Sunday, September 23, 2012

ရိုဟင်ဂျာတိုင်းရင်းသား ဟုတ်မဟုတ်ကို တရားဥပဒေအရ လွှတ်တော်က ဆုံးဖြတ်မည်ြ

နိုင်ငံတော်က ရိုဟင်ဂျာတိုင်းရင်းသားဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြားထားသောကြောင့် ရိုဟင်ဂျာဟုခေါ်ဝေါ်သုံးနှုန်းရန်ဆွေးနွေးချက်ကို ငြင်းဆန်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထော င်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ဆွေးနွေးပွဲ တွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဒေါ်အေးနုစိန်၏ ဆွေးနွေးချက်အား ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် အမျိုးသားဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေး ပါတီ မှပြောရေးဆိုခွင့်ရှိသူ ဦးစောလွင် ခေါ် ဦးစလင်းက ရခိုင်ကိုယ်စားလှယ်များဆွေးနွေးချက်ကိုကန့်ကွက်ကြောင်း တိုင်းရင်းသားဟုတ်မဟုတ်ကို တရားဥပဒေအရ လွှတ်တော်က ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
 From -7DayNewsJournal

No comments:

Post a Comment