Wednesday, September 12, 2012

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား လေကြောင်းကုန်စည် ထောက်ပံ့ပို့ဆောင်ရေးဆုံရပ် လေဆိပ်တစ်ခုအဖြစ် လုပ်ဆောင်မည်

                                                      မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်အား လေကြောင်း ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးဆုံရပ် Airport Logistic Hubအဖြစ် လုပ်ဆောင်ရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။


ယင်းသို့လေကြောင်း ကုန်စည်ထောက်ပံ့ရေးဆုံရပ် လေဆိပ်တစ်ခုအဖြစ် လုပ်ဆောင်ရာတွင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူလုပ်ကိုင်သွားမည်ဖြစ်သည်။ ယင်းသို့ တင်ဒါခေါ်ယူနိုင်ရန် လျှောက်ထားသည့် ကုမ္ပဏီများအား အကြိုအရည်အချင်း စစ်ဆေးသည့် လျှောက်လွှာအား စက်တင်ဘာလ ၁၂ရက်နေ့က စတင်ခေါ်ယူခဲ့သည်။
လေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွင် ကုန်တင်လေယာဉ်ကြီးများ တိုက်ရိုက်ဆင်း သက်ကာလေကြောင်း ကုန်စည်ထောက်ပံ့ရေးဆုံရပ်အဖြစ် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အား အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
'စီးပွားရေးအရ အချက်အချာကျတဲ့ မန္တလေးလေဆိပ်ကနေ ပြည်ပနိုင်ငံတွေကို လေကြောင်းကုန်စည်တွေ တိုက်ရိုက်တင်ပို့နိုင်တဲ့ လေဆိပ်ကြီးတစ်ခုဖြစ်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်' ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များအား အကြိုအရည်ချင်းစစ်ဆေးသည့် လျှောက်လွှာခေါ်ယူရာတွင် လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး Master Plan ၊ ခရီးသည်များအတွက် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ လေဆိပ်အဆောက်ဦ အတွင်းနှင့် အပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနှင့် Master Plan တွင် ထည့်သွင်းရေးဆွဲထားချက်အရ အနာဂတ်တွင် လိုအပ်သည့် လေဆိပ်အဆောက်အုံ တိုးချဲ့ခြင်း၊ လေယာဉ်ရပ်နားသည့်နေရာ တိုးချဲ့ခြင်းများပါဝင်သည့် လုပ်ငန်းစဉ် ၈ ချက်အား ထည့်သွင်းခေါ်ယူခဲ့သည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် သက်ဆိုင်သည့် အချက်အလက်များ
၁။ လေဆိပ်အဖြစ်သတ်မှတ်ထားသည့် အကျယ်အ၀န်းဧရိယာ ၂၇၅၄၄.၇၃ဧကရှိ
၂။ လက်ရှိလေဆိပ်အဆောက်ဦးနှင့် ပြေးလမ်းအဖြစ် အသုံးပြုနေသည့်ဧရိယာ ၃၆၈၂ဧကရှိ
၃။ လေဆိပ်အဆောက်ဦးနှင့် ဆက်စပ်လုပ်ငန်းများအား ၁၉၉၄ခုနှစ်၊ မတ်လက Italian-Thai Development Public ကုမ္ပဏီမှ အမေရိကန်ဒေါ်လာသန်း ၁၅၀ အကုန်ကျခံ တည်ဆောက်ခဲ့။
၎။ ပြေးလမ်းနှင့် ဆက်စပ်လုပ်ငန်းများအား ပြည်သူ့ဆောက်လုပ်ရေးမှ ၁၉၉၆ခုနှစ်၊ မတ်လတွင် မြန်မာကျပ်ငွေ သန်းပေါင်း ၈၀၄၉.၅၂ သန်း အကုန်ကျခံတည်ဆောက်ခဲ့။
၅။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၁၇.၉.၂၀၀၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့။
From -ElevenMediaGroup

No comments:

Post a Comment