Thursday, September 13, 2012

မြန်မာ့အလင်း သတင်းစာ ကို ရောင်စုံစာမျက်နှာ များဖြင့် အောက်တိုဘာ ၁ နေ့ စတင် ထုတ်ဝေမည်

ပြန့်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ မြန်မာ့အလင်း သတင်းစာကို အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး အဖြူအမည်းနဲ့ မဟုတ်တော့ဘဲ ရောင်စုံစာမျက်နှာ တွေနဲ့ ထုတ်ဝေသွားဖို့ ရှိနေပါတယ်။ မြန်မာ့အလင်း သတင်းစာရဲ့ စာမျက်နှာ ၁၆ မျက်နှာကို ရောင်စုံကာလာနဲ့ ပုံနှိပ် ထုတ်ဝေသွားမှာဖြစ်ပြီး ကြော်ငြာလေးမျက်နှာကို အဖြူအမည်းနဲ့ ထုတ်ဝေသွားမှာ လဲဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းက ကြေးမုံ၊ မြန်မာ့အလင်း၊ The New Light of Myanmar စတဲ့ နေ့စဉ်ထုတ် သတင်းစာတွေကို ထုတ်ဝေနေတာဖြစ်ပြီး ကြေးမုံနဲ့ The New Light of Myanmar တို့ကိုလည်း မကြာခင်မှာ ရောင်စုံအဖြစ် ထုတ်ဝေဖို့ရှိနေတာလဲဖြစ်ပါတယ်
From -DVB

No comments:

Post a Comment