From- The Voice Weekly
မုံရွာ ဘက်ကမ်းမှ လူဦးရေ ၁၀၀ နီးပါးခန့်ယင်းပွဲတွင် ပါဝင်ခဲ့ကြပြီး
ချင်းတွင်းမြစ် တစ်ဖက်ကမ်းမှလယ်သိမ်း ခံတောင်သူ ၃၀၀ ခန့်က တူညီတီရှပ်များ
ဝတ်ဆင်၍ မုံရွာဘက်ကမ်းသို့ကူးရန် လာခဲ့သော်လည်း ညောင်ပင် ကြီး ဆိပ်ကမ်းတွင် စက်လှေများ ရုတ်တရက် လိုင်းပိတ်လိုက်သည့် အတွက် မုံရွာဘက်ကမ်းသို့ လာရောက်နိုင်ခြင်း မရှိကြောင်း မုံရွာမြို့ခံများက ပြောကြားသည်။
"ဒီဘက်ကမ်းကနေ အလုပ်ပြန်မယ့် အလုပ်သမားတွေလည်း စက်လှေတွေ ပိတ်ထားတော့
ပြန်လို့မရ ဘူးဖြစ် သွားတယ်။ ၆နာရီ ထိုးလောက်မှာတော့ မုံရွာဘက်ကမ်းက
စက်လှေတွေပြန် ထွက်ခွင့်ပေးလိုက်ပေ မယ့် အနောက်ဘက်ကမ်းက စက်လှေတွေ ထွက်လာတာ
တော့ မမြင်မိသေးဘူး"ဟု ယင်းတာရိုးပေါ် တွင် ရောက်ရှိနေသူ တစ်ဦးက
ပြောကြားသည်။

No comments:
Post a Comment