Sunday, September 23, 2012

ဆေးထိုးအပ်မလိုအပ်ဘဲ အာထရာဆောင်းဓါတ်မှန်နှင့် ဆေးသွင်းနိုင်ပြီ

အမေရိကန်ပြည်ထောင်စု မက် ဆက်ချူးဆက် နည်းပညာတက္ကသိုလ် (MIT) အင်ဂျင်နီယာများက ခန္ဓာ ကိုယ်တွင်းသို့ ဆေးသွင်းနိုင်မည့် နည်းပညာသစ်တစ်မျိုး တွေ့ရှိခဲ့ကြ သည်။ အာထရာဆောင်းဓါတ်မှန်ကို အသုံးပြု၍ ဆေးထိုးအပ်မလိုဘဲ အရေပြား ဖြတ်ကျော်ဆေးသွင်းနိုင်တော့ မည် ဖြစ်သည်။

အာထရာဆောင်းဓါတ်မှန် သည် အသံလှိုင်းများဖြင့်အလုပ်လုပ်သည်။ လူတို့ကြားနိုင်သော အသံလှိုင်းထက် ကြိမ်နှုန်း (Frequency) ပိုများ၍ Ultrasound ဟုခေါ်ခြင်းဖြစ်သည်။ အာထရာဆောင်းအသံလှိုင်းသည် လူ့အရေပြားနှင့်ထိတွေ့သောအခါ အရေပြားအပေါ်ယံအလွှာကို ခေတ္တ ဖယ်ရှားပေးနိုင်သည်။ ဤသို့ဖြင့် နာ ကျင်မှုကင်းမဲ့စွာ အရေပြား၏ စိမ့်ဝင် နိုင်စွမ်းခေတ္တအားကောင်းလာသည်။

စတီးရွိုက်လိမ်းဆေးများ၊ အင်ဆူ လင်ကဲ့သို့ထိုးဆေးများ၊ ကာကွယ်ဆေး များ စသည့်ဆေးများကို အာထရာ ဆောင်းနှင့်ထိုးသွင်းနိုင်တော့မည်ဖြစ် ကြောင်းသုတေသီများကဆိုသည်။

သုတေသနတွင် အာထရာ ဆောင်း အသံလှိုင်းနှစ်မျိုး အသုံးပြုခဲ့သည်။ MIT ၏ထုတ်ပြန်ချက်အရ အသံလှိုင်း တစ်မျိုးတည်းအသုံးပြုသည်ထက် ကြိမ်နှုန်းမြင့်၊ ကြိမ်နှုန်းနိမ့် အသံလှိုင်း နှစ်မျိုးရောယှက်အ သုံးပြုခြင်းက ဆေးများ အရေပြားဖြတ်ကျော်ဝင် ရောက်နိုင်စွမ်း ပိုမိုကောင်းမွန်ကြောင်း သိရသည်။

ဇော်ကို

Source: IANS
 
From-Health Updates Journal

No comments:

Post a Comment