Monday, September 17, 2012

တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်

တရုတ်အစိုးရအနေဖြင့်လူကုန်ကူးမှု လမ်းကြောင်းအားအနည်းငယ် ဖွင့်ပေး ထားကြောင်းသိရသည့်အတွက်မြန်မာနိုင်ငံ သူနိုင်ငံ သားများ ၏လုံခြုံရေးကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းရန် အရေးကြီး လာကြောင်း မြန်မာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုး က ပြောသည်။
တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည် အစိုးရချမှတ်ထားသော One Child ပေါ်လစီကြောင့် အိမ်ထောင်သည်အများစု ကလေးယူရာ တွင်ယောက်ျားလေးသာ အယူများနေခြင်းကြောင့် တရုတ်ပြည်တွင် သတို့သမီးသန်း၂ဝဝ)ဝန်းကျင် လိုအပ် လျှက်ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေ ရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

မြန်မာနိုင်ငံမှနေ၍ အခြားနိုင်ငံများသို့ လူကုန်ကူးခံရမှုတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရခြင်းမှာ အများ ဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုမှစာရင်းများအရ သိရသည်။

ထိုသို့ ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရမှုသူများတွင် အမျိုးသမီးရာခိုင်နှုန်းမှာ (၈၅)ရာခိုင်နှုန်း ရှိနေကြောင်းကိုလည်း သိရှိရသည်။

လူကုန်ကူးမှုတွင် ပုံစံခုနစ်မျိုးရှိရာ အများဆုံးဖြစ်ပွားနေသည့်ပုံစံမှာ အဓမ္မထိမ်းမြားလက်ထပ်ခြင်းဖြစ်ပြီး၊ လိင်လုပ်သားအဖြစ် အလုပ်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများမှာ နောက်ဆက်တွဲပြဿနာများ အဖြစ် ရှိနေကြောင်း သိရသည်။

''ဒီလို အမျိုးသမီးတွေ လူကုန်ကူးခံနေရတာနဲ့ပတ်သက်ပြီး ပညာပေးတွေ အခုထက်ပို ပြီး လုပ်ဆောင် သင့်တယ်၊ ရန်ကုန်တင်မကဘူး နယ်တွေဘက်ကိုလည်းလုပ်ရမယ်၊အစိုးရပိုင်း အနေနဲ့လည်း နယ်စပ်တွေမှာသေချာ စိစစ်ပြီးအလုပ်နဲ့သွားတာလား၊ လူကုန်ကူးခံရသူအဖြစ်နဲ့သွားတာလားဆို တာတွေသေချာစိစစ်သင့်တယ်''ဟုဒီချုပ်ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဒေါ်ဖြူဖြူသင်း က ပြောသည်။

မြန်မာနိုင်ငံမှနေ၍တရုတ်ပြည်သို့လူကုန်ကူးခံရသူများအားနေရပ်သို့ပြန်လည်နေရာချထားပေးနိုင်သူအရေ အတွက်မှာ ၂ဝ၁၂ခုနှစ် မေလအထိ (၇၈ဝ)ဦးရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ (၄၈၃)ဦးနှင့်အင်ဒိုနီးရှားနိုင်ငံမှ (၁၆)ဦးရှိကြောင်း သိရှိရသည်။

လူကုန်ကူးခံရသူများတွင် ၈၅ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သကဲ့သို့ လူကုန်ကူးမှုတရားခံများ တွင်လည်း အမျိုးသမီးများမှာ (၆၅)ရာခိုင်နှုန်းရှိကြောင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို၏ စစ်တမ်းများအရ သိရသည်။

From- မြစ်မခမီဒီယာ

No comments:

Post a Comment