Wednesday, September 5, 2012

''နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်ရရှိမှု

''နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်ရရှိမှု စွမ်းအားတွေရဖို့ ပြည်တွင်းအသေးစားနဲ့ အလတ်စားလုပ်ငန်းတွေမှာ လိုအပ်ချက်ရှိတယ်။ ဒီသုံးမျိုးလက်ဝယ်ရှိတဲ့သူတွေနဲ့ ပူးတွဲဆောင်ရွက်မှ ဒီကွက်လပ်ဖြည့်နိုင်မယ်။ အဲဒီ အားနည်းချက် သုံးခုကြောင့် တိုးတက်ဖို့ ဖြစ်နိုင်ခြေနည်းနေတယ်။ နိုင်ငံခြား လုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်မှ တိုးတက်နိုင်ပါမယ်''ဟု ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောကြားပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် လူမှုအဆင့်အတန်း အဆင့်မြှင့်နိုင်ရန် အဓိကကျပြီး လူ အများမျော်လင့်တောင့်တနေကြောင်း၊ ထိုသို့ ဖြည့်ဆည်းနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များ ဆောင်ရွက်ပေး ရန် တာဝန်ရှိပြီး ပြည်သူများ၏ လိုအင်ဆန္ဒများ ဖြည့်ဆည်းပေးရန် တာဝန်ရှိခြင်းကြောင့် တစ်ဦးတစ်ဖွဲ့တည်း လုပ်ကိုင်၍မရပါက နိုင်ငံခြားလုပ်ငန်းများနှင့် ပူးပေါင်းနိုင်မည့်နည်းလမ်းများ ရှာဖွေရမည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေအခြေခံ ကောင်းများ လိုအပ်ကြောင်း ဦးဝင်းအောင်က ဆိုပါသည်။

''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အတွက် မတည်ငွေရင်း အမေရိကန် ဒေါ်လာငါးသန်းသတ်မှတ်တာ ကျန်အာဆီယံကိုးနိုင်ငံထက် အများကြီး များနေတယ်။ အနည်းဆုံး ၁၂ ဆလောက်ကနေ ၁၅ ဆလောက်ထိ များနေတယ်။ မြန်မာက တစ်ပြေးညီသတ်မှတ်တဲ့အတွက် အာဆီယံနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အကန့်အသတ် ရှိနေတယ်''ဟု အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ ၀င် ဒေါက်တာဇော်ဦး က ထင်မြင်ချက်ပေးပါသည်။

ပြည်သူ့လွှတ်တော်တွင် အတည်ပြုပြီးဖြစ်သည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဥပဒေကြမ်းပါ မတည်ငွေရင်းနှင့် အကျိုးတူ ရင်းနှီးမြှုပ်နှံခွင့် အချိုးအစားကန့်သတ်မှုများသည် ပြည်တွင်းအသေးစားနှင့် အလတ်စား လုပ်ငန်များ ဖွံ့ဖြိုးရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ရေးတို့အတွက် အဟန့်အ တားဖြစ်စေကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (RUM FCCI) မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

No comments:

Post a Comment