ရုံရပ်ထားစဉ် ခဲပြားများမှ ခဲမှုန့် (Pb Flakes) များပြုတ်  ကျပြီး Cathode သံမဏီပြားများသို့ကြေး နှင့်အတူ ကပ်ညှိ၍ ကြေးပြားများ၌ ခဲ (Pb) ပါဝင်မှုမြင့်တက်ပြီး အရည်အသွေး   မမီသော (Non-LME Grade) ကြေးပြား   များသာ ထွက်ရှိပါသည်။ ၎င်းအပြင် စက် ရုံကြာကြာရပ်ထားစဉ်တွင် ကြေးပြားများ အလိုအလျောက်ကွာကျမှုလည်း မကြာ ခဏကြုံရပါသည်။ ထိုစဉ်ကလည်း စက်ရုံ (၂/၃) လခန့် ရပ်နားရမည်ဟု သိခဲ့ရသဖြင့်  ကြေးလက်ကျန်အားလုံးခွာခဲ့ခြင်းဖြစ်ပါ သည်။
ကြေးလက်ကျန်များခွာယူရာတွင်  လုပ်ငန်းသဘာဝအရလည်းကောင်း၊ အရည်အသွေးတတ်နိုင်သမျှထိန်းသိမ်း  ရန်လိုအပ်မှုကြောင့်လည်းကောင်း၊ လျှပ်စစ်  ဓာတ်အားအတော်အသင့်အသုံးပြုပြီး  တဖြည်းဖြည်းချင်းလျှော့ချသွားခဲ့ရ၍ ဇန်န၀ါရီလ (၄) ရက်ခန့်အထိ လျှပ်စစ်  ဓာတ်အားအသုံးပြုမှုရှိပါသည်။ ၎င်းလုပ် ငန်းနှင့် ပတ်သက်သော ရေစုတ်စက် (ပန့်) များကိုလည်း လည်ပတ်ခဲ့ရပါသည်။ Solvent Extraction (SX) Section နှင့် Irrigation သတ္တုရိုင်းအပုံအရည်ဖြန်းခြင်း များတွင်လည်း ပုံမှန်  Operation မဟုတ် သော်လည်း ကြေးအရည်များ၊ Solution ကန်များမှ လျှံကျမှုအနည်းဆုံးဖြစ်အောင် ထိန်းရခြင်း၊ စက်ရုံကို (၂/၃) ခန့် ရပ်နား ထားရမည်ဟု သိခဲ့ရသဖြင့် လိုအပ်သော  စက်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အရည် များ လွှဲပြောင်းပို့ဆောင်ရခြင်းများကြောင့်  လျှပ်စစ်ဓာတ်အားအသုံးပြုမှုနှင့် ရေစုတ် စက် (ပန့်)များ လည်ပတ်မှု (၂/၃) ရက် ခန့်အထိ ရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်မှစ၍ ကုမ်္ပဏီပိုင်ရှင်  အသစ်သို့ ရှယ်ယာလွှဲပြောင်းမှုရှိမည်ဖြစ် ၍ နားလည်မှု လွှဲမှားမှု (Mis-Understanding) ဖြစ်နိုင်သဖြင့် ကြေးလက်ကျန် ခွာသည့် မှတ်တမ်းများ လုံးဝထားရန်မလို ဟု ထိုစဉ်က Acting GM Mr. Glenn Ford မှ ညွှန်ကြားခဲ့သဖြင့် ကြေးလက်ကျန်  ခွာမှုနှင့် ပတ်သက်သည့် မှတ်တမ်းများကို Process ဌာန၏ ပုံမှန်ထားနေကြ မှတ်တမ်း များအတိုင်း မထားရှိခဲ့ပါ။ ထိုနည်းအတူ  ကြေးခွာရာတွင် ကြေးထုတ်တိုင်းမှ ယူနေ ကျ နမူနာ (Cathode Sample) များကို လည်း ယူရန်မလိုကြောင်း ညွှန်ကြားခဲ့ သဖြင့် နမူနာများ မယူခဲ့ပါ။ ကြေးပြား များ တင်ပို့သည့်မှတ်တမ်းများကိုသာ မိမိ အစီအစဉ်ဖြင့် ထားခဲ့ပြီး ၎င်းမှတ်တမ်းများ ကို သိမ်းဆည်းထားခဲ့ပါသည်။
ထိုသို့ Non-Production ကြေးပြား များကို တင်ပို့ရာတွင် ကုမ္ပဏီမှ ငှားရမ်း ထားသော ဆိပ်ကမ်းသိုလှောင်ရုံမှာ ဒီဇင် ဘာလ နောက်ဆုံးပတ်တွင် ပြန်လည်အပ်  နှံပြီးဖြစ်သဖြင့် အသစ်ငှားရမ်းထားသော  သိုလှော်ရုံသို့ပို့ရမည်ဖြစ်၍ ပုံမှန်ပို့နေကျ   လိပ်စာ Marketing Manager ဦးဌေးအောင် ထံမပို့ဘဲ  Excutive Officer ဒေါ်သီရိလိပ် စာဖြင့် တင်ပို့ရန်  Acting GM Mr.Glenn Ford ၏ ညွှန်ကြားချက်အရ ဒေါ်သီရိလိပ်  စာဖြင့် တင်ပို့ခဲ့ပါသည်။
ထိုသို့ ကြေးလက်ကျန်များ ခွာယူ တင်ပို့သည် ကိစ်္စကို ၂၀၁၁ ခုနှစ်၊ ဇန်န၀ါ  ရီ (၁၀) ရက်၊ တနင်္လာနေ့တွင် ပြုလုပ်သော ပုံမှန်ဌာနမှူးအစည်းအဝေး၌ ပြောပြခဲ့ပါ သည်။ သို့သော်လည်း အစည်းအဝေး မှတ်တမ်းတွင်မူထည့်သွင်းဖော်ပြခြင်းမပြု ခဲ့ပါ။ ထိုစဉ်က  Acting GM Mr.Glenn Ford ပြောပြခဲ့သည့်အတိုင်း ရှယ်ယာ အပြောင်းအလဲမှ (၂/၃) လခန့်အထိ ကြာနိုင်ကြောင်း ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ လ (၁) ရက်နေ့မှစ၍ ကုမ်္ပဏီဟောင်း MICCL ၏ ဘဏ်စာရင်းများကို ပိတ်ထား  ပြီးဖြစ်၍ ကြားကာလ၊ နောက်ပိုင်ရှင်မ ရောက်မီ သုံးရန်ငွေလိုအပ်ကြောင်း၊ ၎င်း Non Production ကြေးပြားများကို ၀န်ထမ်းလစာ၊ လျှပ်စစ်မီတာခ၊ အိမ်လခ၊ ဆေးရုံကန်ထရိုက်စရိတ်၊ ဒီဇယ်/ဓာတ်ဆီ  ဖိုးစသည့် ကိစ္စများနှင့် နောင်စက်ရုံပြန် လည် လည်ပတ်ရန်အတွက် လိုအပ်သော   အရေးကြီးဓာတ်ဆေးအချို့ ကြိုတင်ဝယ် ယူသုံးစွဲသွားမည်ဟုပြောခဲ့ကြောင်းကိုလည်း  ဌာနမှူးများအား ပြောပြခဲ့ပါသည်။
မိမိတို့ Process ဌာနသည် ကြေးပြား ထုတ်လုပ်ရန်နှင့် ရန်ကုန်သို့တင်ပို့ရန်သာ တာဝန်ရှိပြီး ၎င်းတာဝန်ကိုသာ အစဉ်  တစိုက်ကျေပွန်စွာဆောင်ရွက်ခဲ့ပါသည်။  တင်ပို့သည့်နောက်ပိုင်းသိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ငွေရေးကြေးရေး သုံးစွဲခြင်း  ကိစ္စများသည် မိမိတို့နှင့် သက်ဆိုင်ခြင်း မရှိ၍ မေးမြန်းခြင်းမျိုး မရှိသကဲ့သို့သိရှိ ခြင်းလည်းမရှိပါ။ မိမိတို့ ကုမ္ပဏီ D MICCL တွင် နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရာ တွင် Job Description (JD) အရသာ ဆောင်ရွက်ရပြီး အထွေထွေမန်နေဂျာ  အနေဖြင့် နှုတ်ဖြင့်သာ ညွှန်ကြားချက်ပေး  လေ့ရှိပါသည်။
ဖြစ်စဉ်အကျဉ်း
၁။ ၂၀၁၀ ဒီဇင်ဘာ ၃၁ မြန်မာ အိုင်ဗင်   ဟိုလုပ်ငန်းများ ပြီးဆုံးသည်၊  cut off date ဖြစ်သည်။ လုပ်ငန်းများအားလုံး ရပ်ဆိုင်းသည်။ (Trust Company အဖွဲ့ တစ်ဖွဲ့ခံ၍ အစိုးရသို့ အပ်နှံပြီးဟု မှတ်ယူ ရသည်။)
၂။ ၂၀၁၁ ဇန်န၀ါရီလ ၁ မှစ၍ ကြေးစဉ်    တောင်-စပယ်တောင်မိုင်းသည် အိုင်ဗင် ဟိုနှင့် မဆိုင်တော့၊ လုပ်သမျှအလုပ် သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်မရ ဘဲ လုပ်၍ မရ။ ဤရက်နောက်ပိုင်း နေ့ တစ်နေ့တွင် စက်ရုံပြန်လည်သည်။ (နေပြည်  တော်ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရ၍ ထိုသို့တစ်ဖန်ပြန်လည်စတင်နိုင်ခြင်းဖြစ် မည်။ ၀န်ကြီးဌာန သတ္တုတွင်းလုပ်ငန်း  (၁) ၏ ထွေဂျာ ကြေးနီမိုင်းမှာ ရှိနေသည်။  စက်လည်ကြောင်း ရန်ကုန်ကုမ္ပဏီရုံး  ဂြိုဟ်တုဆက်ကွန်ပျူတာတွင်ပေါ်သည်၊ မမျှော်လင့်ထားသဖြင့် အံ့သြကြရသည် ဟုသတင်းထွက်သည်။)
၃။ ဤကဲ့သို့လုပ်ငန်းပြန်လည်စတင်ချိန်  အတွင်း ခိုးမှုဖြစ်ပွားသည်။ အိုင်ဗင်ဟို ထွေဂျာဂလင်ဖို့က နုတ်အားဖြင့် အမိန့် ပေး၍ စက်ရုံမှူး ဦးအောင်လောဟာအား   စက်လည်စေသည်။ အလုပ်သမားများကို ဘောနပ်ဆုငွေ ပေးမည်ဟု ဂလင်းဖို့က ကတိပေးသည်ဆို၏။ ဂလင်းဖို့က သူ့ကုမ္ပဏီ  နှင့် မဆိုင်သော လုပ်ငန်းခွင်သို့အဘယ့် ကြောင့် ၀င်ရောက်ခြယ်လှယ်နေသနည်း။  မည်သူက သူ့ကိုလွှတ်၍ အလုပ်ပြန်စစေ သနည်း။
၎။ ခိုးမှုတွင် အကျုံးဝင်သည့် ကြေးနီ သတ္တုစင် တန် ၃၈၀ ခန့်ကို ပုံမှန်မဟုတ် သော သယ်သူပို့ဆောင်နည်းဖြင့် ရန်ကုန်  သို့ပို့သည် ရန်ကုန်ကုမ်္ပဏီရုံးက စီစဉ်သည်။ မိုင်းက သိုလှောင်ရုံမှ ထုတ်ပေးမှု၊ ထရပ် ကားတင်မှု၊ ကုန်ပို့အမှာစာ ထုတ်ပေးမှု  အားလုံးမှတ်တမ်းမှတ်ရာများဖြင့် စနစ် တကျလုပ်သည်။ ထိုသယ်ယူပို့ဆောင်မှု ကို ရန်ကုန် ကုမ္ပဏီရုံး အရာရှိတစ်ဦးက   စာရင်းဖျက်ရန် ကြိုးစားသည် ဟုသတင်း  ထွက်သည်။ ထိုအချိန်တွင် ရန်ကုန်ရုံးတွင်   ကြီးကဲသူမှာ ဦးမြသောင်း (ယခင် ညွှန်မှူး   သတလ-၁)နှင့် ထွေဂျာ၏ အတွင်းရေး မှူးမသီရိတို့ရှိသည်။ ရုံးတွင် ကြီးကဲသူ ထိုကိစ္စကို ချက်ချင်းသိရပါမည်။ အဘယ့် ကြောင့် ချက်ချင်းအရေးမယူသနည်း၊ သို့မဟုတ် သတင်းမပို့သနည်း။ အနည်း ဆုံး ထွေဂျာသံ သတင်းမေး၍ ထွေဂျာ၏ တုံ့ပြန်မှုကို သိသင့်ပါသည်။ သိသမျှ တရားရုံးတွင် ရှေ့နောက် ညီညွတ်စွာ ထွက်ဆိုရပါလိ့မ်မည်။ မဟုတ်လျှင် ထွေဂျာပါအဖွဲ့နှင့် တစ်ပေါင်းတည်း တစ်နည်းနည်းကြံရာပါသည်ဟု ယူဆနိုင် ပါသည်။
၅။ အဆိုပါ ခိုးရာပါ ပစ္စည်းကို မည်သူက   ၀ယ်သနည်း။ မည်သည့်ဂိုဒေါင်တွင် ထိန်းသိမ်းထားသနည်း။ အမှုပေါ်သည့်အခါ နေပြည်တော်ရှိ ဌာနဆိုင်ရာက အဘယ့် ကြောင့် ဆက်လက်စုံစမ်းခြင်း၊ အရေးယူ ခြင်းမရှိသနည်း နေပြည်တော်ဌာနဆိုင်   ရာနှင့် မည်ကဲ့သို့ပတ်သက်လေသနည်း။
၆။ ၀ယ်ယူသူက ရန်ကုန်ကုမ္ပဏီရုံးနှင့် လည်းကောင်း၊ နေပြည်တော် သတလ-၁ ရုံးချုပ်နှင့်လည်းကောင်းမည်သို့ဆက် သွယ်၍ မည်သူ့အမိန့်ဖြင့် ၀ယ်ယူခွင့်ရ သနည်း။ အထူးသဖြင့် အိုင်ဗင်ဟိုမပိုင် သော ဤကြားကာလ၌ ပြည်တွင်းရောင်း ချမိန့်ကို ၀န်ကြီးဌာနပို့ ဆောင်သူ၊ ၀ယ် ယူအသုံးပြု/ သိုလှောင်သူ၊ ဤကိစ်္စအခွင့် အာဏာပိုင်သူနှင့် စီစဉ်သူများအားလုံး   ခိုးမှုတွင် ပါဝင်ပတ်သက်ပါသည်။
၇။ ဂလင်းဖို့သည် နိုင်ငံခြားသို့ ခွင့်သွား ရာမှအပြန် ထိုကိစ်္စနှင့် ပတ်သက်၍ နေပြည်တော်မှ ဆင့်ခေါ်၍ဖြစ်စေ၊ သို့မဟုတ် ဦးမြသောင်း၏ သတင်းပို့ ချက်ကြောင့်ဖြစ်စေ အမှုကို ရင်ဆိုင်ဖြေ ရှင်းရန် နေပြည်တော်သို့ကုမ်္ပဏီရုံးကား  ဖြင့်သွားသည်။ သူ့ကားပေါ်တွင် မိုင်းမှ   ဆရာဝန်ဦးကျော်လွင်လိုက်ပါသည်ဟုဆို သည်။ ဦးမြသောင်းက နောက်ကားဖြင့် သီးခြားသွားသည်ဟု ဆိုသည်။ နေပြည် တော်တွင် ဦးမြသောင်းနှင့် ဂလင်းဖို့တို့ မဆုံဖြစ်ဟုလည်းဆိုသည်။ သီးခြားစီ တစ်ညအိပ်ကြသည်ဟုဆိုသည်။ နောက် တစ်နေ့တွင် ဂလင်းဖို့ပျောက်သွားသည်။ သတင်းတစ်ခုမှာ ဂလင်းဖို့သည် သူတည်း  ခိုသောဟိုတယ်မှ မာစီဒီး “ကားကြုံ”ဖြင့် ရန်ကုန်ပြန်ကာ တစ်ချိုးတည်း ပျောက် သွားခြင်းဖြစ်သည်။ လွန်စွာ စိတ်ဝင်စား ဖွယ်ကောင်း၏။ အခြားနေရာများတွင် အကွက်ကျသလောက် ဤနံပါတ် (၇) အချက်တွင်လည်း ခိုးသားတို့၏ ပူးပေါင်း  ကြံဆောင်မှုကို အကွက်ကျကျတွေ့ရပါ လိမ့်မည်။
၈။ မိုင်းတွင်းမှာ အလုပ်လုပ်နေသော ဦးအောင်လောဟာ မည်သို့ပါဝင်ပတ်သက်   နိုင်မည်နည်း။
၉။ ၀န်ကြီးဌာနနှင့် တိုင်းဒေသကြီးတို့အပြင် သစ်တောဌာနကပါ စုံစမ်းစစ်ဆေးမှုများ  ၀င်ပြီးနောက် ဦးအောင်လောဟာအတွက်  အဆိုးဆုံးကောက်ချက်ကို စစ်ကိုင်းတိုင်း ဒေသကြီးမှ လာရောက်စစ်ဆေးသူများထံ မှ ရပါသည်။ ယင်းမှာ ဦးအောင်လော ဟာသည် (နိုင်ငံတော်သို့) သတင်းပို့ရန် ပျက်ကွက် (ထိန်ချန်)သည့် အချက်ဟု သိရသည်။ ဦးအောင်လောဟာသည် ကုမ်္ပဏီအကြီးအကဲ၏ ညွှန်ကြားချက်အရ  စက်ရုံလည်ခဲ့ရ၊ ပစ်္စည်းပို့ဆောင်ခဲ့ရခြင်း ဖြစ်ပါသည်။ သူ့အထက်လူကြီးက ခိုင်း သည်ကို မည်သူ့ထံသတင်းပို့ရဦးမည်နည်း၊  ယင်းသို့လုပ်ဆောင်ရမည်ဟု သူ့တွင် တာဝန်သတ်မှတ်ချက်ရှိပါသလော။
၁၀။ ဤမျှနှင့် မပြီး၊ သတ္တုတွင်းဝန်ကြီး ဌာန၏ ညွှန်ကြားချက်ဖြင့် တိုင်းဒေသ ကြီးမှ နိုင်ငံ့ပစ်္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ ၆-၁ ဖြင့် တရားစွဲဆိုအကျဉ်းချ ထားပြန်ပါသည်။ တရားခံ အစစ်များကို ဖမ်းမိအောင် မကြိုးစားဘဲနှင့် အနီးကပ် လွယ်လင့်တကူရှိသူကို အမြင့်ဆုံးအပြစ်  ပေးရန် ဆောင်ရွက်ခြင်းကား ဥပအေရ အမျိုးသားအကျိုးစီးပွားကို ကာကွယ် ရန်မဟုတ်၊ မိမိ၏အန္တရာယ်ကို မိမိကြို တင်ကာကွယ်ထားခြင်းသာဖြစ်ပုံရပါသည်။ ၁၁။ တစ်ဆက်တည်းစဉ်းစားရန်ရှိသည် မှာ ၀န်ကြီးဌာန၏ အမိန့်အရ နိုင်ငံခြား တွင် ရှိနေသော ဂလင်းဖို့ထံ ဦးအောင်လော ဟာ အီးမေးဖြင့် လှမ်းမေးရာ “ငါတစ် ယောက်တည်း မဟုတ်”ဟု ပြန်ဖြေသည့် အချက်ကိုလည်း အလေးအနက်ထားစဉ်း စားရမည်။
၁၂။ ဤနံပါတ် ၁၁ အချက်ကြောင့်များ ဦးအောင်လောဟာ အစတေးခံရလေသ လော။
၁၃။ ဦးအောင်လောဟာသည် အမျိုးကောင်း    သား၊ ရပ်ရွာလူကြီးမျိုးရိုးမှ ဆင်းသက် ပေါက်ဖွားလာသူ၊ ချင်းလူမျိုးဗုဒ်္ဓဘာသာ   ၀င်တစ်ဦးဖြစ်ပါသည်။ သူသည် နမ်္မတူ ဘော်တွင်းတွင် (—)နှစ်၊ ယခု ကြေးစင်   စပယ်တောင်လုပ်ငန်းတွင် (—)နှစ် အပြစ်  အနာအဆာကင်းရှင်းစွာနှင့် မိမိလုပ်ငန်း ကို ကျွမ်းကျွမ်းကျင်ကျင်အပတ်တကုတ်  လုပ်ဆောင်ခြင်းဖြင့် လက်ရှိရာထူးတွင် စွဲစွဲမြဲမြဲလုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ သူ့ လုပ်သက်တစ်လျှောက်အပြစ်ပေးအရေး ယူခံရခြင်းလုံဝမရှိ၊ အထက်လူကြီးများ၏  ယုံကြည်ကိုးစားအားပေးမှုကိုသာ ခံခဲ့ရပါ သည်။ သူ၏ အကျင့်စာရိတ္တကာင်းကြောင်း  ယခင် ဒုတိယ၀န်ကြီးများဖြစ်ခဲ့ကြသော ဦးကိုကိုသန်း၊ ဦးမြင့်သိန်းနှင့် သ၊တ၊လ (၁) ဦး/မှူးဟောင်း ဦးရိုးစိန် (မြန်မာအိုင် ဗင်ဟို၏ ဒုတိယဥက္ကဋ္ဌဟောင်းလည်း ဖြစ်သူ) တို့အား သက်သေထားနိုင်ပါ သည်။ ယင်းတို့သည် သူ၏ ငယ်ဆရာများ လည်းဖြစ်၏။ သူ၏ရိုးဖြောင့်မှန်ကန်မှုကို  လုပ်ဖော်ကိုင်ဖက်များလည်း ထောက်ခံပါ လိမ့်မည်။
၁၄။ သံလျင် ခဲမဖြူစက်ရုံမှ ခဲမဖြူတုံးများ   ပျောက်ဆုံးမှုကို သိလျှင်သိခြင်း သတ္တု တွင်းဝန်ကြီးဌာန မိမိ၏ မိခင်ဌာနသို့ အကြောင်းကြားတိုင်တမ်းခဲ့သော စက်ရုံ မှူးကို ဖမ်းဆီးအကျဉ်းချခဲ့သည့် သာဓက တစ်ခုရှိခဲ့ဖူးသည်။ ထိုစက်ရုံမှူးသည်လည်း  ရိုးသားဖြောင့်မှန်သူဖြစ်ကြောင်း သတင်း ထွက်ပါသည်။
မှတ်ချက်- အထက်ပါ အချက်အလက် များမှာ ခိုင်လုံသည်ဟု ယူဆသည်။ သို့သော် တရားခွင်တွင် ဆွဲချကို အပိုင် ချည်၍ သက်သေထုတ်နိုင်ပါမှ အမှုမှန် ပေါ်ပေါက်နိုင်ပါလိမ့်မည်။ အကူအညီ ဖြစ်လိုဖြစ်ငြား သိသမျှထဲမှ တစ်စစီ ဆွဲထုတ်ပြခြင်းမျှသာဖြစ်သည်။ ပြီးပြည့်စုံ  ခြင်းရှိမည်မထင်။ ရှေ့နေလူကြီးမင်းများ ၏ အပေါ်တွင်များစွာတည်မီနေပါသည်။ အားကိုးရပါလို၏။
ဖြစ်စဉ်အကျဉ်း
၁။ ၁-၉-၂၀၁၁ ရက်နေ့တွင် ဦးခင်မောင်  ဆွေပါ (၄၆) ဦးအဖွဲ့မှ (၅၃) တန်အပေါ် တိုင်းဒေသကြီးသို့စတင် တိုင်ကြား (၄၇ ဦးမှ တစ်ဦးလက်မှတ်မထိုးဟုသိရ)။
၂။ တိုင်းစာရင်းစစ်အဖွဲ့မှ ခန့်မှန်း (၉-၉-၂၀၁၁) ရက်နေ့မှစ၍ တစ်ပတ်ခန့်စစ် ဆေး။
၃။ သစ်တောဝန်ကြီးဦးဝင်းထွန်းအဖွဲ့မှ  (၁၀/၂၀၁၁) ကာလအတွင်း လာရောက် စစ်ဆေး (သမ္မတကြီးမှ စေလွှတ်သည်ဟု သိရ)။
၎။ ၁၄-၁၀-၂၀၁၁ ရက်နေ့တွင် ဗိုလ်မှူး ကြီးဖေသိန်းမှ အမှုဖွင့်ကြောင်းသိရ (အမှု တွင် လက်ရှိအချုပ်ခံထားရသူ နှစ်ဦးအမည် မပါကြောင်း သိရ)။
၅။ ပစ်္စည်းများအားလုံး ပြန်လည်ရရှိခဲ့ပြီး၊  ဆုံးရှုံးမှု လုံးဝမရှိခဲ့။
၆။ ၂၀၁၁ နှစ်ကုန်ပိုင်းတွင်း ပြည်သူ့ရဲမှ စစ်ဆေး။
၇။ ၂၀၁၂ ဖေဖော်ဝါရီလ တတိယပတ် တွင် ME (1) မှ MD ဦးကျော်ဆန်းမှ တိုင်ကြားသူ (၄၆) ဦးနှင့် တွေ့ဆုံခဲ့ရာ၊ ၎င်းင်းအခမ်းအနားတွင် ဦးအောင်လောဟာ ဗိုလ်မှူးကြီး ဖေသိန်းနှင့် ဗိုလ်မှူး ဇော်ကိုကို တို့ တက်ရောက်ခဲ့။ ဦးကျော်ဆန်းမှ ပြောကြားရာတွင် ကြေးအားလုံးပြန်လည် ရရှိသည်။ (၃၄၀) တန်လောက်ရှိသဖြင့်  အနည်းငယ်တောင်ပိုနေသည်။ သတင်း စာမှာ တင်ဒါခေါ်ရောင်းချခဲ့ပြီး၊ ငွေကြေး  အခြေအနေရှင်းပြ။ သမ်္မတကြီးက အကျိုး  ရှိအောင် ရန်ကုန်နှင့် မန္တလေးဆေးရုံကြီး များတွင် ကင်ဆာစက် (၁) လုံးစီ ၀ယ်ဖို့   ဆောင်ရွက်နေသည်။ Operation အတွက် လူများ Training လုပ်ဖို့ ပြင်ဆင်နေ ကြောင်းနှင့် ယခု (၄၆) ဦးဟာ နိုင်ငံတော်  မှ သတ်မှတ်သည့် ဆုကြေး ရာခိုင်နှုန်း ရရှိနိုင်ကြောင်းစသည့်အချက်များပါဝင်  ပြောကြားခဲ့။
၈။ ၂၀၁၂ ဖေဖော်ဝါရီလ နောက်ဆုံးပတ်  တွင် ဦးအောင်လွင် ဦးစီးသည့် စ (၃) လုံး အဖွဲ့မှ လာရောက်စစ်ဆေးခဲ့။
ဂရုပြုရန်အချက်များ
၁။ ကြေးပြား (၅၃) တန်နှင့် (၂၈၅) တန် စုစုပေါင်း (၃၃၈) တန်အား ၁.၁.၂၀၁၁ နှင့် ၈.၁.၂၀၁၁ အကြားတွင် ရန်ကုန် သို့ ပေးပို့ခဲ့သည်။
၂။ ထို့ကြောင့် ကြေးပြားပို့သည့်ကာလနှင့် (၄၆) ဦး တိုင်ကြားသည့် ကာလဖြစ်သော  ၉/၂၀၁၁ ကာလအကြား (၈)လ အကြာ   အတွင်း ရန်ကုန်ရုံးမှ ဘာလုပ်နေပါသလဲ။  ထူးခြားဖြစ်စဉ်ဖြစ်ပါက ဘာလို့ပြန်မပေး ပါသလဲ။ ကြေးပြားများ မည်သည့်နေရာ  တွင် ထားရှိပါသလဲ။
၃။ ပစ္စည်းများအားလုံးဆုံးရှုံးမှု မရှိ။
၎။ မစ္စတာ ဂလင်းဖို့ဒ်သည် စတင်စစ်ဆေး သည့်ကာလအတွင်း ရန်ကုန်မှ ကြေးနီ မိုင်းသို့ အလာနေပြည်တော်တွင် ညအိပ်   စဉ်၊ ထူးခြားစွာရုတ်တရက်ပျောက်ဆုံးသွား  ခဲ့။
၅။ ၎င်းနောက်ရန်ကုန်ရုံးမှ ဒေါ်သီရိ (ကြေးပြားများ လက်ခံသူအမည်) ရုတ်တရက်ပျောက်ဆုံး။
၆။ ဆောင်ရွက်ချက်အားလုံးသည် မစ်္စတာ   ဂလင်းဖို့ဒ်၏ ညွှန်ကြားချက်များသာဖြစ် သည်။ အခြေအနေမကောင်းမှန်းသိချိန် တွင် ၎င်းင်းနှင့် ဒေါ်သီရိတို့ ပျောက်ဆုံး (တိမ်းရှောင်သွားဟု ယူဆရ) ချိန်တွင် ယခုအချုပ်ကျနေသူ (၂) ဦးမှာ လုံလောက်  အချိန်ရရှိပါလျက်၊ မိမိတို့၏ ရိုးဖြောင့် သော စိတ်ပေါ်တွင် မူတည်လျက် လက် ရှိနေရာတွင်ပင် တာဝန်ထမ်းဆောင်လျက်  ရှိ။
၇။ ဤမျှ ကြီးကျယ်သော လုပ်ဆောင်မှု  ကြီးအား အချုပ်ကျနေသူ (၂) ဦး အနေ ဖြင့် မည်သို့မျှ ပတ်သက်ခြင်း မရှိနိုင်သလို၊ ၎င်းင်းတို့အားဖြင့်လည်း မည်သို့မျှမဆောင် ရွက်နိုင် (ရိုးရိုးတွေးကြည့်လျှင် ရနိုင်)။

အောင်လောကီး
From -HotNewsJournal

No comments:

Post a Comment