Tuesday, September 11, 2012

မြင်းခြံဒီချုပ် ပါတီဝင်ဖြစ်ရေး ဘက်လိုက်မှုရှိနေ



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဝင်အသိအမှတ်ပြု စိစစ်ရေးအဖွဲ့က မြင်းခြံ ပါတီဝင် ချထားရေးတွင် အပေးအယူလုပ် ပြီး ဘက်လိုက် ချစားထားမှုဖြစ် ပေါ်နေ၍ စည်းရုံးရေး အခက် တွေ့နေ သည်ဟု မြင်းခြံဒီချုပ် မှ ဆရာဦးအေးလွင်က ပြောပြ သည်။
မြင်းခြံဒီချုပ်ပါတီဝင် စိစစ် ရေးအဖွဲ့ဝင်တစ်ဦးကမူ ဗဟိုသို့ ၂၀၁၂ ဇန်န၀ါရီလက ပါတီဝင် (၃၀၀) လျှောက်လွှာစောစီးစွာ တင်ခဲ့ရာ နောက်ကျရောက်လာ သော ပါတီဝင် (၇၀၀၀)အား ပါတီဝင်အသိအမှတ်ပြုပေး၍ ယင်းပြဿနာ ပေါ်ရသည်ဆို သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(ရန်ကုန်)ဗဟိုတွင် ပါတီဝင် စိစစ်ချထားရေး၌ ဟိုတယ်တက် ကျွေးမွေး ဧည့်ခံနိုင်မှု ငွေကြေး လက်ဆောင်ပံ့ပိုးမှုများ ဖြစ်ပေါ် နေသည်ဟု မြင်းခြံပါတီဝင်ထု ကြား နာမည်ထွက်နေသည် ဆို၏။ ပါတီဥက်္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် သိသာရန် ယင်း ပြဿနာတင်ပြရန်လည်း ပြင်ဆင် နေကြသည်။
မြင်းခြံတွင် ဒီချုပ်ပါတီဝင် ဖြစ်ရေးကို နှစ်ဖွဲ့ကွဲကာ တင်ပြ နေရာတွင် ငွေကြေးလက်ဆောင် အကျွေးအမွေး ဧည့်ခံပေးနိုင် သောအဖွဲ့က အသာစီးရနေ သည်ဟု မြင်းခြံဒီချုပ်ပါတီဝင် များက သုံးသပ်သည်။ ပါတီဗဟို ၏ ဘက်လိုက်ခြစားမှုကို မကျေ မနပ် ဖြစ်နေကြသည်။ မြင်းခြံ တာဝန်ခံဒီချုပ်ကမူ သတ်မှတ် စည်းကမ်းနှင့်အတူ တင်ပြစောင့် ကြည့်မည်ဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူအများက ““အမေစု””ကို ချစ်ကြပါသည်။ အမေစုကို ချစ် သောပြည်သူတိုင်းသည် အမေစု ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီတွင် ပါတီဝင်လျှောက် လွှာတင်၍ အဖွဲ့ဝင်အဖြစ် ခံယူ ကြပါသည်။
ပြည်သူ၏ လေးစားကြည် ညိုမှုကို အခွင့်ကောင်းယူလျက် လျှောက်လွှာဓာတ်ပုံများ အခမဲ့ ဆောင်ရွက်ပေးခြင်း၊ နည်းအမျိုး မျိုး မက်လုံးပေးခြင်းတို့ဖြင့် မြင်းခြံြိမို့ရှိ လူတစ်စုက ပါတီဝင်အင် အား များပြားမှုအတွက် ကိုယ် ကျိုးမျှော်မှန်းမှုဖြင့် မတရားသော နည်းလမ်းစုံသုံး၍ ဆောင်ရွက် နေကြပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(ဗဟို)ပါတီဝင်ကတ် စိစစ် ထုတ်ပေးရေးအဖွဲ့နှင့် ဆက်သွယ် ကာ ပါတီဝင်နံပါတ် အစောပိုင်း ဖြစ်သော ပါတီဝင်ကတ်များ မတရားရယူလျက်ရှိပါသည်။
အဖွဲ့ချုပ်မှ ချမှတ်ထား သော ပါတီစည်းမျဉ်းများ၊ ရွေး ကောက်ပွဲကော်မရှင်၏ နည်း ဥပဒေများကို လိုက်နာလျက် တရားဝင်ဖွင့်လှစ်ထားသော မြင်း ခြံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ပေးပို့သည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက လျှောက် ထားသောပါတီဝင် လျှောက်လွှာ များမှာ ပါတီဝင်ကတ်ရရှိရေး နှောင့်နှေးခက်ခဲလျက်ရှိပါသည်။
မတရားနည်းဖြင့်ဆောင်ရွက် သော အထက်ပါလူတစ်စုက ပေး ပို့သည့် အမှတ်စဉ်နှင့် ကာလ နောက်ကျသော ပါတီဝင်လျှောက် လွှာများကို ရန်ကုန်မြို့တွင် သီး သန့်ငှားထားသော အခန်းကို အသုံးပြုလျက် ပါတီဝင်ကတ်နှင့် နံပါတ်(၇၀၀၀)ရရှိသည်အထိ ဗဟိုမှ ပါတီဝင်ကတ်စိစစ်ထုတ် ပေးရေးအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပါသည်။
တရားဝင်ဖွင့်လှစ်ထားသော မြင်းခြံမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရုံးမှ ပေးပို့သည့် လျှောက်လွှာများမှာ အစောဆုံး ဖြစ်သော်လည်း အဖွဲ့ဝင်နံပါတ် (၇၀၀၀)ကျော်ပြီးမှ အဖွဲ့ဝင်ကတ် နှင့် အဖွဲ့ဝင်နံပါတ်များ ရနိုင်မည် ဖြစ်ပါသည်။ ပါတီဝင်ကတ် ချထားသောအဖွဲ့၏ လုပ်ဆောင် မှုဖြစ်ပါသည်။
ထိုသို့ မတရားလုပ်ဆောင် ချက်များသည် ပါတီစည်းလုံး ညီညွတ်ရေးပျက်ပြား၍ ပါတီ၏ ဂုဏ်သိက်္ခာကို ထိပါးစေသော လုပ်ရပ်များဖြစ်ပါသည်။ အခြေ အနေအကြောင်းမှန်ကို သက်သေ အခိုင်အမာရှိပြီးမှ တင်ပြခြင်း ဖြစ် ပါသည်။
တန်ဖိုးအနှစ်သာရပြည့်ဝ လျက် ဂုဏ်သိက်္ခာကြီးမားသော ပါတီဝင်ကတ်နှင့် ပါတီဝင်နံပါတ် များ အမှန်ဖြစ်ရေးအတွက် ““အမေစု””ကိုယ်တိုင်လမ်းညွှန်ပေး နိုင်ရန် လေးစားစွာ တင်ပြအပ်ပါ သည်။ မတရားမှုတစ်ခုပြုလုပ်သူ သည် စဉ်ဆက်မပြတ် မတရားမှု၊ မမှန်ကန်မှုပြုလုပ်ရန် ၀န်လေး တော့မည် မဟုတ်ပါခင်ဗျာ။
ကျွန်တော်၏ တောင်းဆို တင်ပြမှုများသည် မမှန်မကန် မရိုးမသားဖြစ်ပါက ပါတီဝင် အဖြစ်မှ ထုတ်ပယ်၍ ပါတီစည်း ကမ်းအရ ထိရောက်စွာအရေးယူ နိုင်ကြောင်း ၀န်ခံကတိပြုပါသည်။

ဟင်္သာ(တောင်တွင်းကြီး)
From -HotNewsJournal

No comments:

Post a Comment