Monday, September 24, 2012

ဖရန့်ဖတ် - ရန်ကုန် ပထမဆုံး ဥရောပ လေကြောင်း ခရီးစဉ် တိုက်ရိုက် ပြေးဆွဲမည်


ရန်ကုန် စက်တင်ဘာ ၁၉

၇ျာမနီနိုင်ငံ စီးပွားရေးအချက်အချာမြိုဖြစ်သည့် ဖရန့်ဖက်မြို့နှင့် ရန်ကုန်မြို့အား ပထမဆုံးတိုက်ရိုက်ပြေးဆွဲမည့် ဂျာမနီနိုင်ငံမှ Condor လေကြောင်းလိုင်းသည် နိုဝင်ဘာ ၆ ရက်နေ့တွင် ဂျာမနီဖရန့်ဖက်မြို့မှ ရန်ကုန်မြို့သို့ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Condor လေကြောင်းလိုင်း မြန်မာပြည်ကိုယ်စားလှယ် Myanmar Aviation Ce

ntre မှ အထွေထွေမန်နေဂျာ မဆွေဆွေလွင်က ပြောကြားသည်။

ခရီးသည် ၂၆၈ ဦးဆံ့ ဘိုးရင်း 767-300ER လေယာဉ်ဖြင့်ပြေးဆွဲမည့် ဖရန့်ဖတ်-ရန်ကုန် လေကြောင်းခရီးစဉ်ကို တပတ်တစ်ကြိမ်ပြေးဆွဲပေးမည်ဖြစ်ကာ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၏နာမည်ကျော် ဖူးခတ်ကမ်းခြေတွင် ခရီးတစ်ထောက်နားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

" ဖူးခက်မှာ တထောက်နားတယ် ဆိုတာက Via Phuket ပါ။ရန်ကုန်-ဖူးခက် ခရီးစဉ်ကျမှပါ " ဟု ၄င်းကဆိုသည်။

အသွားအပြန် ၁၀ နာရီကျော် ခန့်ကြာမြင့်မည့် ယင်းခရီးစဉ်တွင် ရန်ကုန်-ဖရန့်ဖတ် အသွားအပြန် Economy Class အတွက် အမေရိကန်ဒေါ်လာ 1000 အောက်ခန့်ကျသင့်မည်ဖြစ်ကြောင်း၊၄င်းက ရှင်းပြသည်။

နိုဝင်ဘာ ၆ ရက်နေ့တွင်စတင်ပျံသန်းမည့် ဖရန့်ဖတ်-ရန်ကုန် လေယာဉ်သည် နိုဝင်ဘာ ၇ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် ဖရန့်ဖတ်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ် ကြောင်း၊ရန်ကုန်မြို့မှ ဖရန်ဖတ်မြို့သို့ အပတ်စဉ် ဗုဒဟူးနေ့တိုင်း လေယာဉ်ခရီးစဉ်ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း Myanmar Aviation Centre ၊Ticketing & Reservatin မှ တာဝန်ရှိသူ ဒေါ်ခင်စံပယ်အောင်က ပြောကြားသည်။

လေယာဉ်အတွင်း Economy Class၊ Premium Economy Class ၊ Business Class ဟူ၍ Class သုံးမျိုးခွဲထားပြီး Business Class သည် ဈေးနှုန်းအမြင့်ဆုံးဖြစ်ကာ ထိုင်ခုံ 18 ခုံသာပါဝင်ကြောင်း Condor လေကြောင်းလိုင်း၏ ထုတ်ပြန်ချက် များတွင် ဖော်ပြပါရှိသည်။
From -TheVoiceWeekly

No comments:

Post a Comment