၂၀၁၂ စက်တင်ဘာလ ၁၆ ရက် တွင် ၈၈ မျိုး ဆက်ကျောင်းသား များ ဖြစ်သော ကိုမင်းကိုနိုင်၊ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုသက်ဇော် နှင့်ကိုမာကီ တို့၅ ယောက် သည် ကချင်ပြည်နယ်ဖားကန့်ဒေသ သို့ ငြိမချမ်းရေး ခရီအဖြစ်သွားခဲ့ပါသ ည်။ လမ်းတလျှောက် KIA အဖွဲ့ဝင် များနှင့် တရင်း တနှီး နုတ်ဆက် စကားများ ပြောခဲ့ပြီး လုံးခင်အ၀င်နားတွင် ထောင်နဲချီသော ပြည်သူများ ကြိုဆိုခဲ့ကြသည်။ထိုမှတဆင့် IDP camp များသို့သွားကာ ဒုက္ခသည်များအား အားပေးစကားပြောခဲ့သည်။ အလုငွေများလည်းပေးခဲ့သည်။
“ကျောက်မက်ရတနာကျောက်စိမ်းတွေ ဒီလောက်ထွက်တဲ့ နေရာမှာ လာရတဲ့လမ်းက
ကျွန်တော်ဘ၀မှာ သွားခဲ့ဖူးတဲ့ လမ်းတွေထဲက အဆိုးဆုံးပဲ၊
အခုလဲဒီဖားကန့်ဒေသမှာ ဘုရားကျောင်း ခေါင်းလောင် သံတွေ
ကျောင်းခေါင်းလောင်းသံတွေ ကြားချင်တယ်၊ ဖားကန့်ဒေသ သေနတ်သံတွေ ငြီမ်းပါစေ၊
ကချင်
ပြည်နယ် သေနတ်သံတွေ ငြိမ်းပါစေ” ဟု ပြည်သူများ အား မိန့်ခွန့်အားပေးစကား ပြောခဲ့ပါသည်။
၁၉ ရက်နေ့မှ မြစ်ကြီးနားကို ပြန်လာမည် သည်။

No comments:
Post a Comment