Wednesday, September 12, 2012

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း စတုထ္တအကြိမ် အလှူငွေပေးအပ်ပွဲ ကျင်းပ

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၏ စတုထ္တအကြိမ် အလှူငွေပေးအပ်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၂ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။ယင်းအလှူငွေပေးအပ်ပွဲအခမ်းအနားတွင် လက်ရှိအကျဉ်းကျ ခံနေရသော နိုင်ငံရေးအကျဉ်းသား သုံးဦးဖြစ်သည့် ကိုမျိုးသန့်၊ ကိုသန်းဇော်(ခ) ကျီးကန်းနှင့်  မောင်မောင်သန်းရွှေတို့နှင့်အတူ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၃ ဦးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း လူငယ်ဘုံရိပ်သာများသို့ အလှူငွေ စုစုပေါင်း (၆၆) သိန်းအား ပေးအပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းသည် ယခင်က ပထမအကြိမ်အဖြစ် လက်ရှိ နိုင်ငံရေးအကျဉ်းသား (၃) ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘ၀တူ စာနယ်ဇင်းသမား (၅) ဦးတို့အား ထောက်ပံ့ငွေ (၃၄) သိန်း၊ ဒုတိယအကြိမ်အဖြစ် လက်ရှိနိုင်ငံရေးအကျဉ်းသား (၂)ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့်ဘ၀တူ စာနယ်ဇင်းသမား (၉) ဦးတို့အား ထောက်ပံ့ငွေ (၄၂)သိန်း၊ တတိယအကြိမ်အဖြစ် လက်ရှိ နိုင်ငံရေးအကျဉ်းသား (၃) ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘ၀တူ စာနယ်ဇင်းသမား (၁၂) ဦးအား ထောက်ပံ့ငွေ သိန်း (၆၀) စုစုပေါင်း (၁၃၆) သိန်း ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းအတွက်ရံပုံ ငွေထူထောင်ရာတွင် အဓိက၀င်ငွေ ရလမ်းတစ်ခုအဖြစ် ''ဟံသာဝတီ ဦးဝင်းတင်၏ ရေးသားထုတ်ဝေ ပြီးသော စာအုပ်စာတမ်းများ၊ အသံ သွင်းတိပ်ခွေ၊ ဗီစီဒီနှင့်အခြားထုတ် လွှင့်ချက်များ စသည့် မူပိုင်အခွင့်အရေးတို့မှ ရရှိမည့်ဝင်ငွေရလမ်းများ''ဟု ဖော်ပြပါရှိခဲ့ကြောင်း၊ ထိုသို့ ဖော်ပြပါရှိခဲ့သည့်အတိုင်း ဖောင်ဒေးရှင်း၏ နာယကဖြစ်သည့် ဟံသာဝတီဦးဝင်းတင်က ၎င်းရေးသား ထုတ်ဝေပြီးသော စာအုပ်စာတမ်းများနှင့် ရေးသားထုတ်ဝေမည့် စာအုပ်စာတမ်းများ၊ အသံသွင်းတိပ်ခွေ၊ ဗီစီဒီနှင့် အခြားထုတ်လွှင့်ချက်များ စသည့်မူပိုင်အခွင့်အရေးတို့မှ ရရှိသည့်ဝင်ငွေအားလုံးကို ဤဖောင်ဒေးရှင်းသို့ လှူဒါန်းလိုက်ကြောင်း ယနေ့ကျင်းပသည့်အလှူပွဲ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
From-ElevenMediaGroup

No comments:

Post a Comment