Friday, September 28, 2012

ရေတပ်စခန်းတစ်ခုအား တရားစွဲဆိုမှု အနောက်ပိုင်းခရိုင်တရားရုံး လက်ခံ

ရန်ကုန်၊ စက်တင်ဘာ ၂၈။
ဧရာဝတီတိုင်း ရေတပ်စခန်းဌာနချုပ် အမှတ် ၃၆ စစ်ရေယာဉ်အုပ်စုက မတရားသိမ်းယူထားသော အောင်သုခ စက်လှေအမှတ် (၁၆၂)ကို ပြန် လည်ရယူလိုမှုဖြင့် စက်လှေပိုင်ရှင်၏ တရားစွဲဆိုမှုအား အနောက်ပိုင်းခရိုင်တရားရုံးမှ စက်တင်ဘာ ၂၇ရက်တွင် စတင်လက်ခံလိုက်ပြီဖြစ်ကြောင်း တရား လိုဖြစ်သူ ဦးလေးနိုင်က ပြောကြားသည်။

အဆိုပါအမှုအား တရားမကြီးအမှုအမှတ် ၄၀၈/၂၀၁၂ဖြင့် လက်ခံလိုက်ခြင်းဖြစ်ပြီး တွဲဖက်ခရိုင်တရားသူကြီးဖြစ်သူ ဒေါ်ခင်မျိုးဟန်က အမှုစစ် ဆေးမည်ဖြစ်ကြောင်း၊ တရားလိုမှာ စက်လှေပိုင်ရှင် ဦးအေးမင်းထွန်း၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ တောင်ဥက္ကလာပမြို့နယ် (၂၀)ရပ်ကွက်နေ ဦးလေးနိုင်ဖြစ်ပြီး တရားပြိုင်မှာ ဗိုလ်မှူးမင်းသူ (တာဝန်ခံအရာရှိ အမှတ် ၃၆ စစ်ရေယာဉ်အုပ်စု ဧရာဝတီတိုင်းရေတပ်စခန်းဌာနချုပ် ဗိုလ်တထောင်မြို့ နယ်) ဖြစ်ကြောင်း တရားရုံးအမှုတွဲအရ သိရသည်။
"တရားရေးမဏ္ဍိုင်ကို ယုံကြည်လို့ တရားစွဲတာပါ"ဟု တရားလိုဖြစ်သူ ဦးလေးနိုင်က ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် (၃၆) စစ်ရေယာဉ်အုပ်စု တာဝန်ခံအရာရှိသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မအားလပ်သည့် အတွက် ဖြေကြားနိုင်ခြင်းမရှိကြောင်း အဆိုပါရေတပ်စခန်းဌာနချုပ်တွင် တာဝန်ကျသည့် တပ်ကြပ်ကြီးတစ်ဦးကသာ ဖြေကြားခဲ့သည်။
အဆိုပါ သိမ်းဆည်းထားသည့် အောင်သုခစက်လှေ အမှတ် (၁၆၂) အား ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း အမှုဖြစ် စဉ်မှာ ၎င်းတို့ဌာနချုပ်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဧရာဝတီတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ ဗိုလ်မှူးတစ်ဦးက ပြောကြားသည်။
၂၀၁၁ခုနှစ် နိုင်ဝင်ဘာလအတွင်း၌ ထိုရေယာဉ်အား ဆားနှင့် မီးသွေးများတင်ဆောင်လာသည်ကို အကြောင်းပြု၍ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရှိရပြီး ယင်းသို့ ဆားနှင့် မီးသွေးများတင်ဆောင်လာခြင်းအတွက်ကိုလည်း ထိုက်သင့်သည့်ပြစ်ဒဏ်များ ချမှတ်ပြီးခဲ့သော်လည်း အမှုနှင့် မသက်ဆိုင် သည့် အဆိုပါစက်လှေအား သိမ်းဆည်းထားခြင်းကြောင့်ဖြစ်ကြောင်း တရားရုံးအမှုတွဲအရ သိရသည်။
SWEET
From-Trana\sparencyMyanmarblog

No comments:

Post a Comment