Wednesday, September 19, 2012

အမေရိကန်နည်းပညာဖြင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်တစ်လျှောက် တန်ဖိုးနည်းအိမ်ရာဆောက်မည်

ယခုနှစ်ပိုင်းမှစတင်၍ ဧရာဝတီနှင့် ချစ်တွင်းမြစ်ကြောင်းတစ်လျှောက်တွင် တန်ဖိုးနည်းအိမ်ရာ အလုံး ၂၀၀၀၀ ကို အမေရိကန်နည်းပညာသုံး၍ သုံးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီနှင့် ချင်တွင်းမြစ်ကြောင်းတစ်လျှောက်ရှိ တန်ဖိုးနည်းအိမ်ရာများကို ရေစကြိုကစတင်၍ ဆောက်လုပ်သွားမည်ဖြစ်ပြီး တန်ဖိုးနည်း အိမ်တစ်လုံးလျှင် မြေတန်ဖိုးမပါ ကျပ်သိန်း ၁၀၀ အောက်ရှိမည်ဖြစ်ပြီး ယင်းအိမ်များတွင် အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် Housing Meterial များကို တင်သွင်း၍ PDI နည်းပညာများဖြင့် မီးလောင်ကျွမ်းမှုများကိုကာကွယ်၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံရဲ့ PDI နည်းပညာကိုသုံးမှာဆိုတော့ မီးလုံးဝမလောင်ဘူး။ အထုအထောင်းလည်း တော်တော်ကိုခံနိုင်တယ်။ ဒေသတွင်းနိုင်ငံ တွေမှာလည်း တော်တော်ကို သုံးနေကြပါပြီ။ ခုနည်းပညာကို မြန်မာနိုင်ငံမှာ ပထမဆုံးသုံးပြီးတော့ တန်ဖိုးနည်းအိမ်ရာတည်ဆောက်သွားမှာပါ။ ဒီလို မဆောက်ခင်မှာ ဖြစ်နိုင်ခြေရှိနိုင်မယ့်အရာတွေကို အရင်ဆုံးလေ့လာသွားမှာပါ”ပာု တာဝန်ယူတည်ဆောက်မည့် Gold Cycle Engineering & Project International Co.,Ltd. မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတန်ဖိုးနည်းအိမ်ရာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တစ်လျောက် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်သွားရခြင်းဖြစ်ကြောင်း သိရသည်။
“မြစ်ကမ်းနားမှာ အထပ်မြင့် မဆောက်သင့်ဘူး။ မြစ်က အမြဲတမ်း ပြောင်းနေတဲ့အတွက် မြစ်ကြောင်းအနေအထားပေါ် မူတည်ပြီး ဘယ်လို ဆောက်သင့်တယ်ဆိုတာ ကျွမ်းကျင်တဲ့သူတွေရဲ့ အကြံဉာဏ်ကို ယူသင့်တယ်။ ကမ်းထိန်းနံရံလုပ်ပြီး ကမ်းကို ကြိုတင်ကာကွယ်ပြီးမှ ဆောက်တာ အကောင်းဆုံးပဲ”ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးကပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Flower News ဂျာနယ်တွင် ဖော်ပြပါရှိ သည်။
ဧရာဝတီမြစ်နှင့် ချစ်တွင်းမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို Forever Chindwin Ayeyar မဟာစီမံကိန်းအဖြစ် Gold Cycle ကုမ္ပဏီလီမိတက်မှ ၂၅ နှစ်ကြာ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Flower News ဂျာနယ်တွင် ဖော်ပြပါရှိသည်။
                     Ref:Flower News   

No comments:

Post a Comment