Wednesday, September 5, 2012

ပြည်တွင်း ဓါတ်အား လိုအပ်ချက်များ အတွက် ၁၂၅ မဂ္ဂါဝပ် ဓါတ်အားပေးစက် ၂ လုံး တပ်ဆင် အသုံးပြုသွားမည် ပြည်တွင်း ဓါတ်အား လိုအပ်ချက်များ အတွက် ၁၂၅ မဂ္ဂါဝပ် ဓါတ်အားပေးစက် ၂ လုံး တပ်ဆင် အသုံးပြုသွားမည်



ပြည်တွင်းမှာ လိုအပ်တဲ့ ဓါတ်အားထက် လုံလောက်မှု မရှိပါက ဓါတ်အား လိုအပ်လျှင် အသုံးပြု နိုင်ဖို့ ထိုင်းနိုင်ငံမှ သဘာဝ ဓါတ်ငွေ့သုံး ၁၂၅ မဂ္ဂါဝပ်ဓါတ်အားပေး စက်နှစ်လုံးကို တပ်ဆင် သွားဖို့ရှိ တယ်လို့ သိရပါတယ်။ အခုလို တပ်ဆင်ဖို့မှု ကိုတော့ ရန်ကုန်မြို့မှာ တပ်ဆင်ဖို့ ဆောင်ရွက် နေတာ ဖြစ်ပြီး ယခုလက်ရှိမှာ အဆိုပါ စက်များ ထားရှိမယ့် နေရာတွေကို အသေးစိတ် ရွေးချယ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဓာတ်အားပေး စက်များကို ရန်ကုန်မြို့တွင်းမှာ တပ်ဆင်မှာ ဖြစ်ပေမယ့် မဟာဓါတ်အား လိုင်းထဲကို ထည့်သွင်း သွားမှာ ဖြစ်တဲ့အတွက် ဓါတ်အား လိုအပ်ချက်ရှိတဲ့ နေရာတွေမှာ အစားထိုး အသုံးပြု သွားနိုင်မှာ ဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။
အဲ့ဒီလို လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ စက်များ ပေးပို့မှု ကိုတော့ ထိုင်းနိုင်ငံ Electricity Generating Authority of  Thailand (EGAT) မှ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက် ၂ လုံးကို ပြောင်းရွှေ့ တပ်ဆင်မှာ ဖြစ်ပါတယ်။ ဒီလို တပ်ဆင်ရာမှာ ရန်ကုန်မှာ တပ်ဆင်မှု ကတော့ ပြည်တွင်းရဲ့ ဓါတ်အားလိုင်းများ အဓိကထား ရှိတဲ့ နေရာဟာ မြန်မာပြည်ရဲ့ မြောက်ပိုင်း ဒေသမှာ ရှိပြီး မြန်မာနိုင်ငံ တောင်ပိုင်း ဒေသမှာရှိတဲ့ ရန်ကုန်ကို ဓာတ်အားပို့လွှတ်တဲ့ အခါမှာ ဓါတ်အားလိုင်း ကြားမှာ unit Losses များအဖြစ် များတဲ့ အတွက် ယခုရောက်ရှိ လာမယ့် စက်နှစ်လုံးကို ရန်ကုန်မှာ တပ်ဆင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စက်တွေကို ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ လွှဲပြောင်း ပေးဖို့လည်း အသင့် ဖြစ်နေပြီ ဖြစ်တာကြောင့် အမြန်ဆုံး တပ်ဆင် နိုင်အောင် လိုအပ်ချက်များကို တာဝန်ရှိသူများ ဆွေးနွေး လျက်ရှိ တယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။


No comments:

Post a Comment